ရိန်းဂျားတွေနဲ့အတူ အမိုက်စား ပိုစ့်တွေပေးတတ်နေကြတဲ့ ရှားပါးဂေါ်ရီလာတွေ

ခေတ်သစ် လူဘောင်အဖွဲ့အစည်းဟာ အခုဆို နည်မျိုးစုံနဲ့ ကမ္ဘာကြီးအပေါ် လွန်ကျူးနေတာတွေရှိနေပါတယ်။ အဲ့ဒီ့အထဲမှာ ကိုယ့်ကိုကိုယ် ကာကွယ်ခြင်းငှာ မတတ်စွမ်းတဲ့ တိရိစ္ဆာန်တွေကို လက်နက်တွေ၊ ကြမ်းတမ်းတဲ့ စိတ်တွေနဲ့ ထိခိုက်နေကြတာလည်း ပါဝင်ပါတယ်။ ဒီလို တရားမ၀င်တဲ့ နည်းလမ်းတွေနဲ့ ကမ္ဘာကို ဖျက်ဆီးနေကြတဲ့ သူတွေကို တိုက်ခိုက်ဆန့်ကျင်ပြီး တိရိစ္ဆာန်တွေကို အသက်စွန့် ကယ်ဆယ်နေတဲ့ သူတွေလည်းရှိနေပါသေးတယ်။

ဘယ်လောက်ပဲ ကမ္ဘာကြီးပေါ်မှာ အဆိုးတွေဖြစ်နေနေ လူသားချင်းစိတ်နာထောက်မှုကို ဖော်ဆောင်မြှင့်တင်နေသူတွေလည်း အများကြီးရှိနေပါတယ်။ အဲ့ဒီ့လူတွေထဲမှာ ကွန်ဂိုနိုင်ငံရှိ Virunga အမျိုးသား ဥယျာဉ်က ရိန်းဂျားဆိုတဲ့ လူတစ်ချို့လည်း ပါဝင်နေပါတယ်။

Virunga National Park

အဲ့ဒီ့ အမျိုးသားဥယျာဉ်ကြီးထဲမှာ ရိန်းဂျာတစ်ယောက် ဂေါ်ရီလာ နှစ်ကောင်နဲ့အတူ ပိုစ့်တွေပေးပြီး ရိုက်ထားတဲ့ ဓာတ်ပုံတစ်ပုံက အခုဆို ဆိုရှယ်မီဒီယာပေါ်မှာ တော်တော်ပျံ့နှံ့လျက်ရှိနေပါတယ်။

Virunga အမျိုးသားဥယျာဉ်ဟာ ယူနက်စကို(UNESCO) က သတ်မှတ်ထားတဲ့ ရှေးဟောင်းအမွေအနှစ်နေရာတွေထဲက တစ်နေရာဖြစ်ပြီး အယောက် (၆၀၀) သော ရိန်ဂျာတွေနဲ့ ဖွဲ့ထားတဲ့ အသင်းအဖွဲ့တစ်ခုနဲ့ ကာကွယ်ထားရှိပါတယ်။

Virunga National Park

အရင် ၄င်း နေရာဟာ လက်နက်ကိုင်အဖွဲ့အစည်းတွေ၊ စစ်ပွဲတွေနဲ့ ဝေဆာနေခဲ့ပြီး ဒေသခံလူတွေရော၊ သားရဲ တိရိစ္ဆာန်တွေရော အကုန်ထိခိုက်ပျက်စီးခဲ့ကြရပါတယ်။ ဂေါ်ရီလာတွေဆိုရင် တရားမ၀င် ခိုးဖမ်းခံရပြီး အစားအသာက်တွေဖြစ်စေ၊ ရိုးရာဆေးဖော်ဖို့ ဖြစ်စေ၊ အသားကုန်ဖလှယ်ဖို့ အတွက်ဖြစ်စေ စတဲ့ အကြောင်းအချက်တွေနဲ့ အသုံးချခံရပါတယ်။

READ
ကင်းလှည့်နေစဉ်အတွင်း ကိုကင်းသုံးနေခဲ့လို့ ဖမ်းဆီးခံလိုက်ရတဲ့ ရဲအရာရှိ

အဲ့ဒီ့အတွက် ကာကွယ်ဖို့ ရိန်းဂျားဆိုတာရှိလာခဲ့တာဖြစ်ပြီး သူတို့နဲ့ သနားစရာ တိရိစ္ဆာန်တို့ရဲ့ကြားမှာ ဆက်ဆံရေး ဘယ်လောက်ကြီးမားသလဲဆိုတာကို ဓာတ်ပုံထဲမှာ အရှင်းသား မြင်တွေ့ရမှာဖြစ်ပါတယ်။

Virunga National Park

သားရဲ တိရိစ္ဆာန် ပေါ်များတဲ့ ပန်းခြံကို ကာကွယ်ရပြီး အင်မတန် အန္တရာယ်များတဲ့ အလုပ်ကိုမှ ရွေးချယ်ခဲ့တဲ့ ရိန်းဂျားတွေဟာ အကုန်လုံး ထိရိန်နင်အပြင်းစားတွေ ဆင်းထားရတဲ့ သူတွေချည်းပါပဲ။ ရိန်းဂျားတွေအတွက် လှူဒါန်းမှုပြုချင်ရင်လည်း  ပန်းခြံရဲ့ ၀က်ဘ်ဆိုက်မှာ လှူဒါန်းနိုင်တယ်လို့ သိရပါတယ်။

Virunga အမျိုးသား ဥယျာဉ်ဟာ ကမ္ဘာ ဇီဝမျိုးကွဲ ကာကွယ် ထိန်းသိမ်းရေး ဧရိယာတစ်ခုဖြစ်ပြီး နို့တိုက် သတ္တ၀ါမျိုးစိတ် ၂၁၈ မျိုး၊ ငှက်မျိုးစိပ် ၇၀၆ မျိုး၊ တွာသွား ၁၀၉ မျိုး၊ ကုန်းနေရေနေ ၇၈ မျိုး၊ ပရိုင်းမိတ် ၂၂ မျိုးတို့ ကမ္ဘာတစ်ခုဖြစ်ပါတယ်။ ကမ္ဘာက အန္တရာယ်ရှိတယ်လို့ သတ်မှတ်ထားတဲ့ ဂေါ်ရီလာတွေလည်း ဥယျာဉ်ထဲမှာ ရှိပါတယ်။ ရိန်းဂျားတွေက နေ့တိုင်းမှာ ဘေးမဲ့ဧရိယာ လုံခြုံမှုရှိဖို့ဆောင်ရွက်ကြရပြီး အဲ့လို့ ဆောင်ရွက်ရင်း သေဆုံးသွားတဲ့ ရိန်းဂျားပေါင်း (၁၇၉) ယောက်ရှိပြီလို့ သိရပါတယ်။

READ
မိန်းကလေးတွေရဲ့ရင်သားကိုကြည့်ခြင်းက စိတ်ဓာတ်ကျခြင်းကိုလျှော့ချပေးဟုဆို
Virunga National Park

အစောင့်တွေနဲ့ ဂေါ်ရီလာတွေရဲ့ ဆက်ဆံရေးတွေဟာ သိပ်ကို နီးစပ်မှုရှိကြကြောင်း Snekwekwe Centre ရဲ့ မန်နေဂျာဖြစ်သူ Andre Bauma က ပြောပါတယ်။ ၁၉၂၅ ခုနှစ်မှာ ဒေသတွင်း သက်ရှိ ဇီဝမျိုးကွဲတွေ ပေါကြွယ်ဝတာကြောင့် ကာကွယ်ဖို့ စတင်ခဲ့ကြောင်း၊ ၁၉၇၉ ခုနှစ်မှာ ကမ္ဘာ့အမွေအနှစ်အဖြစ် ယူနက်စကိုက သတ်မှတ်ခဲ့ကြောင်းသိရပါတယ်။

Virunga National Park
Virunga National Park

တစ်ချို့ ရိန်းဂျားတွေဆို မိဘမဲ့ဖြစ်သွားတဲ့ ဂေါ်ရီလာ၊ အိုမင်သွားတဲ့နောက် အကြီးအကျယ် စိတ်ထိခိုက်နေတဲ့ ဂေါ်ရီလာတွေကိုလည်း နှစ်သိမ့်ရတဲ့ အလုပ်ကိုလည်း လုပ်ရပါတယ်။ လက်ရှိမှာ ဂေါ်ရီလာလက်ကျန် (၈၈၀) ကောင် ဥယျာဉ်ထဲမှာ ရှိနေသးတယ်လို့ သိရပါတယ်။

Ref: Bored Panda

Matthew (ShweMOM)
SHARE