တိုကျိုမှာရှိတဲ့ Inokashira Park တိရစ္ဆာန်ဥယျာဉ်ဟာ ရုက္ခဗေဒဥယျာဉ်တစ်ခုဖြစ်ပြီး ဥယျာဉ်ထဲမှာ ဧည့်သည်တွေအတွက် စိတ်အပန်းဖြေစရာ ရေကန်ကြီးတစ်ကန်ရှိပါတယ်။ အခုအခါမှာတော့ Inokashira Park ထဲမှာ ပူးလေးတွေကိုရေချိုးပေးနေတဲ့ ချစ်စဖွယ်ဗီဒီယိုလေးတစ်ခုကို soranews24 ကတဆင့်ဖော်ပြပေးလိုက်ပါတယ်။
Inokashira မှာ ၁၉၈၇ ခုနှစ်ကစပြီး ကိုက်ဖြတ်သတ္တဝါလေးတွေကို မွေးမြူခဲ့တာဖြစ်ပါတယ်။ အဲ့ဒီမှာတော့ ပူးလေးတွေချည်းပဲထားတဲ့ သီးသန့်နေရာတစ်နေရာရှိပါတယ်။ ဥယျာဉ်စောင့်ဝန်ထမ်းတွေအနေနဲ့လည်း ပူးလေးတွေကို သန့်သန့်ရှင်းရှင်းထားပြီး တစ်နှစ်ကို နှစ်ကြိမ်လောက်ရေချိုးပေးပါတယ်။
အောက်မှာတော့ ပူးလေးတွေကို ရေချိုးပေးနေတဲ့ဗီဒီယိုလေးပါ။ ရှန်ပူနဲ့ ရေချိုးပြီးတော့ အမွှေးလေးတွေခြောက်သွားအောင်ပါ လေမှုတ်ခံပေးနေတာပါ။ ချစ်စရာကောင်းတဲ့ ဒီဗီဒီယိုလေးကို တွေ့မြင်ရတဲ့ တွစ်တာအသုံးပြုသူတွေကတော့ ရေချိုးပေး၊ အခြောက်ခံစက်နဲ့မှုတ်ပေးနေတာကို ဇိမ်ခံနေတဲ့ ပူးလေးတွေကိုကြည့်ရင်း သဘောကျနေကြပါတယ်။
モルモットたちのシャンプーからドライヤーをかけるまでの様子を、動画でどうぞ。
(12月7日撮影) pic.twitter.com/P8ePidHuca
— 井の頭自然文化園[公式] (@InokashiraZoo) December 9, 2020
တိရစ္ဆာန်တော်တော်များများက သူတို့ခန္ဓာကိုယ်ရေစိုတာကို မနှစ်သက်ကြပါဘူး။ အချို့ဆိုရင် ရေကိုလုံးလုံးရှောင်ကြပါတယ်။ ဒါပေမဲ့လည်း အခုတွေ့မြင်နေရတဲ့ ဗီဒီယိုမှာတော့ ပူးလေးတွေဟာ ငြိမ်ငြိမ်လေးနဲ့ သက်တောင့်သက်သာဖြစ်နေသလိုမြင်ရတာကြောင့် လိုင်းပေါ်ကလူတွေက အံ့အားသင့်နေကြတာဖြစ်ပါတယ်။
ShweMom