ကြိုးတန်းပေါ်ကို နောက်ပြန်ခုန်ပြီး ခြေစုံရပ်နိုင်တဲ့ ကမ္ဘာ့ပထမဆုံးကျွမ်းဘားသမား

အောက်မှာ တွေ့ရမယ့် ဗီဒီယိုလေးကတော့ ထူးခြားတဲ့ ဗီဒီယိုလေးတစ်ခုဖြစ်ပါတယ်။ ဗီဒီယိုထဲမှာတော့ တော်တန်ရုံ ကျွမ်းဘားသမားတောင် မလုပ်နိုင်တဲ့ ပြကွက်ကို Jaan Roose ဆိုသူ အမျိုးသားတစ်ဦးက တင်ဆက်ပြသခဲ့တာ ဖြစ်ပါတယ်။ သူဟာ Vihtra မြို့က အားကစားရုံတစ်ရုံထဲမှာ ကြိုးတန်းပေါ်ကနေ နောက်ပြန်ကျွမ်းထိုးပြီး ၄င်းကြိုးတန်းပေါ်ကိုပဲ ခြေစုံပြန်ချပြတဲ့ ခက်ခဲလွန်းတဲ့ ပြကွက်တစ်ခုကို လုပ်ပြခဲ့တာ ဖြစ်ပါတယ်။ ဒီအားကစားနည်းကိုတော့ Slacklining လို့ ခေါ်ပါတယ်။

newsflare

ဒါပေမယ့် ဗီဒီယိုအစပိုင်းမှာတော့ Jaan ဟာ ပြကွက်ကို အောင်မြင်အောင်လုပ်ဖို့ အကြိမ်ပေါင်းများစွာ ကြိုးစားခဲ့တာကို တွေ့ရမှာပါ။ ကြိုးတန်းပေါ်ကနေ ရုပ်ပျက်ဆင်းပျက်နဲ့ အောက်ကို ပြုတ်ကျတာလည်း တွေ့မြင်ရမှာပါ။ ကနဦးပြုလုပ်တဲ့ ကြိုးစားမှူတွေမှာတော့ Jaan ဟာ အောက်ဘက်ကို ဦးခေါင်း၊ လည်ပင်း၊ နောက်ကျောတွေနဲ့ ပစ်ကျပြီး နောက်တစ်ခေါက်ကျတော့မှ အောင်မြင်အောင် စွမ်းဆောင်နိုင်ခဲ့တာ ဖြစ်ပါတယ်။

newsflare

ကြိုးတန်းပေါ်ကနေ နောက်ပြန်ခုန်ပြီး ကြိုးတန်းပေါ်ကို ခြေစုံပြန်ရပ်နိုင်ဖို့ဆိုတာ သာမန်အစွမ်းအစနဲ့တော့ မဖြစ်နိုင်ပါဘူး။ လူတစ်ကိုယ်လုံး ဟန်ချက်ညီတော့မှ အောင်မြင်မှာဖြစ်ပါတယ်။ Jaan ဟာ အခုလို စတန့်ပြကွက်ကို လုပ်ဆောင်နိုင်တဲ့ ကမ္ဘာ့ပထမဆုံး Slacklining ကျွမ်းဘားသမားလည်း ဖြစ်ပါတယ်။ Jaan ဟာ ပရိုဖက်ရှင်နယ် ကျွမ်းဘားသမားဖြစ်တဲ့အပြင် Assassin’s Creed ရုပ်ရှင်ထဲမှာလည်း စတန့်သမားတစ်ဦးအဖြစ် ပါဝင်သရုပ်ဆောင်ခဲ့ ဖူးပါတယ်။

newsflare

သူ့ကို ကျော်ကြားစေခဲ့တဲ့ ခုပြကွက်နဲ့ ပတ်သက်လို့ Jaan ဟာ Newsflare ကို အခုလို ပြောပြခဲ့ပါတယ်။

“…ကျွန်တော် ဒီ Slacklining ကြိုးတမ်းလျှောက်မှာ ကျင်လည်ခဲ့တာ ()နှစ်လောက် ရှိနေပါပြီ။ ကျွမ်းဘားသမားတိုင်းလိုလို ရချင်တဲ့ ဒီစတန့်ကိုတော့ () နှစ်လောက် အတွေ့အကြုံတွေ မျိုးစုံဖြတ်သန်းပြီးတော့မှ ရလာခဲ့တာပါ။ ဒီပြကွက်ပေါ်လာကတည်းက အခုအချိန်ထိကို ကြိုးတန်းပေါ် နောက်ပြန်ခုန်ပြီး ခြေစုံပြန်ရပ်အောင် လုပ်နိုင်တဲ့သူ တစ်ယောက်မှ မရှိသေးပါဘူး…”

READ
သားပိုက်ကောင်တွေကို ကားနဲ့ တိုက်သတ်သူအား ရဲတပ်ဖွဲ့စစ်ဆေးနေ
newsflare

Slacklining ဟာ ကြိုးတန်းလျှောက်အားကစားနည်းနဲ့ ခပ်ဆင်ဆင်ပါ။ ဒါပေမယ့် တစ်ခုထူးခြားတာက ကြိုးတင်းတာနဲ့ ကြိုးပြေလျော့တာပဲ ကွာပါတယ်။ Slacklining မှာတော့ ကြိုးတွေဟာ ပိုပျော့ပါတယ်။ ဒါကြောင့် သာမန်ကျွမ်းဘားသမားအဖို့ ခုန်ပြီး ပြကွက်အမျိုးမျိုးတွေ လုပ်နိုင်ဖို့က ပိုခက်ခဲပါတယ်။ ယနေ့ခေတ်မှာ တွေ့ရတဲ့ ကျွမ်းဘားလေ့ကျင့်ခန်းတွေဟာ အမေရိကန်နိုင်ငံ ၀ါရှင်တန်ပြည်နယ် အနောက်မြောက်ပိုင်း စတင်ခဲ့တဲ့ (၁၉၇၀) နှောင်းပိုင်းကတည်းက ဆက်ခံလာတဲ့ ကျွမ်းဘားပညာရပ်တွေဖြစ်တယ်လို့ သိရပါတယ်။

လင်းလင်း (ShweMom)

Ref: Dailymail

SHARE