(၁၅) နှစ်ကြာ မညှပ်ပဲထားခဲ့တဲ့ ဆံပင်ရှည်ကို မွန်မြတ်စွာအလှူပြုခဲ့တဲ့ အမျိုးသား

facebook/Salt Lake City Army Recruiting Battalion

အမျိုးသားတစ်ဦးဟာ လွန်ခဲ့တဲ့ (၁၅) နှစ်အတွင်း ဆံပင်လုံးလုံးမညှပ်ပဲ နေခဲ့ရာမှ ယခုအခါ စစ်ထဲဝင်ချင်တဲ့အတွက် သူ့ဆံပင်ရှည်ကို ပထမဆုံးအကြိမ်အဖြစ် ညှပ်ပစ်ခဲ့ကြောင်း unilad သတင်းအရ သိရပါတယ်။ ထိုသူဟာ လက်မ (၁၅၀) အရှည်ရှိတဲ့ သူ့ရဲ့ဆံပင်ရှည်ကြီးကို ညှပ်ပစ်ခဲ့ပြီး ကင်ဆာဝေဒနာခံစားနေရသူကလေးတွေအတွက် ဆံပင်တုလုပ်ပေးဖို့ လှူဒါန်းခဲ့တာ ဖြစ်ပါတယ်။

အမျိုးသားဟာ ကယ်လီဖိုးနီးယားပြည်နယ် ရီဗာဆိုက်ဒ်မြို့မှဖြစ်ကာ အသက်(၂၃) အရွယ် ရေနယ်လ်ဒိုအာရိုယိုဆိုသူ ဖြစ်ပါတယ်။ သူ့ရဲ့ မွန်မြတ်လှတဲ့ စိတ်ထားကို ဂုဏ်ပြုတဲ့အနေနဲ့ တပ်ရင်းမှ စစ်သားတစ်ဦးကနေ ရေနယ်လ်ဒိုဆံပင်ဖြတ်ခဲ့တဲ့ပုံကို အွန်လိုင်းပေါ်မှာ ပြန်လည်မျှဝေပေးခဲ့တာ ဖြစ်ပါတယ်။

facebook/Salt Lake City Army Recruiting Battalion

ဗီဒီယိုထဲမှာတော့ ရေနယ်လ်ဒိုဟာ တပ်ထဲဝင်ဖို့ အဆင့်မီတဲ့အတွက် သူဟာ အရမ်းစိတ်လှုပ်ရှားနေခဲ့ကြောင်းပါ ပြောပြထားပါတယ်။ ဆံပင်မဖြတ်ခင်မှာ ရေနယ်လ်ဒိုဟာ မြင်းမြီးပုံစံစည်းကျစ်ထားတဲ့ သူ့ဆံပင်ရဲ့ အရှည်အတိုင်းအတာကို ပြသခဲ့ပါသေးတယ်။ ရေနယ်လ်ဒိုဟာ ထိုင်ခုံတစ်လုံးမှာ ထိုင်ကာ သူ့ရဲ့ ရှည်လျားနက်မှောင်လှတဲ့ ဆံပင်ကြီးကို အစုလိုက် အစုလိုက်စီးပြီး ဖြန့်ချထားတာကိုလည်း ဗီဒီယိုမှာ တွေ့ရပါတယ်။ ထို့နောက်မှာတော့ အမျိုးသမီးတစ်ဦးကနေ ရေနယ်လ်ဒိုရဲ့ ဆံပင်တွေကို အပိုင်းလိုက် ခွဲပြီး ညှပ်ပစ်ခဲ့တာကိုလည်း တွေ့ရမှာ ဖြစ်ပါတယ်။

READ
ပရဟိတရံပုံငွေ ပေါင်(၁)သန်း ရှာနိုင်ခဲ့လို့ Pride Of Britain Award ဆုကိုဆွတ်ခူးခဲ့သူ

ဆံပင်တွေ ညှပ်ချပြီးတဲ့အခါတိုင်း အမျိုးသမီးဟာ ရေနယ်လ်ဒိုရဲ့ ရှေ့ကို ဆံပင်တွေတင်ပေးတဲ့အခါ သူဟာ ပြုံးဖြီးဖြီးမျက်နှာနဲ့ သူ့ဆံပင်တွေ တဖြည်းဖြည်းတိုသွားတာကို သတိပြုနေခဲ့ပါတယ်။ ဆံပင်ရှည်ကြီးတွေ ညှပ်ပစ်ပြီးလို့ စစ်တပ်ဆံပင်ကေပုံစံသွင်းပေးပြီးနောက်မှာတော့ ရေနယ်လ်ဒိုဟာ တပ်ထဲဝင်ရောက်ဖို့ အဆင်သင့်ဖြစ်နေခဲ့ပြီ ဖြစ်ပါတယ်။ ဗီဒီယိုထဲမှာတော့ ရေနယ်လ်ဒိုဟာ သူ့ခေါင်းက ညှပ်ပြီးသားဆံပင်တွေ အပြည့်ထည့်ထားတဲ့ အိတ်ကိုကိုင်ပြီး ပြသထားတာနဲ့ အဆုံးသတ်သွားပါတယ်။

facebook/Salt Lake City Army Recruiting Battalion

ဖေ့စ်ဘုတ်ပို့စ်အရတော့ ရေနယ်လ်ဒိုဟာ ကင်ဆာဝေဒနာခံစားနေရသူ ကလေးတွေအတွက် ဆံပင်တုပြုလုပ်ပေးတဲ့ ကုသိုလ်ဖြစ်အဖွဲ့အစည်း Locks of Love ကို သူ့ဆံပင်တွေ လှူဒါန်းသွားမယ်လို့ သိရပါတယ်။ သူ့ဆံပင်တွေအကြောင်းနဲ့ ပတ်သက်လို့ ရေနယ်လ်ဒိုကို မေးမြန်းတဲ့အခါမှာတော့ သူက “ကံကောင်းတဲ့ ကောင်မလေးအချို့ကတော့ ကျွန်တော့်ဆံပင်တွေကို ရကြမှာပေါ့ဗျာ…” လို့လည်း ပြန်လည်ဖြေဆိုခဲ့ပါသေးတယ်။

READ
အိမ်ရာမရှိတဲ့ စစ်ပြန်ကြီးတွေအတွက် ဆောက်လုပ်ပေးထားတဲ့ အိမ်သေးသေးလေးများ

https://www.facebook.com/GoArmyWest/videos/1074095279648072/?v=1074095279648072

လင်းလင်း (ShweMom)

SHARE