HA HA နဲ့ Byul တို့ပြောပြတဲ့ လက်တွဲဖော်အဖြစ် ရွေးချယ်ခဲ့ကြတဲ့အပေါ် ခံစားချက်

ig/@quanhaha79

အဆိုတော် HA HA နဲ့ ဇနီးချောလေး Byul တို့က သူတို့နှစ်ယောက် လက်ထပ်ပြီးနောက်မှာ သူတို့ရွေးချယ်လိုက်တဲ့ သူအပေါ် ခံစားချက်လေးတွေကို ဝေမျှပြောပြပေးခဲ့ကြပါတယ်။ JTBC television show တစ်ခုဖြစ်တဲ့ “We Cannot Be the First One” ဆိုတဲ့ အစီအစဉ်မှာ HA HA နဲ့ Byul တို့က ဧည့်သည်တွေအဖြစ် ရောက်ရှိလာခဲ့ကြတာ ဖြစ်ပါတယ်။ ဒီသတင်းကိုတော့ sbs က ဖော်ပြထားတာ ဖြစ်ပါတယ်။

 

ဒီအစီစဉ်မှာ entertainer ဖြစ်တဲ့ Kang Jae-jun က HA HA နဲ့ Byul တို့နှစ်ယောက်ကို လက်ထပ်ဖြစ်ခဲ့တဲ့ အကြောင်းနဲ့ ပတ်သက်ပြီး မေးမြန်းခဲ့ပါတယ်။ HA HA ရဲ့ အဖြေကတော့ “ ကျွန်တော် သူမနဲ့ ရှိနေတဲ့အတွက် အရမ်းကို ပျော်ရွှင်ရပါတယ် ဒါကြောင့်မို့လို့ ကျွန်တော် ဘယ်တုန်းကမှ လမ်းခွဲဖို့ ဆိုတာမျိုးကို မစဉ်းစားမိပါဘူး” ဆိုပြီး ဖြေကြားခဲ့ပါတယ်။

READ
လူမှားရလောက်တဲ့ အထိ ပုံပြောင်းသွားတဲ့ ခိုင်နှင်းဝေ

 

 

View this post on Instagram

 

#여보 #젊음 #미안 #만취 #사랑해

A post shared by ha dong hoon (@quanhaha79) on

Kang Jae-jun က Byul ကို HA HA နဲ့ လက်ထပ်လိုက်တဲ့အတွက် ပျော်ရွှင်ရဲ့လားလို့ မေးတဲ့အခါမှာ Byul က “ တကယ်လို့ ကျွန်မသာ HA HA နဲ့ မတွေ့ခဲ့ဘူးဆိုရင် ကျွန်မခုလိုမျိုး ပျော်ရွှင်နေမယ်လို့ မထင်ဘူး ကျွန်မ တစ်ခြားယောကျာ်းတစ်ယောက်နဲ့ လက်ထပ်ဖို့ကို စိတ်ကူးတောင် မယဉ်မိခဲ့ဖူးပါဘူး” လို့ ပြန်လည် ဖြေကြားခဲ့ပါတယ်။

 

 

View this post on Instagram

 

여보랑 이런저런 얘기나누다… 아오~!! 사…사.. 앨범을 뒤지다가.. #결혼전

A post shared by ha dong hoon (@quanhaha79) on

အဲနောက်မှာတော့ HA HA  က ခုလိုမျိုး ဟာသနှောကာ ပြောခဲ့ပါတယ် “ ကျွန်တော် တစ်ခြားကောင်မလေးတစ်ယောက်နဲ့ လက်ထပ်လို့ ရပါတယ် ဒါပေမယ့် ကျွန်တော်သာ Byul နဲ့ လက်မထပ်ခဲ့ဘူးဆိုရင် ကျွန်တော်တို့ရဲ့သားလေး Dream ဟာလည်း ကျွန်တော်တို့ဆီကို ရောက်လာခဲ့မှာ မဟုတ်ဘူး ကျွန်တော်တို့ရဲ့ ကလေးတွေက ကျွန်တော်တို့ နှစ်ယောက်ရှိမှပဲ ဖြစ်လာမှာပါ” ဆိုပြီး ပြောပြသွားခဲ့ပါတယ်။

READ
သူတို့ နှစ်ယောက်ရဲ့ အချစ်ရေးအကြောင်းကို ဖွင့်ပြောလာခဲ့တဲ့ Megan Fox နဲ့ MGK

 

 

View this post on Instagram

 

데이트 . . #프랑스 이쁜 동생들~ 연락주세요~~^^

A post shared by ha dong hoon (@quanhaha79) on

HA HA နဲ့ Byul တို့ဟာ 2012 မှာ လက်ထပ်ခဲ့ကြတာ ဖြစ်ပြီးတော့ တစ်နှစ်ကြာပြီးနောက်မှာတော့ သူတို့ရဲ့ သားလေး Dream ကို မွေးဖွားခဲ့ပါတယ်။ သူတို့ရဲ့ ဒုတိယမြောက်သားလေး Soul ကိုတော့ 2017 ခုနှစ်မှာ မွေးဖွားခဲ့ပြီး ပထမဆုံး သမီးလေး Song-yi ကိုတော့ ပြီးခဲ့တဲ့ July မှာ မွေးဖွားခဲ့တာပဲ ဖြစ်ပါတယ်နော်။ အခုဆိုရင် သူတို့ရဲ့ ပျော်ရွှင်စရာ မိသားစုလေးကို တည်ဆောက်ထားခဲ့တာပါ။

Khin

SHARE