မိန်းကလေးအယောက် ၄၀ ရဲ့ အဝတ်မဲ့ပုံတွေကို ခိုးရိုက်တင်လို့ အဖမ်းခံလိုက်ရတဲ့ Gym ဝန်ထမ်း

အမေရိကန်၊ မစ်ဆူရီပြည်နယ်မှာ နေထိုင်တဲ့ ၂၆ နှစ်အရွယ် အမျိုးသား Michael A. Koch ဆိုသူကတော့ Spa လာတဲ့ အမျိးသမီးဧည့်သည်တွေရဲ့ အဝတ်မဲ့ပုံတွေကို ခိုးရိုက်မှုနဲ့ ဖမ်းဆီးအရေးယူခံလိုက်ရတယ်လို့ သိရပါတယ်။

Koch ဟာ O’Fallon မြို့က St. Peters Club Fitness ဆိုတဲ့ gym တစ်ခုမှာ ၂၀၁၀ ကနေ ၂၀၁၇ အထိ အလုပ်လုပ်ခဲ့ပါတယ်။ သူဟာ ထို gym ရဲ့ spa ဆီ လာတဲ့ အမျိုးသမီးပေါင်း ၄၁ ယောက်ရဲ့ ဝတ်လစ်စလစ်ပုံတွေကို ခိုးရိုက်ပြီး ရုရှားဓာတ်ပုံဝက်ဘ်ဆိုဒ်မှာ ပုံပေါင်း ၁၇၅ ပုံတင်ခဲ့တာပါ။

Facebook

အမျိုးသမီးများ အသားညိုခံစက် tanning bed ကို အသုံးပြုနေစဉ် တရားခံဟာ အထက်မှာ ဖော်ပြထားသလို မဖွယ်မရာ ကြံစည်ခဲ့တာ ဖြစ်ပါတယ်။ ပြစ်မှု စကျူးလွန်ခဲ့တဲ့ ကာလကတော့ မေလ ၂၀၁၆ ခုနှစ်ကတည်းက ဖြစ်ပြီး ၂၀၁၈ စက်တင်ဘာလမှာ ဖမ်းမိခဲ့တာဖြစ်ပါတယ်။

READ
အမျိုးသားသုံးဦးကို မဟုတ်မမှန် တရားစွဲဆိုခဲ့တဲ့အမျိုးသမီး ထောင်ဒဏ်ချမှတ်ခံခဲ့ရ
Google

ပြီးခဲ့တဲ့ စက်တင်ဘာလတုန်းက Koch တစ်ယောက် အသားညိုခံစက် အခန်းနဲ့ gym ကို ခြားထားတဲ့ နံရံနားမှာ ဖုန်းကင်မရာ ထောင်ရိုက်နေတာကို တွေ့ရှိခဲ့ပြီးနောက် သူ့ကို ဖမ်းဆီးခဲ့ကြပါတယ်။ အခြား gym ဝန်ထမ်းတစ်ဦးက လုံခြုံရေး ကင်မရာ မှတ်တမ်းကို သေချာပြန်စစ်ဆေးပြီးနောက် သက်ဆိုင်ရာကို အကြောင်းကြားခဲ့ခြင်း ဖြစ်ပါတယ်။

Facebook

Koch ကိုတော့ ကိုယ်ရေးကိုယ်တာ ချိုးဖောက်မှု ၃ မှုနဲ့ တရားစွဲဆိုခဲ့ပြီး ဒဏ်ငွေ အမေရိကန်ဒေါ်လာ ၁သောင်းခွဲ ဆောင်စေခဲ့ပါတယ်။ Gym ဘက်ကတော့ gym ဧည့်သည်တွေနဲ့ ဝန်ထမ်းတွေရဲ့ ကိုယ်ရေးကိုယ်တာလုံခြုံမှုကို တိုးမြှင့်သွားမှာ ဖြစ်ပြီး သံသယရှိစရာ တွေ့တာနဲ့ အာဏာပိုင်တွေကို ချက်ချင်း အကြောင်းကြားမှာလည်း ဖြစ်ကြောင်း ပြောခဲ့ပါတယ်။

Ref: Dailymail

SHARE