H1N1 ဗိုင်းရပ်စ် ဘယ်လိုကာကွယ်မလဲ

H1N1 တုပ်ကွေးဆိုတာဘာလဲ

Dr. Tint Swe ရဲ့ဆောင်ပါးမှ ကူးယူးဖော်ပြထားခြင်းပါတယ်။

H1N1 flu ကို swine flu လို့လည်းခေါ်ပြီး တုပ်ကွေးတမျိုးဖြစ်ပါတယ်။ ဒီတုပ်ကွေးက ဝက်တွေမှာစဖြစ်ခဲ့တာဖြစ်ပြီး လူကိုကူးနိုင်တယ်လို့ ဆိုပါတယ်။  ၂ဝဝ၉ ခုနှစ်တုန်းက ကမ္ဘာမှာကပ်ရောဂါလို ပြန့်ခဲ့တာဖြစ်ပါတယ်။ ရာသီဥတုအပြောင်းမှာ ဖြစ်တတ်တဲ့တုပ်ကွေးနဲ့တူပြီး လက်ရှိအချိန်မှာ ကာကွယ်ဆေးပေါ်နေပြီဖြစ်ကာ တနှစ်တခါထိုးရတယ်လို့ ဆိုပါတယ်။

ရောဂါလက္ခဏာတွေ

ကူးစက်ခံရရင် နှာချေမယ်။ ချောင်းဆိုးမယ်။ အဲတာထဲမှာ ဗိုင်းရပ်စ်တွေပါနေမယ်။ သူများကိုကူးစက်မယ်။ ကိုယ်လည်း အဲလိုကနေကူးလာတာ။ တရက်နေရင် ရောဂါစခံစားရတယ်။ ၇ ရက်ကနေ ၁ဝ ရက်အထိကြာတတ်တယ်။ ကိုယ်ပူမယ်။ လည်ချောင်းနာမယ်။ ခေါင်းကိုက်၊ ကိုယ်လက်တွေနာ၊ ချမ်း၊ အားကုန်နေမယ်။ တချို့မှာ အသက်ရှူခက်မယ်။ အန်မယ်။ ဗိုက်နာမယ်။ ခေါင်းမူးမယ်။ စိတ်မကြည်မလင်ဖြစ်မယ်။ ကံမကောင်းရင် နူမိုးနီးယားဆက်ဖြစ်တတ်တယ်။  ဆီးချို၊ ပန်းနာအခံရှိသူတွေ ကူးစက်ခံရရင် အခံရောဂါပိုဆိုးတတ်တယ်။ ဝက်သားစားလို့ မကူးပါ။

H1N1 တုပ်ကွေး ကာကွယ်ရေး

၁။ နေမကောင်းရင် အိမ်မှာသာနေထိုင်ပါ။ အဖျားပျောက်ပြီး ၂၄ နာရီအထိ အပြင်မထွက်ပါနဲ့။ ကိုယ့်ရောဂါ သူများတွေကို မပေးပါနဲ့။ လူတွေနဲ့ထိတွေ့တာ နည်းပါစေ။ ရောဂါလိုက်ရှာသလိုမဖြစ်အောင် ရောဂါမရသေးသူတွေက လူစုလူဝေးရှောင်ပါ။

၂။ လက်မကြာခဏဆေးပါ။ ရေ + ရိုးရိုးဆပ်ပြာသုံးပါ။ ရေနဲ့ဝေးရင် Alcohol-based hand sanitizer ဟင်းဆင်နတိုက်ဇာ ဆေးရည်သုံးပါ။ လက်ကိုမကြာခဏဆေးပါ။ အထူးသဖြင့် ချောင်းဆိုး နှာချေပြီးတိုင်းဆေးပါ။

၃။ ချောင်းဆိုးတိုင်း၊ နှာချေတိုင်းမှာ နှာခေါင်းကို ဖုံးအုပ်ထားပါ။ နှာခေါင်းစည်းသုံးပါ။ တစ်ရှူးသုံးပါ။ စနစ်တကျစွန့်ပါ။ တံတောင်ဆစ်ထဲချောင်းဆိုးတဲ့အကျင့်လုပ်ပါ။

၎။ ထိတွေ့မှု နည်းနိုင်သမျှနည်းပါစေ။ လူများရာကို မသွားပါနဲ့။ အသက် ၅ နှစ်အောက်နဲ့ ၆၅ နှစ် ကျော်သူတွေ ပိုသတိထားပါ။

READ
ပျော့ဆေးကို ဆံပင်အတွက်တင်မကပဲ တခြားနေရာတွေမှာ ဒီလိုသုံးလို့ရပါတယ်….

၅။ ကြမ်းပြင်၊ မျက်နှာပြင်နဲ့ အသုံးအဆောင်တွေမှာ ရောဂါရှိသူဆီက နှာချေ ချောင်းဆိုးရာကနေထွက်လာတဲ့ ဗိုင်းရပ်စ်တွေ ကပ်နေနိုင်တယ်။ လက်နဲ့ မျက်စိ၊ နှာခေါင်း၊ ပါးစပ်ကို ထိကိုင်တာ သတိထားပါ။ လက်မှာ ပိုးတွေပါနေနိုင်တယ်။

၆။ Flu vaccination ကာကွယ်ဆေးကို အသက် ၆ လအထက်ထိုးနိုင်တယ်။ ဗိုင်းရပ်စ် ၂-၃ မျိုးကိုပါကာကွယ်မယ်။ ထိုးဆေး + နှာခေါင်းထဲထည့်ဆေးလို့ ၂ မျိုးလာတယ်။ နှာခေါင်းထဲထည့်ဆေးကိုတော့ အသက် ၂ နှစ်ကနေ ၄၉ နှစ်အထိ ကိုသာပေးတယ်။ ကိုယ်ဝန်ဆောင်ကို မပေးရပါ။ ကြက်ဥနဲ့မတည့်သူတွေ မပေးရပါ။ HIV ရှိသူတွေနဲ့ ပန်းနာရှိသူတွေ မပေးရပါ။

၇။ ကျောင်း-ရုံး ပိတ်သင့် မသင့် ကျန်းမာရေးဌာနက ဆုံးဖြတ်တာလိုက်နာပါ။

၈။ လိုတာထက် ပိုမစိုးရိမ်ပါနဲ့။ ကျန်းမာရေးဌာန တာဝန်ရှိသူတွေကပြောတာမဟုတ်ရင် မယုံပါနဲ့။ သတင်းအမှားတွေ မျှဝေတာ မလုပ်ပါနဲ့။ ဗိုင်းရပ်စ်စားဆေးတွေနဲ့ ကာကွယ်လို့မရပါ။ ရောဂါ ၃ မျိုးကာကွယ်ဆေး မဟုတ်ပါ။ Monovalent တမျိုးတည်းကာကွယ်ဆေးလို့ခေါ်တယ်။ ကာကွယ်ဆေး၊ ထိုးဆေး၊ စားဆေးကြော်ငြာတွေ သတိထားပါ။

H1N1 တုပ်ကွေး ကာကွယ်ဆေး ဘယ်လိုထိုးမလဲ

H1N1 နဲ့ Swine flu လည်းခေါ်ကြတဲ့ တုပ်ကွေးဗိုင်းရပ်စ် ကာကွယ်ဆေးဟာ ၂ဝဝ၉ ခုနှစ်ထဲမှာ ၂ မျိုး ပေါ်နေပြီလို့ ဆိုပါတယ်။တခုက လက်မောင်းမှာထိုးရတဲ့ Flu shot ထိုးဆေးဖြစ်ပြီး နောက်တမျိုးက Nasal spray flu vaccine (LAIV) ရှူဆေးပါ။ ထိုးဆေးကို ဗိုင်းရပ်စ်ပိုး အသေတွေနဲ့ ထုတ်လုပ်ထားပြီး၊ ရှူဆေးကိုတော့ အားနည်းသွားအောင် လုပ်ထားတဲ့ ဗိုင်းရပ်စ်တွေနဲ့ လုပ်ထားပါတယ်။ ကိုယ်ဝန်ဆောင်တွေ အပါအဝင်၊ အသက် ၆ လ အထက် သုံးနိုင်တယ်လို့ အခုထိ သတ်မှတ်ပါတယ်။

READ
မျက်လုံးကျန်းမာရေးအတွက် သဘာဝအစားအစာ(၆)မျိုး

ရှူဆေးကိုတော့ ကိုယ်ဝန်ဆောင်မပါ၊ ၂ နှစ် ကနေ ၄၉ နှစ်ရှိသူတွေအတွက်လို့ သတ်မှတ်ပါတယ်။ မနှစ်ကထုတ်တဲ့ ကာကွယ်ဆေးတွေကို ဒီနှစ် ၂ဝ၁ဝ နှစ်ဝက်လောက်အထိ သုံးနိုင်ပါတယ်။ ဘာလို့လဲ ဆိုတော့ ရောဂါပိုးဆိုတာ ဆေးပြီးတာ၊ ဆေးယဉ်ပါးတာမျိုး ဖြစ်လာတတ်လို့ ဒီဆေးနဲ့မရရင် နောက်ဆေးသစ် ထုတ်ဘို့ လိုချင် လိုမှာမို့ပါ။ မလိုချင်လဲ မလိုဘူး။ ဆေးပေါ်တဲ့နှစ် ၂ဝဝ၉ ကိုယူပြီး၊ ဆေးနာမယ်ကို 2009 H1N1 လို့ လုပ်ထား ပါတယ်။

H1N1 တုပ်ကွေး ကာကွယ်ဆေးဘေးထွက် ဆိုးကျိုးတွေက ဘာတွေလဲ

ကြက်ဥနဲ့ မတည့်တဲ့လူတွေ ဒီဆေးနဲ့မတည့် ဖြစ်တတ်တယ်။ ထိုးဆေးရဲ့ ဘေးထွက် ဆိုးကျိုးတွေကတော့ ဆေးထိုးတဲ့ နေရာမှာ နာတာ၊ နီတာ၊ ရောင်တာတွေ ဖြစ်တတ်တယ်။ နဲနဲဖျားမယ်။ ကိုက်ခဲမယ်။ ၁ ရက် ၂ ရက် လောက်ပါဘဲ။ ရှူဆေးကတော့ နှာရည်ယို၊ ခေါင်းကိုက်၊ အန်ချင်၊ ကိုက်ခဲ၊ ကိုယ်ပူတာတွေ ဖြစ်နိုင်တယ်။ နောက်ပိုင်း ရှူဆေးကို ဆက် မသုံးတော့တာ တွေ့ရတယ်။ သိထားဘို့က ဒီထုတ်ပြန်ချက်တွေဟာ ဆေးကုမ္ပဏီတွေကနေ၊ တွေ့သိသလောက်ကို ပြောတာတွေသာ ဖြစ်တယ်။ မသိနိုင်တာတွေလဲ ရှိနိုင်တာပေါ့။ ဒါပေမဲ့ အကြောက်ကြီး ကြောက်ဖို့တော့ မလိုပါ။

Myo Ko (shwemom)

Shwemom Team မှ စီစဉ်တင်ဆက်သော www.shwemom.com တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် Facebook စာမျက်နှာ ၊ Website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

 

SHARE