တောက်တဲ့စားရဲတယ်ဆိုပြီး၊ တကယ်စားပြတဲ့သူ (၁၀)ရက်အကြာမှာ သေဆုံး

David Dowell/Facebook

သြစတေးလျနိုင်ငံ၊ Brisbane မှာ နေထိုင်တဲ့ ကလေးသုံးယောက်ဖခင် David Dowell ဟာ ပြီးခဲ့တဲ့နှစ် ခရစ်စမတ်ပါတီမှာ တောက်တဲ့စားရဲတယ်လို့ စိန်ခေါ်ပြီး တကယ်စားပြခဲ့ပါတယ်။ David ဟာ တောက်တဲ့အရှင်အတိုင်း စားတာလား၊ ချက်ပြုတ်ပြီးစားတာလား သတင်းမှာတော့ အတိအကျ ရေးမထားပါဘူး။ ဒီအဖြစ်အပျက်ကိုတော့ David ရဲ့ ညီမဖြစ်သူ Hannah Dowell က  The Sydney Morning Herald သတင်းစာကို ပြောပြခဲ့တာပါ။

David Dowell/Facebook

အဲဒီနောက်မှာတော့ David ဟာ အသည်းအသန် ဖျားနာခဲ့ပါတယ်။ အိမ်က ဇနီးနဲ့ ကလေးတွေကတော့ သူ့ကို ခရစ်စမတ်မှာ သောက်တာစားတာ လွန်သွားလို့ အရက်နာကျပြီး ဖျားနာနေမကောင်းဖြစ်တာလို့ ထင်မြင်ခဲ့ပါတယ်။ ဒါပေမယ့် ရက်အတော်ကြာလာသည်အထိ David ဟာ မသက်သာပါဘူး။

READ
မူးယစ်ဆေးဝါးများ သယ်ဆောင်လာသည့် ခိုတစ်ကောင်ကို ကူဝိတ်တွင် ဖမ်းဆီးရမိ
David Dowell/Facebook

ဒီလိုနဲ့ မိသားစုဝင်တွေဟာ သူ့ကို အရေးပေါ်ဌာနကို ဖုန်းဆက်အကြောင်းကြားခဲ့ပါတယ်။ တောက်တဲ့ကိုစားပြီး (၁၀)ရက်မြောက်နေ့မှ အသက်(၃၄)နှစ်အရွယ် David ဟာ Salmonella infection လက္ခဏာကို ခံစားနေရကြောင်း စစ်ဆေးတွေ့ရှိခဲ့တာပါ။ ဒါပေမယ့် ရောဂါအစစ်ကို သိပြီး နာရီပိုင်းအကြာမှာ သေဆုံးသွားပါတော့တယ်။

Salmonella infection ဆိုတာ ဘက်တီးရီးယားကြောင့်ဖြစ်တဲ့ ရောဂါတစ်မျိုးဖြစ်ပြီး၊ ရေ၊ အစားအစာနဲ့ တိရစ္ဆာန်အသားတစ်ချို့မှာ ဒီဘက်တီးရီးယားက အသက်ရှင်နေနိုင်ပါတယ်။ ကနဦးတုန်းကတော့ ကြက်သားကနေ ဒီဘက်တီးရီးယားကူးစက်တာလို့ ထင်မြင်ခဲ့တာပါ။

ဒါပေမယ့် David ရဲ့ ညီမ Hannah Dowel ရဲ့ပြောစကားအရ ပါတီမှာ တောက်တဲ့တစ်ကောင်ကို စားခဲ့ကြောင်း အမှတ်ရသွားပြီး၊ ဒါက သူ့ရဲ့အသက်ကို ယူသွားတာဖြစ်နိုင်ကြောင်း ဆိုပါတယ်။ ဒါပေမယ့် သူမက သတင်းမီဒီယာနဲ့တွေ့ဆုံစဉ်မှာ “ ဟုတ်တယ် သူ တောက်တဲ့ကို စားခဲ့တယ် … ”လို့ ပြောပြီး သူမက ဆက်လက်ပြီး “ ဒါပေမယ့် … တကယ်စားတာလဲ ဟုတ်ချင်မှဟုတ်မှာ .. သူ လွှင့်ပစ်လိုက်တယ် … ဒီကောင်က ရှားပါးတဲ့အရာမို့ … သူ စားမယ်ဆိုပြီး စိတ်ကူးကောင်း စိတ်ကူးမှာပေါ့ ”လို့ ပြောခဲ့ပါတယ်။ သူမရဲ့စကားကိုက စားတယ်မစားဘူး အဖြေရှင်းလင်းခြင်း မရှိပါဘူး။

READ
ဝမ်းချုပ်လို့ဆိုပြီး ၀မ်းခေါင်းထဲ ငါးရှဉ့်ထိုးထည့်မိခဲ့တဲ့ အမျိုးသားရဲ့ အဖြစ်
David Dowell/Facebook

David ကတော့ မသေခင်မှာ သူရဲ့ခန္ဓာကိုယ်ဟာ ကျပ်တိုက်ထားသလို၊ ဖောင်းပွလာပြီး၊ ဗိုက်ကြီးကလည်း (၆)လကိုယ်ဝန်သည်ရဲ့ ဗိုက်နဲ့တူလာကြောင်း၊ သူရဲ့ဆီးအရောင်က ကြောက်လန့်စရာ အမဲရောင်ဖြစ်ပြီး၊ အန်တဲ့အန်ဖက်တွေက အစိမ်းရောင်ဖြစ်နေပါသတဲ့။ ရက်အနည်းငယ်အကြာမှာ အဆုတ်ထဲကို ရေတွေအောင်းလာတယ်လို့ သိရပါတယ်။

လင်းသူရိန် (Shwemom)

SHARE