မထင်မှတ်ဘဲ ဂင်းနစ်စံချိန်တင်နိုင်ခဲ့တဲ့ ကမ္ဘာ့အသေးဆုံးခါးပိုင်ရှင်အမျိုးသမီး

ဂင်းနစ်စံချိန်တင်တယ်ဆိုတာဟာ တစ်ကမ္ဘာလုံးကလူတွေထဲ ကိုယ်တစ်ဦးတည်းသာလျှင် တမူထားခြား၊ ပြိုင်စံရှားတဲ့အရာတစ်ခုကို ပိုင်ဆိုင်ထားလို့သာလျှင် တင်နိုင်တာဖြစ်ပါတယ်။ ဂင်းနစ်စံချိန်တင်သူအဖြစ် ဖော်ပြပေးချင်တဲ့သူကတော့ ကမ္ဘာ့ခါးအသေးဆုံးလို့ သတ်မှတ်ခံထားရတဲ့ အမျိုးသမီးအကြောင်းပဲဖြစ်ပါတယ်။

သာမန်လူတစ်ယောက်ရဲ့ ခါးဟာ အလွန်ဆုံးရှိကာမှ ၂၁ လက်မပတ်ဝန်းကျင်လောက်ပါ။ သို့ပေမယ့် ဒီအမျိုးသမီးရဲ့ခါးကတော့ ခါးလက်မဟာ ၁၅ လက်မအထိ ချုံ့နိုင်တဲ့အတွက် ကမ္ဘာ့အသေးဆုံးခါးအဖြစ် မှတ်ကျောက်တင်နိုင်ခဲ့တာဖြစ်ပါတယ်။

Guinness World Record

၁၉၃၇ ခုနှစ်၊ အမေရိကမှာမွေးဖွားခဲ့တဲ့ Cathie Jung ဟာ ဝိတိုရိယခေတ်တုန်းက ဝတ်ဆင်လေ့ရှိတဲ့အမျိုးသမီးတွေရဲ့ ဝတ်စားဆင်ယင်ပုံကို သိပ်သဘောကျသူတစ်ဦးဖြစ်ပါတယ်။ ဒါကြောင့်ပဲ သူမဟာ အဲဒီခေတ်ကအမျိုးသမီးတွေအတိုင်း ခါးသေးရင်ချီတဲ့ ပုံစံပေါက်ဖို့ရယ်၊ အဲဒီခေတ်ကအမျိုးသမီးတွေဝတ်သလို ကော့ဆက်လို့ခေါ်တဲ့ ဗိုက်ချပ်လိုရယ်ကို ၁၉၈၃ ခုနှစ်မှာ စတင်ဝတ်ခဲ့ပါတယ်။

Cathie Jung – Smallest Waist

LIVE: Meet corset queen Cathie Jung who holds the extraordinary record for 'Smallest waist – living (tightlacing)'. Cathie has a passion for corsets and Victorian style fashion.Your questions are welcome – please bear in mind the GWR values of respect and inclusiveness.

Posted by Guinness World Records on Tuesday, November 15, 2016

ခါးအသေးဆုံးအဖြစ် ဂင်းနစ်စံချိန်ဝင်ပါစေတော့ဆိုပြီး အခုလို ဝတ်ခဲ့တာမျိုးမဟုတ်ပါဘူး။ နှစ်ပေါင်းများစွာကြာအောင် ရေချိုးချိန်ကလွဲပြီး ဗိုက်ချပ်ကိုဝတ်ထားတဲ့အတွက် Cathie Jung ရဲ့ခါးအချိုးအစားဟာ သေးသထက်သေးလာခဲ့ပါတယ်။

READ
ဓာတ်ပုံတွေကပြောတဲ့ ကြေကွဲဖွယ်ဖြစ်ရပ်များ

Cathie Jung ရဲ့ ခါးကိုတိုင်းကြည့်မယ်ဆိုရင်တော့ ဗိုက်ချပ်မဝတ်ထားရင် ခါးဆိုဒ်ဟာ ၂၁ လက်မရှိပြီး ဗိုက်ချပ်ဝတ်ထားပါက ခါးဆိုဒ်က ၁၅ လက်မအထိ ကျုံ့သွားနိုင်ပါတယ်။

Source: Guinness World Record

Penny

 

SHARE