ကောင်မလေးတွေ ငြင်းပယ်တာခံရလေ့ရှိတဲ့ အမျိုးသားများ

ကောင်မလေးတွေ ငြင်းပယ်လေ့ရှိတဲ့ အမျိုးသားတွေကို Shwemom က ဖော်ပြလိုက်ပါတယ်။ အမျိုးသားပရိသတ်ကြီး
အတွက် အသုံးဝင်ပါလိမ့်မယ်။

(၁) အခင်ဆုံးသူငယ်ချင်း

အခင်ဆုံးသူငယ်ချင်းတွေ ချစ်ရေးဆိုတဲ့အခါမှာ မိန်းကလေးတွေဘက်က အကြောင်းပြ ()ချက် ရှိပါတယ်။ နံပတ်(၁)ကတော့ သူငယ်ချင်းလို၊ အစ်ကိုလို၊ မောင်လိုပဲ ခင်မိတယ်ဆိုတာ သေချာလို့ပါ။ နောက်တစ်ခုကတော့ သိပ်ရင်းနီးလွန်းလို့ လက်တည့်စမ်းတာလားဆိုတဲ့ အတွေးကြောင့် (အချစ်ကို တကယ်ကျကျနနမယုံသေးလို့) ဖြစ်ပါတယ်။ နောက်တစ်ခုက
တော့ သင့်အရင် တစ်စုံတစ်ယောက်က သူ့နှလုံးသားကို ပိုင်ဆိုင်ထားပြီးသား အခြေအနေမို့ပါ။

(၂) သိပ်ကိုတော်ပြီး မောက်မာလွန်းသူ

ဒါကလည်း အလွန်အမြင်ကပ်စရာ ကောင်းတဲ့သူတွေ ဖြစ်ပါတယ်။ အများအားဖြင့် သူတို့တစ်တွေဟာ ဘယ်နေရာမှာပဲဖြစ်ဖြစ် ထူးချွန်ထက်မြတ်လေ့ရှိပြီး ပုံစံက နည်းနည်း စောင့်ကြွားကြွား နိုင်ပါတယ်။ ဒီလို လူမျိုးကို အမျိုးသမီးတွေ ငြင်းဆန်လေ့ရှိပါတယ်။

READ
စိတ်ဝင်စားတဲ့ကောင်မလေးနဲ့ပထမဆုံးချိန်းတွေ့တဲ့အချိန်မှာ ဆောင်ရန်ရှောင်ရန်များ

(၃) ကိုယ့်ကိုယ်ကို ဆရာကြီးလို့ ထင်သူ

ဒါကတော့ ဒုတိယလူနဲ့ သိပ်မထူးပါဘူး။ သူ့မှာ ထူးခြားချက်က ရုပ်ရည်ပဲ ဖြစ်ပါတယ်။ ကောင်မလေးတွေ သဘောကျနိုင်မယ့် ရုပ်ရည်မျိုးပေါ့။ ဒါကို သူက အားကိုးပြီး ဘယ်သူ့ကို လိုက်လိုက် ရကိုရမယ်လို့ ထင်နေတဲ့ ဘ၀င်သမားမျိုးပါ။ အမျိုးသမီးတွေဟာ ဒီလိုလူတွေ ချဉ်းကပ်ခံရပြီဆိုရင် တော်တော်လေး စဉ်းစားပါတယ်။ ရုပ်ကလေး ဗန်းပြပြီး အိုင်တွေ့တိုင်း ခြေဆေးမယ့်လူလား … ပေါ့တိပေါ့ပြတ်လူလား … ဆိုပြီးပေါ့။

(၄) ခပ်တုံးတုံးအမျိုးသား

ရိုးတာနဲ့ အ,တာ မတူပါဘူး။ ဒါပေမယ့် ရိုးလွန်းရင် အ,သွားတတ်ပါတယ်။ အ,လွန်းတော့ ထုံသွားတတ်ပါတ်။ ထုံလွန်းတော့ တုံးသွားတတ်ပါတယ်။ ဒီလို ငတုံးမျိုးကိုလည်း အမျိုးသမီးတွေဟာ သဘောကျလေ့ မရှိပါဘူး။

READ
အခြေအနေအရ ချစ်သူရဲ့ ဘယ်လိုနေရာမျိုးကို နမ်းသင့်လဲ ... ?

(၅) ပြင်ပအမြင်အရ စွဲဆောင်မှုမရှိသူ

တစ်ခါတလေ ကိုယ်ရဲ့အ၀တ်အစားနဲ့ ပုံစံကို ဟုတ်လှပြီ မှတ်နေတဲ့သူတွေ ရှိပါတယ်။ အမျိုးသမီးတွေ အမြင်မှာတော့ အဲဒီလိုပုံစံဟာ အူကြောင်ကြောင်၊ ဂေါက်တောက်တောက်၊ ခပ်ပိန်းပိန်းစတိုင် ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ဒါက မိန်းကလေး
ရဲ့ ကြိုက်နှစ်သက်မှုကို မသိဘဲ ရမ်းသမ်းပိုးမိနေတဲ့လူမျိုးပေါ့။

နတ်စည်တော် (Shwemom)

sm

SHARE