တရားခွင်မှာ လူမည်းတစ်ယောက်လို ဆက်ဆံခံရလို့၊ မျက်နှာကို အိုးမည်းသုတ်သွားတဲ့ တရားခံ

Hawaii News Now/YouTube

အမေရိကန် ဟာဝိုင်အီမှာ ပြစ်ဒဏ်ကျခံထားရပြီး၊ အဲဒီအတွက် အယူခံဝင်နေတဲ့ တရားခံတစ်ဦးဟာ သူကို တရားခွင်က လူမည်းတစ်ယောက်လို ဆက်ဆံနေတဲ့အတွက် စိတ်ထဲမှာ အလွန်နာကျည်းခဲ့ရပြီး၊ တစ်ကိုယ်တော် ဆန္ဒထုတ်ဖော်မှု ပြုပါတော့တယ်။

သူ့အမည်ကတော့ Mark Char ဖြစ်ပြီး၊ (၂၀၁၆)ခုနှစ်တုန်းက လူသတ်ရန်ကျူးလွန်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်ကြောင့်၊ ပြီးခဲ့တဲ့ မတ်လက သူ့ကို ထောင်ဒဏ် တစ်သက်၊ ရမ်းကားမှုအတွက် ထပ်ဆောင်းထောင်ဒဏ် (၆)နှစ် ချမှတ်ခဲ့တာပါ။

Fox News/YouTube

Mark ဟာ ဟိုနိုလူလူက First Circuit Court တရားရုံးမှာ တရားရင်ဆိုင်စဉ် သူ့မျက်နှာကို အခုမြင်ရတဲ့အတိုင်း အိုးမည်းတွေသုတ်လိမ်းလာကာ အမှုရင်ဆိုင်ခဲ့တာပါ။ Mark ဟာ မိမိကိုယ်ကို ကာကွယ်ရင်းနဲ့ ဒီအမှုဖြစ်သွားတာဖြစ်ကြောင်း သက်သေနဲ့တကွ တင်ပြခဲ့ပေမယ့်၊ တရားရုံးက ပြစ်မှုပြစ်ဒဏ် မမျှတဘဲ စီရင်ခဲ့တာလို့ ခံယူထားပါတယ်။

Mark က တရားရုံးဟာ သူ့ကို လူမည်းတစ်ယောက်လို နှိမ်ပြီးဆက်ဆံခဲ့လို့ “ ဒီနေ့ ကျွန်တော် အခုပုံစံအတိုင်း ဘာလို့ လာခဲ့ရတာလဲဆိုတော့ ခများတို့ လိုရာဆွဲတရားရုံးက ကျွန်တော့်ကို လူမည်းတစ်ယောက်လို ဆက်ဆံခဲ့ကြတဲ့အတွက် … ဒီနေ့ ကျွန်တော် လူမည်းတစ်ယောက် ဖြစ်ပြီဆိုပါတော့ဗျာ ”လို့ ပြောခဲ့ပါတယ်။ အာဏာပိုင်အဖွဲ့ကတော့ ဒီအတွက် သူ့ကို ပြစ်မှုထပ်တိုးဦးမှာလို့ သိရပါတယ်။

လင်းဇော်ကို (Shwemom)

SHARE