အကျိုးတူ ပူးပေါင်းပြီး ဖက်ရှင်ပုံတွေ ရှယ်ရိုက်ခဲ့ပေမယ့် အလှောင်ခံနေရတဲ့ Gucci နဲ့ North Face

GUCCI x North Face Campaign

နာမည်ကြီး brand တစ်ခုနဲ့တစ်ခုပူးပေါင်းပြီး project တွေ လုပ်ပြီဆိုရင် fashion ချစ်သူတွေနဲ့ အမြဲကို ရင်ခုန်စွာ စောင့်မျှော်နေခဲ့ကြရတာပါ။ ဒါပေမဲ့ လက်တလော social media မှာတော့ တကယ့် ဒိတ်ဒိတ်ကြဲ brand ကြီးနှစ်ခုပေါင်းပြီး collaborate လုပ်ခဲ့ပေမယ့်လည်း လှောင်ပြောင်ရယ်မောစရာဖြစ်သွားခဲ့ပါတယ်။ အကြောင်းကတော့ ဒီလိုပါ။

Brand နှစ်ခုကတော့ GUCCI နဲ့ North Face ပါတဲ့။ GUCCI ကတေော့ အားလုံးသိထားကြတဲ့ luxury brand တစ်ခုဖြစ်ပြီးတော့ North Face ကတော့ တောင်တက်တဲ့ hiker တွေအတွက် အထူးထုတ်ထားတဲ့ အကြမ်းခံ brand တစ်ခုပါ။ ဒီ brand နှစ်ခုပူးပေါင်းပြီးတော့ product အသစ်တွေထုတ်တဲ့အပြင်ကိုမှ photo shoot တစ်ခုကိုလညည်း လုပ်ခဲ့ပါတယ်။

GUCCI x North Face Campaign
GUCCI x North Face Campaign

လေဖောင်းကုတ်တွေနဲ့ GUCCI ဒေါက်ဖိနပ်တွေ ပါဝင်နေတဲ့အပြင်ကိုမှ သားရေအိတ်တွေကိုလည်း တွေ့ရမှာပါ။ ဓာတ်ပုံကိုတော့ တောင်တက်တဲ့ပုံစံမျိုး ရိုက်ကူးထားပါတယ်။ ဒါကို ပရိတ်သတ်ရဲ့စိတ်ထဲမှာ ဘဝင်မကျဖြစ်နေခဲ့ကြတာဖြစ်ပါတယ်။

GUCCI x North Face Campaign
GUCCI x North Face Campaign

ဒေါက်ဖိနပ်တွေ၊ သားရေအိတ်တွေ၊ ဧရာမလေဖောင်းအင်္ကျီကြီးတွေ၊ ဂါဝန်တွေနဲ့ တောင်တက်နေကြတယ်ပေါ့လေ။ ဘယ်လိုစိတ်ကူးမျိုးနဲ့များ ရိုက်ခဲ့သလဲဆိုပြီးတော့ လူမှုကွန်ယက်မှာ ဝိုင်းပြီး အလှာင်ခံနေရတာပဲစ်ြပါတယ်။

သူတို့ရဲ့ကြော်ငြာဓာတ်ပုံတွေကိုလည်း ကြည့်လိုက်ကြပါဦး။

penny

SHARE