ဘယ်သူမှမစဉ်းစားမိတဲ့နည်းလမ်းနဲ့ ပျားရည်လာခိုးတဲ့ဝက်ဝံတွေကို ပြန်အသုံးချခဲ့တဲ့အမျိုးသား

DHA

ဝက်ဝံတွေဟာ ပျားရည်နှစ်သက်လွန်းသူတွေပါ။ ချိုမြတဲ့ပျားရည်တစ်စက် နှစ်စက်ရဖို့ အရေး ဘာမဆိုလုပ်ကြမယ့် သတ္တ၀ါတွေလည်း ဖြစ်ပါတယ်။ ၀က်ဝံတွေဟာ ပျားရည်နှစ်သက်လွန်းကြတဲ့အတွက် ပျားမွေးမြူတဲ့ နေရာတွေကို ၀င်ရောက်နှောင့်ယှက်လေ့ရှိတာကြောင် ပျားမွေးသမားတို့ အဖို့မှာ တကယ်ကို ခေါင်းခဲစရာပါပဲ။ တစ်ခါတစ်လေ ၀က်ဝံတွေ ၀င်နှောက်လို့ ပျားမွေးသမားတွေရဲ့ ပျားအုံတွေ အများကြီးပျက်စီးရတာမျိုးလည်း ရှိတတ်ပါတယ်။

ဒါပေမယ့် အီဗရာဟမ်ဆီဒက်ဖ်အမည်ရတဲ့ ပျားမွေးသမားကြီးကတော့ ပျားအုံတွေဆီ မကြာခဏလာပြီး အနှောင့်အယှက်ပေးတတ်တဲ့ ၀က်ဝံတွေကို ကြံကြံဖန်ဖန်ခိုင်းလို့ရတဲ့ နည်းလမ်းတစ်ခု စဉ်းစားမိခဲ့တာကို Boredpanda မှာ တွေ့ရှိရပါတယ်။ အဲဒါကတော့ သူဟာ ၀က်ဝံတွေကို ပျားရည်မြည်းသူတွေအဖြစ် စေခိုင်းခြင်းပါပဲ။ ဆီဒက်ဖ်ဟာ တူရကီနိုင်ငံ ထရပ်ဘ်ဇွန်မြို့က ဖြစ်ပါတယ်။

DHA

သူက ပျားတွေ မွေးပြီး ပျားရည်ရောင်းကာ စီးပွားရှာသူပါ။ အဖိုးတန်တဲ့ ပျားရည်တွေကို သေချာထုတ်ပိုးစီမံပြီး ရောင်းချဖို့က ထင်သလောက် မလွယ်ပါဘူး။ ဘာကြောင့်လဲဆိုတော့ ညဘက်ရောက်တဲ့အခါ ပျားအုံတွေနား ၀က်ဝံတွေက လာပြီး ပျားအုံတွေကို ဖျက်ဆီးကာ ပျားရည်သောက်တတ်လို့ ဖြစ်ပါတယ်။ ဆီဒက်ဖ်က ၀က်ဝံတွေ အာရုံပြောင်းအောင်ဆိုပြီး ပျားအုံတွေနားမှာ ပေါင်မုန့်၊ အသီးအနှံစတာတွေ ချကျွေးပေမယ့်လည်း မရပါဘူး။ ၀က်ဝံတွေက သောင်းကျန်းတဲ့အတွက်ဆီဒက်ဖ်ဟာ ပျားအုံတွေကို သံချိုင့်တွေထဲ ထည့်ပြီး သေချာထိန်းသိမ်းထားရပါတယ်။

READ
Suicide လုပ်ခဲ့တဲ့လူကို လှောင်ပြောင်မိတာကြောင့် ဝေဖန်ခံနေရတဲ့YouTuber

ဆီဒက်ဖ်က သူ့ပျားအုံတွေ မပျက်စီးရအောင် အမျိုးမျိုး ကြံဆပေမယ့်လည်း အဆာငမ်းလှတဲ့ ၀က်ဝံတွေကြောင့် ပျက်စီးဆုံးရှုံးမှုတွေ ရှိနေတာတော့ အမှန်ပဲ ဖြစ်ပါတယ်။ ဆီဒက်ဖ်က ၀က်ဝံတွေရဲ့ အမူအကျင့်ကို လျှို့ဝှက်ကင်မရာတွေ တပ်ပြီး လေ့လာပါတယ်။ ပြီးတဲ့နောက် လောဘကြီးလှတဲ့ ဒီလိုဝက်ဝံမျိုးတွေကို ဘယ်နေရာမှာ ပြန်အသုံးချမလဲလို့ စဉ်းစားကြည့်လိုက်တဲ့အခါမှာတော့ ဆီဒက်ဖ်က သူတို့ကို ပျားရည်မြည်းစမ်းသူတွေအဖြစ် တာဝန်ပေးဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

DHA

ဝက်ဝံတွေဟာ ပျားရည်တွေရဲ့ အရည်အသွေးနဲ့ ပတ်သက်လို့ တော်တော်ကျွမ်းကျင်ပါတယ်။ အကောင်းဆုံးဆိုတဲ့ ပျားရည်ကိုမှ သူတို့က ရွေးချယ်စားသုံးတတ်ကြပါတယ်။ ဒါကြောင့် ဆီဒက်ဖ်ဟာ ပျားရည်အမျိုးအစား (၄) မျိုးကို စားပွဲခုံတစ်လုံးပေါ်မှာ တင်ထားပြီး စမ်းကြည့်ပါတယ်။ ဒီအခါ တွေ့ရှိရတာက ၀က်ဝံတွေဟာ ချထားတဲ့ ပျားရည်(၄) မျိုးထဲ အရသာအကောင်းဆုံးပျားရည်ကိုမှ ရွေးချယ်ကြောင်းနဲ့ ဘယ်နေရာမှာပဲ ထားထား သူတို့ဦးဆုံးရွေးချယ်တဲ့ ပျားရည်ဟာ Anzer ပျားရည်ဖြစ်ကြတယ်လို့ သိရပါတယ်။ တစ်ခါတစ်လေမှာတော့ ၀က်ဝံတွေဟာ Anzer ပျားရည်ကလွဲလို့ တစ်ချို့ ပျားရည်တွေဆိုရင် ထိတောင် မထိဘူးလို့လည်း ဆီဒက်ဖ်က ပြောပြခဲ့ပါတယ်။

READ
ဆေးစွဲပြီး လေလွင့်နေတဲ့သူငယ်ချင်းရဲ့ဘဝကို ပြောင်းလဲပေးနိုင်ခဲ့တဲ့ အမျိုးသမီး

လင်းလင်း (ShweMom)

SHARE