နောက်ဆုံး ရုံးတက်ရက်မှာ တစ်ရုံးလုံးကို အံအားသင့်အောင် လုပ်ခဲ့တဲ့ ၀န်ထမ်း

ဘဏ်ဝန်ထမ်းတစ်ယောက်ဟာ သူရဲ့ နောက်ဆုံး ရုံးတက်ရက်ကို စပိုက်ဒါမင်း ၀တ်စုံနဲ့ ရောက်လာပြီး ပျော်ရွှင်စရာနေ့လေးတစ်နေ့ကို ဖန်တီးခဲ့ပါတယ်။

Walter Costa

ဘရာဇီးနိုင်ငံက ဆာအိုပေါ်လို မြို့ရှိ ဘဏ်တစ်ခုမှာ အလုပ်လုပ်နေတဲ့ အမည်မဖော်လိုတဲ့ ၀န်ထမ်းဟာ အလုပ်မထွက်ခင် အခုလိုပဲ ရုံးမှာ ပိုစ့်တွေပေး ဓာတ်ပုံရိုက်ပြီး လုပ်ဖော်ကိုင်ဖက်တွေကို အံအားသင့်ဖွယ် နှုတ်ဆက်ခဲ့တာဖြစ်ပါတယ်။

Walter Costa

စပိုက်ဒါမင်းရဲ့ ပရိသတ်လို့ ယူဆရတဲ့ သူက ရုံး အ၀င်ဖုန်းခေါ်ဆိုမှုတွေကိုလည်း ခေါင်းစွပ်ကြီး စွပ်လျက်သားနဲ့ ဖြေဆိုခဲ့သလို လုပ်ဖော်ကိုင်ဖက်တွေကိုလည်း အကူအညီတွေပေးနေတာကို တွေ့ရပါတယ်။ လုပ်ဖော်ကိုင်ဖက်တစ်ယောက် ပြန်တင်တဲ့ ပုံမှာဆိုရင် အဲ့ဒီအမျိုးသားက စားပွဲပေါ်မှာ လှဲလျောင်းနေတာကိုပါ တွေ့ရမှာဖြစ်ပါတယ်။ တစ်နေ့လုံးလည်း အဲ့လိုပဲ အဖောက်တွေလုပ်နေပြီး လျှောက်သွားနေခဲ့တယ်လို့ သိရပါတယ်။ နောက်ဆုံးရက်ပီပီ သူဌေးကို စိတ်ကောက်အောင်လုပ်နေတယ်လို့တောင် ပြောရမှာပါ…။

9gag
9gag

သူရဲ့ အလုပ်နောက်ဆုံးရက် ရုံးတက်ပုံကို မှတ်တမ်းတင်ထားတဲ့ ဗီဒီယိုဟာဆိုလည်း တော်တော်လေး ပေါက်ရောက်ခဲ့ပြီး သူရဲ့ စိတ်ကူးနဲ့ ပတ်သက်လို့ ပြောကြဆိုကြတဲ့ သူတွေလည်း  အများကြီးရှိခဲ့ပါတယ်။ သူ့ရဲ့ နောက်ဆုံးရက် ပျော်ပုံလေးကိုလည်း ကြည့်လိုက်ပါဦး…။

READ
မျက်စိလည်သွားစေနိုင်တဲ့ ဆင်တူ လူများရဲ့ ဓာတ်ပုံများ

Ref: Daily Mail, 9gag

Matthew (ShweMOM)
SHARE