မင်္ဂလာပွဲထဲရောက်လာတဲ့ရည်းစားဟောင်းကြောင့် အနေခက်ခဲ့ရတဲ့သတို့သမီး

Twitter / Tasya

မလေးရှားနိုင်ငံမှာ ကျင်းပတဲ့ မင်္ဂလာပွဲတစ်ခုမှာ သတို့သမီးရဲ့ ချစ်သူဟောင်းဟာ သာမန်ဧည့်သည်တစ်ယောက်လိုပဲ မင်္ဂလာပွဲကို တက်ရောက်လာခဲ့ပြီး၊ တည်တည်ငြိမ်ငြိမ် ရှိနေခဲ့တာကို သူရဲ့ သူငယ်ချင်းအမျိုးသမီးတစ်ဦးက တွစ်တာပေါ်မှာ ပြန်လည်ဖြန့်ဝေခဲ့ပါတယ်။ စတင်ဖြန့်ဝေခဲ့တဲ့ အကောင့်နာမည်ကတော့ Hanis (@theroutinesya) လို့ သိရပါတယ်။

Hanis ဟာ သူမရဲ့သူငယ်ချင်း ကောင်လေးနဲ့အတူ တစ်စားပွဲတည်းမှာ ထိုင်နေတာဖြစ်ပြီး၊ သူငယ်ချင်းအနေနဲ့ ရည်းစားဟောင်း သတို့သမီးအပေါ်ကို ဘယ်လိုတုန့်ပြန်မလဲဆိုတာကို သိချင်ပြီး ဗွီဒီယိုမှတ်တမ်း ယူခဲ့တာပါ။ သူမရဲ့ သူငယ်ချင်းဟာ တည်တည်ငြိမ်ငြိမ်နဲ့ ရှိနေပါတယ်။

 

သတို့သားဘက်ကို တစ်ချက်လှည့်ကြည်ချိန်မှာ သတို့သားကလည်း ငြိမ်းချမ်းရေးသင်္ကေတ လက်နှစ်ချောင်းကို V ပုံဏ္ဍာန်မျိုး လုပ်ပြခဲ့ပါတယ်။ အဲဒီနောက် ရည်းစားဟောင်းဖြစ်ခဲ့သူနဲ့ သတို့သားတို့ဟာ အေးအေးဆေးဆေး လက်ဆွဲနှုတ်ဆက်ခဲ့ကြတာကို Hanis က ကင်မရာကနေ မိမိရရ မှတ်တမ်းတင်ထားနိုင်ခဲ့ပါတယ်။ ဒါပေမယ့် ထူးခြားချက်အနေနဲ့ သတို့သမီးကတော့ အဲဒီအချိန်မှာ နည်းနည်း ရှိုးတို့ရှန်းတန့်ဖြစ်နေပြီး၊ ချက်ချင်းပဲ မသိကျိုးကျွန်ပြုသလို လုပ်လိုက်တာကိုလည်း တွေ့ရပါတယ်။

READ
ကမ္ဘာ့ပြင်ဆင်မှုလက်ရာ အသေးစိတ်၊အနုစိတ်ဆုံး မင်္ဂလာကိတ်ကိတ်မုန့်ကြီးများ

ဘာပဲဖြစ်ဖြစ် အခြေအနေတစ်ခုကို အတည်ငြိမ်ဆုံး ရင်ဆိုင်နိုင်ခဲ့သူကသာ စိတ်ဓာတ်ပိုင်းဆိုင်ရာမှာ တကယ်အနိုင်ရတာ ဖြစ်ပါတယ်။ Hanis က “ ကျွန်မသူငယ်ချင်းက ပြောတယ် … သူ့အချစ်ဟောင်း လက်ထပ်ပြီတဲ့ … သူ့ရဲ့ခင်ပွန်းအသစ်ကတော့ အေးဆေးပဲဆိုပြီး ငြိမ်းချမ်းရေးသင်္ကေတ လုပ်ပြတယ် .. ”လို့ သူမရဲ့ လူမှုကွန်ရက်မှာ ရေးခဲ့တာပါ။

 

လင်းဇော်ကို

SHARE