တောင်ကိုရီးယားရဲ့ နာမည်ကျော် မင်းသမီးတစ်လက် ဖြစ်တဲ့ Ha Ji Won ကတော့ သက်လတ်ပိုင်းကို ရောက်နေပေမယ့် လူငယ်တစ်ယောက်လို နုပျိုနေဆဲပါပဲ။ သူမရဲ့ အခုလို နုပျိုတဲ့ ရုပ်ရည်နဲ့ ပတ်သတ်ပြီး တော်တော်များများက စိတ်ဝင်စားလျက် ရှိနေပါတယ်။ ဒီအကြောင်းကိုတော့ သူမက အစီအစဉ်တစ်ခုမှာ ထုတ်ပြောခဲ့ကြောင်း allkpop ကနေ ရေးသားထားခဲ့ပါတယ်။
ဇူလိုင် ၂၉ မှာတော့ Access Showbiz Tonight ဆိုတဲ့ အစီအစဉ်မှာ Ha Ji Won တစ်ယောက် ပါဝင်ခဲ့ပါတယ်။ ဒီအစီအစဉ်မှာတော့ သတင်းထောက် Kim Sang Yoon နဲ့ အပြန်အလှန်စကားပြောတဲ့အထဲမှာ သူမ ရုပ်ရည် မပြောင်းလဲတာ ဘာကြောင့်လဲဆိုတာကို အမေးခံခဲ့ရပါတယ်။ သူတို့ နှစ်ယောက် လွန်ခဲ့တဲ့ နှစ်နှစ်တုန်းက အင်တာဗျူး တစ်ခါ လုပ်ခဲ့ဖူးတာ ဖြစ်လို့ သတင်းထောက်ကင် က အခုလို မေးခဲ့တာပဲ ဖြစ်ပါတယ်။ သတင်းထောက်ကင်က “လွန်ခဲ့တဲ့ နှစ်နှစ်က ဆုံတုန်းကလည်း အခုလိုပုံစံလေးပဲ အခုထိ ရုပ်မပြောင်းဘဲ နုပျိုနေတာ ဘာ လျှို့ဝှက်ချက်တွေ ရှိနေတာလဲ” ဆိုပြီး မေးခဲ့ပါတယ်။
သူမကတော့ “ကျွန်မ ထင်တာက ကျွန်မက အရမ်း ရယ်လို့ ထင်တယ်။ ပြီးတော့ ကျွန်မက သံပရိုသီး အရမ်း စားသေးတယ်။ အဲ့ဒါက ကျွန်မကို နုပျိုနေစေတာ ထင်တယ်။ ကျွန်မက တစ်နေ့ကို သံပရိုသီး ၃ လုံးလောက် စားတာ” လို့ ဖြေခဲ့ပါတယ်။
သူမကတော့ ၁၉၇၈ ဖွားတစ်ယောက် ဖြစ်ပြီး အခုဆို အသက် ၄၂ နှစ် ရှိနေပြီ ဖြစ်ပါတယ်။ အိမ်ထောင်မကျသေးတဲ့ အပျိုကြီး တစ်ယောက်လည်း ဖြစ်ပါတယ်။
Kham