မျိုးရိုးလိုက်တတ်တဲ့ ထူးထူးခြားခြားအမူအကျင့်နဲ့ ပုံပန်းသဏ္ဍာန်များ

Bright Side

သုတေသီတွေရဲ့ လေ့လာစစ်ဆေးချက်များအရ လူတွေရဲ့ စိတ်ခံစားချက်အခြေအနေတွေ၊ အမူအကျင့်တွေနဲ့ ထူးခြားတဲ့ပုံပန်းသဏ္ဍန်တွေဟာ သူတို့ရဲ့ အပေါ်ပိုင်းမျိုးစက်များဖြစ်တဲ့ မိဘ၊ဖိုးဖွားများဆီက ဆင်းသက်လာတာကို တွေ့ရပါတယ်။

လေ့လာချက်အရတွေ့ရှိခဲ့တဲ့ မျိုးရိုးဗီဇလိုက်တတ်တဲ့ လက္ခဏာတွေကတော့..

စိတ်ကြွလွယ်တတ်တာ

Bright Side

တစ်ခုခုကိုလုပ်တဲအခါ အရမ်းကိုစိတ်တက်ကြွတတ်ကြတဲ့မိဘတွေက မွေးလာတဲ့အခါ ကလေးကလည်း ငယ်ကကတည်းက ကစားတဲ့အခါတို့၊ စကားပြောတဲ့အခါတို့မှာဆို သာမန်ထက်ပိုပြီး တက်တက်ကြွကြွဖြစ်နေတာကို တွေ့ရမှာပါ။

အိပ်ခြင်းဆိုင်ရာအမူအကျင့်များ

Bright Side

နေ့ဘက်မှာအိပ်ချင်တတ်အကျင့်တွေ၊ ညဖက်အိပ်မပျော်တာတွေ၊ အိပ်စက်ချိန်မှာ အာရုံကြောတွေ အနေအထားမူမှန်ခြင်း စတာတွေဟာလည်း မျိုးရိုးလိုက်တတ်တယ်လို့ ဆိုပါတယ်။

ဒေါသထွက်လွယ်ခြင်း

Bright Side

ဒေါသထွက်လွယ်တာဟာကတော့ ကလေးငယ်တွေဟာ သူတို့ရှေ့မှာလူကြီးတွေက အားနေဒေါသထွက် ပေါက်ကွဲပြပြီး ဝုန်းဒိုင်းကြဲနေတာကို အတုမြင်အတတ်သင်တဲ့အနေနဲ့ အကျင့်ပါသွားတတ်ကြသလို တချို့ကျတော့လည်း မျိုးရိုးဗီဇကြောင့် ဒေါသထွက်လွယ်တတ်ကြပါတယ်။

လက်ချောင်းလေးများ ကွေးကောက်ခြင်း

Bright Side

Clinodactyly လို့ခေါ်တဲ့ လက်ချောင်းလေးတွေကောက်တာဟာ ထိခိုက်မှုမရှိဘဲ မွေးရာပါဆိုရင်တော့ မျိုးရိုးဗီဇလိုက်တာ သေချာနေပါပြီ။ Clinodactyly ကြောင့်တော့ အန္တရာယ်ဖြစ်စေတာတွေနဲ့ အနေအထိုင်ခက်ခဲတာတွေ ဖြစ်လေ့မရှိပါဘူး။

READ
သိထားသင့်တဲ့ အပြည်ပြည်ဆိုင်ရာအမျိုးသားများနေ့အကြောင်း

အမြင့်ကြောက်ခြင်း

Bright Side

နေရာမြင့်ပြီး လေထုဖိအားများနေခဲ့မယ်ဆိုရင် အသက်ရှူတွေမြန်ပြီး မူးဝေကာ အမြင့်ကြောက်တတ်တဲ့လူတွေရှိပါသလား။ ဒါဆိုရင်တော့ သင့်မိဘတွေထဲ တစ်ယောက်ယောက်က အမြင့်ကြောက်တတ်လားလို့ ပြန်မေးကြည့်လိုက်ပါနော်။

ဖြစ်ခဲတဲ့ ထူးထူးခြားခြား မွေရာပါအမှတ်အသား ပြန်ပါခြင်း

Bright Side

ဒီဓာတ်ပုံလေးကတော့ ကယ်လီဖိုးနီးယား တောင်ပိုင်း (၂) နှစ်သမီး MilliAnna လေးနဲ့ သူ့အမေတို့ပုံလေးရှိပါတယ်။ MilliAnna ဟာ နဖူးစပ်က ဆံပင်တချို့ဟာ ဖြူနေတဲ့ မွေးရာပါထူခြားတဲ့ လက္ခဏာတစ်ခုကို လက်ခံရရှိတာ စတုတ္ထမျိုးရိုးဖြစ်ပါတယ်။

အခုလိုထူးခြားတဲ့ မွေးရာပါအမှတ်လက္ခဏာတွေဟာလည်း မျိုးရိုးစဉ်ဆက်အလိုက်လက်ခံရရှိနိုင်ပါတယ်။

ဒါတွေအပြင် အရပ်အနိမ့်အမြင့်၊ အဝလွန်တာတွေနဲ့ တချို့ကင်ဆာရောဂါတွေ၊ အမြင်အာရုံအားနည်းတာတွေ၊ ချွေးထွက်သန်တာတွေဟာလည်း မျိုးရိုးဗီဇအလိုက် ဆင့်ကဲလက်ခံနိုင်တဲ့ အရာတွေပဲဖြစ်ပါတယ်။

Source: Bright Side

Penny

SHARE