GUCCI ကရောင်းချနေတဲ့ သိန်းဆယ်ချီတန် အစွန်းအထင်းတွေနဲ့ ဘောင်းဘီ

GUCCI

GUCCI ကတော့ လုပ်ချလိုက်ပြန်ပါပြီ။

ထိပ်တန်း နာမည်ကြီး luxury brand တစ်ခုဖြစ်တဲ့ GUCCI ဟာ အဝတ်အစား၊ လက်ကိုင်အိတ်စသဖြင့် အမျိုးစုံသော လူသုံးကုန်ပစ္စည်းတွေကို တမူထူးခြားအောင် အမြဲတမ်းထုတ်လုပ်နေခဲ့တာပါ။ အခုလည်း GUCCI ဟာ လူတိုင်းကို အံ့အားသင့်သွားစေမယ့် ပစ္စည်းတစ်ခုကို ထုတ်လုပ်လိုက်ခဲ့ပြန်ပါပြီ။ အဲဒါကတော့ ဂျင်းဘောင်းဘီပါ။

GUCCI

လူသုံးကုန်အဝတ်အစားထုတ်တဲ့ ကုပ္မဏီက ဂျင်းဘောင်းဘီထုတ်တာ ဘာဆန်းလဲဆိုပြီး ပြောစရာတော့ရှိလာပါတယ်။ ဒီတော့ ဘောင်းဘီရဲ့ထူးခြားချက်ကိုပြောပြပါမယ်။ ဂျင်းဘောင်းဘီရဲ့ ဒီဇိုင်းကတော့ အားလုံးမြင်တွေ့ကြတဲ့အတိုင်း ဒဲ့ပွဒီဇိုင်းပါပဲ။ ရိုးရိုးဒီဇိုင်းကိုမှ သာမန်ဂျင်းအရောင်ပါပဲ။ ဒါပေမဲ့ ထူးခြားချက်ကတော့ ဘောင်းဘီရဲ့အရှေ့ဖက် ဒူးခေါင်းနားတစ်ဝှက်မှာရှိနေတဲ့ အစိမ်းရောင်အကွက်တွေပါ။

ဘောင်းဘီရဲ့နာမည်ကိုတော့ “Jeans with Fake Grass Stains” လို့ပေးထားတဲ့အတွက် အဲဒီအစိမ်းရောင်အကွက်တွေဟာ မြက်ခင်းပေါ်ထိုင်လိုက်တဲ့အခါ မြက်ခင်းရဲ့ အစိမ်းရောင်တွေ စွန်းထင်းသွားသလိုမျိုးပုံစံကို ယူထားတာပါတဲ့လေ။ ဘောင်းဘီအနောက်ဖက်မှာတော့ GUCCI တံဆိပ်ပါဝင်နေတာဖြစ်ပါတယ်။

READ
အသက်ဘေးက ကပ်သီးလေးလွတ်ခဲ့တဲ့ ကောင်လေးရဲ့ ထိတ်လန့်ဖွယ်အတွေ့အကြုံ
GUCCI

ဒီဘောင်းဘီဟာ ဒေါ်လာ ၁၆၅၀ တောင် ရှိနေပါတယ်။ ဒါကြောင့် မြန်မာငွေနဲ့တွက်မယ်ဆိုရင် သိန်း ၂၀ နီးပါးတောင်ရှိနေမှာပါ။ ဒီဘောင်းဘီကတော့ လက်တလော အင်တာနက်မှာ လူပြောများနေတဲ့ကိစ္စတစ်ခုဖြစ်လာပါတယ်။ ဘောင်းဘီအပြင် overalls ကိုလည်း GUCCI ဟာ ထုတ်လုပ်ထားခဲ့ပါသေးတယ်။ Overall ကတော့ ဒေါ်လာ ၁၇၅၀ ပါတဲ့။

GUCCI
GUCCI

penny

SHARE