စအိုလမ်းကြောင်းထဲ သေနတ်ထည့်သိမ်းထားတဲ့ သူခိုး

ရဲတပ်ဖွဲ့ဟာ စအိုထဲသေနတ်ထည့်ဝှက်ထားတဲ့ လက်နက်ကိုင်သူခိုးတစ်ယောက်ကို ဖမ်းဆီးရမိခဲ့ပါတယ်။ သူခိုးကို မက္ကဆီကိုနိုင်ငံအလယ်ပိုင်းက Guadalajara မြို့မှာ တွေ့ရှိခဲ့တာဖြစ်ပါတယ်။ သံသယရှိသူ သူခိုးဟာ အခင်းဖြစ်ပွားရာနေရာတစ်ခုအနီးမှာ ထူးဆန်းတဲ့ပုံစံမျိုးနဲ့လမ်းလျှောက်နေတာကြောင့် ရဲတပ်ဖွဲ့က သင်္ကာမကင်းဖြစ်ပြီး သူ့ခန္ဓာကိုယ်မှာရှာဖွေခဲ့တာဖြစ်ကြောင်း The Sun မှာတွေ့ရှိခဲ့တာပါ။

CENTRAL EUROPEAN NEWS

မရှာဖွေခင် X-ray ရိုက်ခဲ့ပြီးနောက်ပိုင်းမှာတော့ သူခိုး နေမထိထိုင်မသာဖြစ်နေရတဲ့အကြောင်းရင်းကိုသိရှိခဲ့ပါတယ်။ ဗီဒီယိုအရ အပေါ်ပိုင်းအင်္ကျီမပါတဲ့သူခိုးဆီက ရဲတွေရှာဖွေနေဆဲမှာ သူခိုးကရဲတွေကို လှမ်းကန်နေပါသေးတယ်။ ရဲအရာရှိထဲက တစ်ယောက်ကတော့ သူခိုးဆီက လက်နက်ထုတ်ယူတဲ့ဖြစ်စဉ်ကို ဗီဒီယိုရိုက်ကူးခဲ့ပါတယ်။

CENTRAL EUROPEAN NEWS

သူခိုးကို အခန်းတစ်ခန်းဆီခေါ်သွားခဲ့ပြီး ဘောင်းဘီချွတ်ခဲ့ပါတယ်။ ထို့နောက်ရဲတစ်ယောက်က သူခိုးရဲ့တင်ပါးကြားစအိုထဲနှိုက်ပြီး ပစ္စတိုသေနတ်တစ်လက်ကိုထုတ်ယူနိုင်ခဲ့ပါတယ်။ ဗီဒီယိုမှာတွေ့ရတာကတော့ ရဲကသေနတ်နှိုက်ထုတ်တဲ့အချိန်မှာ လက်အိတ်တွေဘာတွေမ၀တ်ထားခဲ့ပါဘူး။

CENTRAL EUROPEAN NEWS

သေနတ်ထုတ်လာပြီးနောက်မှသာ လက်ကိုင်ပုဝါလေးနဲ့အုပ်ပြီး လက်ဗွေရာစစ်ဆေးဖို့ယူဆောင်သွားခဲ့တာဖြစ်ပါတယ်။ထို့နောက်မှာတော့ သူခိုးကိုဘောင်းဘီပြန်ဝတ်ခိုင်းပြီး အင်တာဗျူးခန်းထဲခေါ်သွားခဲ့ပြီး ရာဇ၀တ်မှုအတွက်စစ်ဆေးခဲ့ကြောင်း သိရပါတယ်။

READ
အာကာသတွင်းနက်ကြီးကို မှတ်တမ်းတင်ခဲ့တဲ့ပညာရှင်တွေ ဆုကြေးဒေါ်လာ(၈၆၀၀)သာရ

လင်းလင်း(Shwemom)

Shwemom Team မှ စီစဉ်တင်ဆက်သော www.shwemom.com တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် Facebook စာမျက်နှာ ၊ Website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

SHARE