(၂၀၁၉) ခုနှစ်ရဲ့ အထူးခြားဆုံး ကမ္ဘာ့ဂင်းနစ်မှတ်တမ်းဝင်များ

ကမ္ဘာ့ဂင်းနစ်မှတ်တမ်းစာအုပ်ကို ပထမဆုံးအကြိမ်အဖြစ် (၁၉၅၅) ခုနှစ်က ထုတ်ဝေခဲ့ပါတယ်။ ယခုနှစ်ထုတ်ဝေတဲ့ ကမ္ဘာ့ဂင်းနစ်မှတ်တမ်းစာအုပ်ထဲမှာလည်း ယနေ့ထက်တိုင် အသက်ရှင်နေဆဲဖြစ်တဲ့ (၁၁၆) နှစ်အရွယ် ကမ္ဘာ့အသက်အကြီးဆုံး လူသား၊ သွားရေကျစရာ ဂင်းနစ်စံချိန်တင်နိုင်ခဲ့တဲ့ မုန့်အချိုပွဲတွေနဲ့ အခြားထူးထူးဆန်းဆန်း အရာတွေလည်း အများကြီး ပါဝင်တာကို အခုလို တွေ့နိုင်ပါတယ်။

ရေခဲအောက် ပေ(၂၃၀) အထိ ရေငုပ်နိုင်သူ

guinnessworldrecords.com

နယူးဇီလန်က အပျော်တမ်းရေငုပ်သမားဖြစ်သူ အန်တိုဝီလျံဟာ ရေခဲအောက်မှာ အနက်ဆုံးရေငုပ်နိုင်တဲ့ ရေငုပ်သမားတစ်ယောက်အဖြစ် ကမ္ဘာ့မှတ်တမ်းတင်ခံရပါတယ်။ သူဟာ (၂၀၁၉) ခုနှစ် မတ်လမှာ နော်ဝေးမှာရှိတဲ့ Kirkenes က ရေအနက် ပေပေါင်း (၂၃၀) ကျော်အထိကို ဒိုင်ဗင်ထိုးပြီး () မိနစ်နဲ့ (၂၉) စက္ကန့်ကြာ ရေငုပ်နိုင်ခဲ့တာ ဖြစ်ပါတယ်။

ကမ္ဘာ့အသက်အကြီးဆုံး အမျိုးသမီးကြီး

Guinness World Records – Instagram

ဂျပန်နိုင်ငံနေ ကာနဲတာနကကို ယခုနှစ် မတ်လမှာတော့ ကမ္ဘာ့အသက်အကြီးဆုံး လူသားအဖြစ် မှတ်တမ်းတင်ခဲ့ပါတယ်။ တာနက ဟာ (၁၉၀၃) ခုနှစ်မှာ မွေးဖွားခဲ့ပြီး ၄င်းခုနှစ်ဟာ ရိုက်ညီအကိုတို့ လေယာဉ်ပျံကို အောင်မြင်စွာ တီထွင်ခဲ့တဲ့ ခုနှစ်လည်း ဖြစ်ပါတယ်။

အသက်(၁၈၇) နှစ်ရှိပြီဖြစ်တဲ့ လိပ်ကြီး ဂျွန်နသန်

Guinness World Records – Instagram

လိပ်ကြီးဂျွန်နသန်ဟာ ကမ္ဘာမြေပေါ်မှာ အသက်အကြီးဆုံး တိရစ္ဆာန်ကြီးတစ်ကောင် ဖြစ်ပါတယ်။ (၂၀၁၉) ခုနှစ် ဖေဖော်ဝါရီလမှာတော့ ဂျွန်နသန်ဟာ အသက်(၁၈၇) နှစ်ပြည့်ခဲ့ပြီဖြစ်တာကြောင့် သူ့ကို ကမ္ဘာမြေပြင်ပေါ် မှီတင်းနေထိုင်နေတဲ့ သက်ရှိသတ္တ၀ါထဲ အသက်အကြီးဆုံးဆိုပြီး ဂင်းနစ်စံချိန်တင်ခဲ့တာပါ။

အင်စတာဂရမ်ပေါ်မှာ လူကြိုက်အများဆုံးဖြစ်နေခဲ့တဲ့ ဓာတ်ပုံ

Guinness World Records – Instagram

ဇန်န၀ါရီလမှာ ကြက်ဥပုံတစ်ပုံဟာ အင်စတာဂရမ်ပေါ်မှာတော့ like အများဆုံးရရှိခဲ့တဲ့ ပုံပဲ ဖြစ်ပါတယ်။ ၄င်းဓာတ်ပုံဟာ (၃၀.) သန်း စုစုပေါင်း like ရရှိခဲ့တာ ဖြစ်ပါတယ်။ ၄င်းဥဓာတ်ပုံကိုတော့ အင်စတာဂရမ်အကောင့်တစ်ခုဖြစ်တဲ့  @world_record_egg မှာတင်ထားကြောင်း သိရပါတယ်။

Rubik Cube ကို မျက်လုံးပိတ်ပြီး အမြန်ဆုံးဖြေရှင်းနိုင်သူ

Pexels/JTMultimidia

သြစတေးလျမှ Jack Cai ဟာ မျက်စိပိတ်ပြီး Rubik Cube ကို အလျင်မြန်ဆုံးဖြေရှင်းနိုင်သူတစ်ဦး ဖြစ်ပါတယ်။ သူဟာ ဧပြီလ() ရက်နေ့မှာ Rubik Cube ကို အချိန် (၁၆.၂၂) စက္ကန့်တည်းနဲ့ မျက်လုံးစည်းပိတ်ကာ ဖြေရှင်းနိုင်ခဲ့တာ ဖြစ်ပါတယ်။

ကမ္ဘာ့အကြီးဆုံး ၀က်ဝံရုပ်ကြီး

guinnessworldrecords.com

ဧပြီလ (၂၈) ရက်နေ့မှာ ကမ္ဘာ့အကြီးဆုံး ၀က်ဝံရုပ်ကြီးကို မက္ကစီကိုနိုင်ငံမှာ ဖန်တီးခဲ့ပါတယ်။ အရုပ်ကြီးကိုတော့ နိုင်ငံရဲ့အမျိုးသားနေ့မှာ ကလေးတွေအတွက် ရည်ရွယ်ပြီး ဖန်တီးခဲ့တာပါ။ ၀က်ဝံရုပ်ကြီးဟာ (၆၃) ပေ () လက်မအလျားရှိပြီး ပေါင် () ထောင်လောက် အလေးချိန်ရှိပါတယ်။

ခြေထောက်အကြီးဆုံး အမျိုးသမီး

guinnessworldrecords.com

အင်္ဂလန်နိုင်ငံက အသက်(၄၅) နှစ်အရွယ် ဂျူလီဖယ်လ်တန်ဟာ ကမ္ဘာပေါ်မှာ ရှိသမျှ အမျိုးသမီးတွေထဲ အကြီးဆုံး ခြေထောက်ပိုင်ရှင် အမျိုးသမီးဖြစ်ပါတယ်။ ဖယ်လ်တန်ရဲ့ ဖိနပ်ဆိုက်ဒ်ဟာ အမေရိကန် အမျိုးသားစီးဖိနပ်ဆိုက်ဒ် (၁၅.၅) သို့မဟုတ် ဥရောပအမျိုးသားစီး ဖိနပ်ဆိုက်ဒ် (၄၉.၅) ရှိကြောင်း သိရပါတယ်။

ကမ္ဘာ့အကြီးဆုံး Dim Sum ပွဲတော်ကြီး

guinnessworldrecords.com

ကမ္ဘာ့အကြီးဆုံး Dim Sum ပွဲတော်ကြီးကိုတော့ (၂၀၁၉) ခုနှစ် ဖေဖော်ဝါရီလတုန်းက သြစတေးလျမှာ ကျင်းပခဲ့ပါတယ်။ တရုတ်ရိုးရာနှစ်တစ်နှစ်ဖြစ်တဲ့ ၀က်နှစ်ကို ကြိုဆိုဂုဏ်ပြုတဲ့အနေနဲ့ ဆစ်စနီရဲ့လပြည့်ပွဲတော် Dim Sum ပွဲတော်ကြီးထဲ လူပေါင်း (၇၀၀) ကျော်ခန့် ပါဝင်ခဲ့ကြတာ ဖြစ်ပါတယ်။ ၀က်သား၊ ကြက်သား၊ ဟင်းသီးဟင်းရွက်တွေနဲ့ ပြုလုပ်ထားတဲ့ အမယ်ပေါင်း () ထောင်ကျော်ပါဝင်တယ်လို့ သိရပါတယ်။

လင်းလင်း (ShweMom)

SHARE