ရှေးဟောင်းတူရိယာပြင်ရင် မတော်တဆ အက်ဆစ်ဆေးတွေမိပြီး ကြောင်သွားတဲ့ စက်ပြင်ဆရာ

ရှေးဟောင် အီလက်ထရောနစ် တူရိယာတစ်မျိုးကို ဗော်လန်တီယာလုပ်ပြီး ပြင်ပေးမယ့် သူတစ်ယောက်ဟာ တူရိယာကို သန့်ရှင်း ပြင်ဆင်ရင်း မတော်တဆ ဓာတုအက်ဆစ်မိပြီး ဆေးကြောင်းသွားတဲ့ အဖြစ်အပျက်တစ်ခု ပေါ်ပေါက်ခဲ့ပါတယ်။

ရုပ်သံလွှင့် ဌာနတစ်ခုရဲ့ ထုတ်လွှင့်မှု အော်ပရေးရှင်း မန်နေဂျာ Eliot Curtis ဆိုတဲ့ အမျိုးသားဟာ နည်းပညာပိုင်းဆိုင်ရာ အခက်အခဲ ပြဿနာတွေကို နိစ္စဓူဝဖြေရှင်းရပါတယ်။ ဒါကြောင့် ကျော်ကြားတဲ့ တူရိယာပစ္စည်းကို ပြုပြင်ရမယ်ဆိုတဲ့ အခွင့်အရေးရှိလာတဲ့အခါမှာ သူလည်း လုံးဝ လက်လွှတ်မခံဘဲ တာဝန်ယူခဲ့ပါတယ်။

KPIX5

သူပြင်ရမယ့် ရှေးဟောင် အင်နာလော့ မြူးဇစ် မော်ဂျူလာပစ္စည်းကို ကယ်လီဖိုးနီယား တက္ကသိုလ်ရဲ့ ဂီတ ဌာနက ပိုင်တာဖြစ်ပြီး နှစ်ပေါင်းများစွာ သိမ်းထားတာကနေ ပြင်ဖို့ မနှစ်ကမှ ဆုံးဖြတ်ချက်ချခဲ့တာလို့ သိရတယ်။ အဲ့ဒါနဲ့ Curtis က စက်ပစ္စည်းကို ယူပြီး ပြင်ဖို့ သယ်လာခဲ့တယ်။

READ
မိုးပျံဘောလုံးပေါ်မှာ တစ်ဦးတည်းပါသွားခဲ့ပေမယ့် ထိခိုက်ဒဏ်ရာပင် မရရှိခဲ့တဲ့ ကောင်မလေး

ပြင်ဖို့ ကြည့်တဲ့အခါမှာ တူရိယာရဲ့ အောက်မှာ ခရစ္စတယ်လို့ အမှုန်အခဲလေးတွေ ကပ်နေတာကို တွေ့ခဲ့ရတယ်။ အဲ့ဒါနဲ့ အလုပ်ဆက်လုပ်ရင်း ကပ်နေတဲ့ အမှုန်အခဲတွေ ဖယ်ရှားဖို့ စပရေးနဲ့ ရှင်းတယ်၊ အရည်ပျော်နေတဲ့ ခရစ္စတယ်တွေကို လက်ချောင်းတွေနဲ့ ပွတ်ပြီး အဲ့ဒီ ဧရိယာတစ်ဝိုက်ကို သန့်စင်တယ်။

Shutterstock

၄၅ မိနစ်လောက်ကြာသွားတဲ့အခါမှာတော့ Curtis ဟာ ဘယ်လိုကြီးမှန်မသိအောင် ဖြစ်လာပြီး တဆစ်ဆစ် ခံစားမှုတွေ ဖြစ်ပေါ်လာတယ်။ ကိုးနာရီလောက်ကြာအောင် ခံစားရပြီး သူ့အနေနဲ့ LSD ဆေးအရှိန်တက်တာနဲ့ တူတဲ့ ခံစားမှုမျိုးကြုံတွေ့ခဲ့ရကြောင်း ရှင်းပြပါတယ်။ မကြာပါဘူး သူဘာဖြစ်ခဲ့သလဲ အတိအကျ သိခဲ့ရပါတယ်။

တွေ့ရှိခဲ့တဲ့ ခရစ္စတယ်တွေကို သုံးခါလောက် ဓာတ်ခွဲကြည်ခဲ့ရာ တကယ်ပဲ LSD တွေဖြစ်နေခဲ့ပါတယ်။ အေးပြီး မှောင်ထဲနေရာမှာ သိုလှောင်ထားမယ်ဆို အဲ့ဒီ့ဆေးက ဆယ်စုနှစ် တစ်ခုလောက် ကြာရှည်ခံကြောင်း LSD လေ့လာသူတွေနဲ့ ကျွမ်းကျင်သူတွေက KPIX5 သတင်းဌာနကို ရှင်းပြခဲ့ပါတယ်။

READ
ကြီးမားလွန်းတဲ့ရင်သားတွေကြောင့် 15 နှစ်အရွယ်ကတည်းက အရွယ်အစားလျှော့ချခဲ့ရသူ
KPIX

တိကျတဲ့ အနေအထားတစ်ခုမှာ ဓာတုပစ္စည်းတွေက အရေပြားကနေ စိမ့်ဝင်နိုင်ကြောင်း ကျွမ်းကျင်သူတွေက အတည်ပြုခဲ့ပြီး Curtis ရဲ့ ဖြစ်ပုံက ယင်းကဲ့သို့ဖြစ်ကြောင်း ပြောပြပါတယ်။ Curtis ရဲ့ ဇနီးဖြစ်သူကတော့ ယောင်္ကျားဖြစ်သူ ကြောင်သွားတာကို မျက်မြင်တွေ့ခဲ့ရပြီး အခြေအနေက တော်တော်ဆိုးဆိုးပဲလို့ မှတ်ချက်ပေးခဲ့ပါတယ်။

ဒီလိုမျိုး ရှေးဟောင်တူရိယာပစ္စည်းတွေမှာ LSD တွေ ဘယ်လိုရောက်နေလဲ? ၁၉၆၀ ခုနှစ်တုန်းက ဒီလို တူရိယာကို အသုံးပြုခဲ့တဲ့ ဂီတသမားတွေဟာ ဖျော်ဖြေတဲ့အခါ LSD တွေကို တူရိယာမှာ တို့ထားခဲ့နိုင်ပါတယ်။ သူတို့ ကောင်းနေစေဖို့အတွက်ဆို တူရိယာကို ထိပြီး လက်ချောင်းတွေကို လျက်ရုံပဲဆိုတဲ့ ကောလဟလတွေလည်း ရှိခဲ့ပါတယ်။ Curtis ပြင်ရတဲ့ တူရိယာမှာ ဘယ်လိုကနေ ဘယ်လိုကပ်နေလည်းဆိုတာတော့ အတည်မပြုနိုင်ကြသေးပါဘူး။

Ref: Unilad

Matthew (ShweMOM)

SHARE