မိုးထဲလေထဲချစ်သူကို အတတ်နိုင်ဆုံး ဂရုစိုက်ပေးခဲ့ပေမယ့် ဝေဖန်ခံနေရတဲ့အတွဲ

ဒီဗွီဒီယိုကို ကြည့်ရှုသူဦးရေဟာ (၂) သန်းနီးပါးရှိပြီး Share လုပ်သူပေါင်း နှစ်သောင်းခွဲနီးပါးရှိနေပါတယ်။ လမ်းသွားရင်းနဲ့ မိုးရေထဲ အမည်မသိစုံတွဲတစ်တစ်က လက်ချင်းချိန်လျှောက်လာနေတုန်း ထူးဆန်းတာတွေ့မိလို့ ကားတောင်ပြန်ကွေ့ပြီး ဗွီဒီရိုရိုက်ထားတာပဲဖြစ်ပါတယ်။

Unilad

ဗီဒီယိုကို ရိုက်ကူးခဲ့တဲ့ နေရာကတော့ အင်္ဂလန်နိုင်ငံ နောဝစ်ခ်ျမြို့ ချက်ရှိုင်းယားဒေသမှာပဲ ဖြစ်ပါတယ်။ အင်္ဂလန်နိုင်ငံရဲ့ အရှေ့ဘက်စွန်း နားလောက်မှာရှိတဲ့ နော်ဝစ်ခ်ျမြို့ ပင်လယ်နဲ့လည်း ကပ်နေပါတယ်။ (၁၂)လပတ်လုံး အအေးဓာတ် လွန်ကဲတဲ့ နေရာဖြစ်သလို ပြီးခဲ့တဲ့ရက်ပိုင်း အတွင်းမှာ တစ်နေ့တာရဲ့ အနွေးထွေးဆုံး အချိန်မှာမှ အပူချိန်ဟာ (၂၀)ဒီဂရီ စဲလ်ဆီရက်စ် အောက်ပဲရှိနေခဲ့တာပါ။

အရမ်းအေးနေတဲ့အပြင် ဒီလောက် မိုးရွာနေတာကြောင့် ကောင်မလေးကို အကျီင်္ကပါတဲ့ ခေါင်းစွတ်ကို ဖြုတ်ပြီး ဆောင်းထားပေးတဲ့ အမျိုးသားရဲ့လုပ်ရပ်ကို ဗွီဒီရိုရိုက်ကူးသူအနေနဲ့ နားမလည်နိုင်အောင်ဖြစ်ခဲ့ရပါတယ်။ ဘာကြောင့်လဲဆိုရင်တော့ အပေါ်ထပ်ရယ်လို့ ထူထူထဲထဲမပါတဲ့ ကောင်မလေးကို ကုတ်အကျီင်္တစ်ထည်လုံးပေးမဝတ်ဘဲ ဘာကိစ္စနဲ့ ခေါင်းစွတ်ပဲ ပေးဆောင်းထားရတာလဲဆိုတာကို နားမလည်နိုင်ကြတာပါတဲ့။

Share လုပ်ခဲ့ကြတဲ့အထဲမှာ မိန်းကလေးတွေအများဆုံးပါဝင်နေပြီး သူတို့ရည်းစားတွေကို tag လုပ်ကာ ရှင်ဆိုရင်ရော ကျွန်မကိုခေါင်းဆောင်းပေးမှာလားဆိုတဲ့ ပုံစံမျိုးတွေနဲ့ ပြောထားကြပါတယ်။ ဗွီဒီရိုကို ကြည့်ပြီးတဲ့ လူတွေဟာ ထင်မြင်ချက်နှစ်ခုနဲ့ အုပ်စုနှစ်စု ကွဲခြားနေပါတယ်။ ကုတ်အကီင်္ျတစ်ထည်လုံး မပေးဘဲ ခေါင်းဆောင်ကိုပဲ ဘာလို့ပေးတာလဲ ဆိုပြီး အဖြေရှာနေတဲ့ အုပ်စုရယ်၊ မိုးရွာနေတာတောင် ခေါင်းဆောင်းကို ချွတ်ပေးတယ်ဆိုပြီး ချီးကြူးနေတဲ့ အဖွဲ့ရယ်ပဲ ဖြစ်ပါတယ်။

READ
ချစ်သူက ဒီအရာတွေလုပ်ပေးရင် သင့်ကိုတကယ်ချစ်လို့ပါ...
Kennedy News

ကိုယ်တိုင် ဗွီဒီယိုရိုက်ကူးပြီး Facebook ပေါ်တင်ခဲ့တဲ့ Jake ကတော့ ကျွန်တော်သာဆိုရင် ကုတ်အကျီင်္တစ်ထည်လုံး ပေးမိမှာ၊ အကယ်၍ ကျွန်တော်မပေးဘူး ဆိုလည်း ကျွန်တော့ကောင်မလေးက အတင်းချွတ်ယူမျာ အသေအချာပဲတဲ့။

ခေါင်းဆောင်းပဲပေးခဲ့ရတဲ့ရည်ရွယ်ချက်ကတော့ သူ့ကောင်မလေးဟာ ဆံပင်ညှပ်ပြီး ပြုပြင်ပြောင်းလဲမှုတွေ လုပ်ထားတဲ့အတွက် မိုးရေထိပြီး ကေပျက်သွားမှာဆိုးလို့ ခေါင်းဆောင်းချွတ်ပေးခဲ့ရတာပါလို့ ပြောထားပါတယ်။

Ref : Unilad , DailyMail

SHARE