အရက်မူးပြီးကားမောင်းခဲ့တဲ့ သူငယ်ချင်းကို မှတ်လောက်သားလောက် ပညာပေးခဲ့သူ

အရက်သောက်ပြီး ကားမောင်းတာဟာအန္တရာယ်ရှိကြောင်း လူတိုင်းသိကြပေမယ့် လိုက်နာကျင့်သုံးတဲ့သူတွေကတော့ အတော်ကြီး နည်းပါသေးတယ်။ မူးပြီးကားမောင်းတဲ့အခါ ကားမောင်းသူတင်မကပဲ အခန့်မသင့်ရင် လမ်းခရီးသွားတွေရဲ့အသက်အန္တရာယ်ကိုပါ ထိခိုက်စေနိုင်ပါတယ်။

ဒါကြောင့် အမျိုးသားတစ်ယောက်ဟာ အရက်မူးပြီးကားမောင်းခဲ့တဲ့သူငယ်ချင်းကို ပညာပေးဖို့ဆုံးဖြတ်ခဲ့ပါတယ်။ (၂၀၁၃)ခုနှစ်တုန်းက တွမ်မာဘီဟာ သူငယ်ချင်းဖြစ်သူ ရေးရဲ့ အရက်မူးလွန်ပြီးကားမောင်းတာကြောင့် (၅)ကြိမ်တိုင်တိုင် ရဲအဖမ်းခံခဲ့ရတာကို မနှစ်ခြိုက်ခဲ့ပါဘူး။ တွမ်ဟာ ရေးအနေနဲ့ အမှားတစ်ခုကို ထပ်ခါတလဲလဲကျူးလွန်နေတာကို တားဆီးပေးဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

တစ်ခါတော့ ရေးဟာလူမှန်းသူမှန်းမသိအောင် မူးနေခဲ့တာကြောင့် တွမ်ဟာ သူပြင်ဆင်ထားတဲ့ဆေးပစ္စည်း ကိရိယာတွေအပြည့်ရှိတဲ့ ဆေးရုံခန်းအတုတစ်ခုဆီကို ခေါ်သွားခဲ့ပါတယ်။ အမူးပြေလို့ ရေးကနိုးလာတဲ့အခါမှာတော့ သူ့နားမှာအမျိုးသမီးသူနာပြုတစ်ဦး ရှိနေတာကိုတွေ့လိုက်ရပါတယ်။ သူနာပြုပြန်ထွက်သွားပြီးမကြာခင်မှာ ဆရာဝန်တစ်ယောက်ကရောက်လာပြီး ကိုမာဖြစ်နေတာ(၁၀)နှစ်လောက်ရှိနေပြီဖြစ်ကြောင်း ရေးကို ပြောဆိုခဲ့ပါတယ်။

ဆရာဝန်အယောင်ဆောင်ပြီး ရေးရှိရာအခန်းထဲလာသူကတော့ တွမ်ပဲဖြစ်ပါတယ်။ တွမ်က ရေးဘာဖြစ်သွားခဲ့တယ်ဆိုတာရှင်းပြပြီးနဲ့ မိသားစုကိုလည်း အခုအကြောင်းကြားထားပြီးဖြစ်တယ်လို့ ပြောပြပါတယ်။ ဒီနောက် ရေးကို မျက်နှာတွေဖြတ်ရိုက်လိုက်ပြီး ဘယ်လိုခံစားရသလဲဆိုကာ မေးမြန်းခဲ့ပါတယ်။ မကြာခင်မှာပဲရေးဟာ ဆရာဝန်က သူ့သူငယ်ချင်းတွမ်ဖြစ်နေမှန်း သိရှိသွားခဲ့ပါတယ်။

READ
ဒီအချက်တစ်ချက်ထဲကိုကြည့်တာနဲ့ ကောင်မလေးကိုယ့်ကို စိတ်ဝင်စားနေလားသိနိုင်တယ်။

ယင်းအဖြစ်အပျက်ကို ရိုက်ကူးထားတဲ့ဗီဒီယိုဟာ အွန်လိုင်းမှာချက်ခြင်းဆိုသလို လူသိများသွားခဲ့ပါတယ်။ ဗီဒီယိုရဲ့အဆုံးမှာတော့ သူငယ်ချင်းနှစ်ဦးကြားထဲမှာရှိတဲ့ ရင်းနှီးလွန်းတဲ့သံယောဇဉ်ကို မြင်နိုင်ပါတယ်။ တွမ်ကတော့ သူငယ်ချင်းအရက်ပြတ်အောင် အပင်ပန်းခံပြီးအခုလို ဆေးရုံခန်းအတုဖန်တီးကာ ကြိုးစားခဲ့ပါတယ်။ ရေးအနေနဲ့ တွမ်ရဲ့အရက်ပြတ်စေချင်တဲ့စေတနာကိုနားလည်ပြီး  အရက်ဖြတ်နိုင်လိမ့်မယ်လို့တော့ မျှော်လင့်မိပါတယ်။

လင်းလင်း (ShweMom)

Ref: unilad

SHARE