Gym တွေပိတ်ထားရလို့ Trainer တွေကိုယ်တိုင် ဒူးရင်းသီးရောင်းနေရတဲ့အဖြစ်

Facebook/BsamfruitDurianDelivery

ကိုဗစ်ကပ်ဆိုးကာလကြီးမှာ တော်တော်များများကတော့ အလုပ်အကိုင်နဲ့ ဝင်ငွေတွေ ထိခိုက်ကြလို့ ကြံရာမရ ဖြစ်နေကြပါလိမ့်မယ်။ အသက်မွေးဝမ်းကြောင်းမှုပညာ တော်တော်များများ တက်မြောက်ထားသူတွေဆိုရင်တော့ တစ်ခုမဟုတ် တစ်ခုကအဆင်ပြေနိုင်ပါတယ်။ သရုပ်ဆောင်နယ်ပယ်ကလူတွေဆို ရိုက်ကွင်းတွေနားထားတော့ ထမင်းတွေ၊ ဟင်းတွေ ချက်ရောင်းတာမျိုးတွေဟာ အတော်လေး ခေတ်စားခဲ့ပါတယ်။

အခုလည်း Gym က ဆရာကြီးတစ်သိုက်လည်း ကိုဗစ်ကြောင့် သူတို့ Gym ကို ပိတ်ထားရတဲ့အတွက် ဒူးရင်းသီးရောင်းရင်းနဲ့ ဝင်ငွေကာမိစေဖို့ ကြိုးစားခဲ့ကြပါတယ်။ အံ့သြဖို့ကောင်းတာက သူတို့တစ်တွေ တက်ညီလက်ညီ ဆိုင်စထိုင်လိုက်တာနဲ့ ဒူးရင်းသီးတွေဟာ အလကားဝေလိုက်သလို ပြိုက်ကနဲ့ ကုန်နေတာပါတဲ့။

Posted by Bsamfruitทุเรียนเดลิเวอรี่ on Tuesday, April 21, 2020

ဒီ Gym ဆရာတွေကတော့ ထိုင်းနိုင်ငံကပါ။ လူမှုကွန်ရက် အသုံးပြုသူတွေကတော့ အခုဆိုရင် ဒူးရင်းသီးဝယ်ရမှာ ပျင်းခြောက်ခြောက်ကြီး မဟုတ်တော့ဘူးလို့ ပြောနေသလို၊ Gym ကစားဖို့ကိုလည်း စိတ်အားတွေ ထက်သန်နေတယ်လို့ ဆိုကြပါတယ်။ ဒါပေမယ့် ဒီဒူးရင်းသီးတွေက သူတို့ ကိုယ်ပိုင်တော့ မဟုတ်ပါဘူးတဲ့။

Posted by Bsamfruitทุเรียนเดลิเวอรี่ on Tuesday, April 21, 2020

ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့အခြေစိုက် Bsamfruit Durian Delivery လုပ်ငန်းကနေ သီးခြားငှားရမ်းထားတဲ့ Gym ဆရာတွေပါ။ သူတို့တစ်တွေကလည်း အလုပ်နားနေရလို့ လက်ခံလိုက်ပုံပါဘဲ။ Bsamfruit လုပ်ငန်းအနေနဲ့ ဒူးရင်းသီးတွေလှိုင်နေချိန်မှာ အရှုံးခံလည်ပတ်ခဲ့ပါတယ်။ အရှုံးခံတယ်ဆိုတာက လူတိုင်းက ကိုဗစ်ကို လန့်နေကြလို့ အမှာတွေ နည်းပါးခဲ့တာကြောင့်ပါ။

Posted by Bsamfruitทุเรียนเดลิเวอรี่ on Wednesday, August 5, 2020

အခု အစိုးရက စည်းမျဉ်းတချို့ကို ဖြေလျှော့ပေးခဲ့တာကြောင့် ဆိုင်တွေပြန်ဖွင့်သလို၊ သတ်မှတ်ချက်များနဲ့အညီ လွတ်လပ်စွာ သွားလာခွင့်တွေလည်း ရှိလာခဲ့ပါတယ်။ ဒါပေမယ့် ဈေးသည်တွေအဖို့ ကာစတမ်မာတွေ အစုလိုက်အပြုံလိုက် ဝယ်ဖို့အတွက် နည်းလမ်းအသစ်တွေ စဉ်းစားတဲ့အခါ၊ Bsamfruit လုပ်ငန်းက ဒီအဖြေကို သွားတွေ့ခဲ့တာပါ။

วันหยุดแบบนี้ แวะมาพบพวกเราและเลือกทานผลไม้ อาหาร เครื่องดื่มต่างๆอีกมากมายได้ที่…

Posted by Bsamfruitทุเรียนเดลิเวอรี่ on Saturday, August 8, 2020

သူတို့အနီးအနားက Gym ကလည်း ပိတ်ထားတဲ့အတွက် စုံစမ်းညှိနိုင်းလိုက်တဲ့အခါမှာတော့ အဆင်ပြေသွားပါတယ်။ ရောင်းအားကတော့ ကြောက်ခမန်းလိလိ တက်လာခဲ့ပြီး၊ ဘဝတူလုပ်ငန်းရှင်တွေကတောင် မျက်ခုံးပင့်ကြည့်ရတဲ့အထိပါတဲ့။ Bsamfruit လုပ်ငန်းပိုင်ရှင်က ဒူရင်းသီးကဖေးပုံစံ ဖွင့်ပြီး၊ Gym ဆရာတွေကို ဝန်ဆောင်မှု ပေးစေတာ ဖြစ်ပါတယ်။ ဒီနည်းကို ရွေးချယ်လိုက်မိတာကြောင့် Bsamfruit လုပ်ငန်းပိုင်ရှင်ကတော့ Gym ဆရာတွေ အလုပ်ပြန်ဖွင့်မှာကို စိုးရိမ်နေပုံရပါတယ်။

လင်းသူရိန်

SHARE