ဆက်ဆံရာမှာ ကိုယ့်စိတ်ကို အဆိပ်သင့်စေနိုင်တဲ့ သူတွေဆိုတာ ဒီလိုလူမျိုးတွေပါတဲ့

Andrii Yalanskyi/shutterstock

Toxic people ဆိုတဲ့ စကားလုံးကို ပေါင်းသင်းဆက်ဆံရေးနယ်ပယ်တွေ၊ ပတ်ဝန်းကျင်တွေနဲ့ relationship တော်တော်များများမှာ ကျွန်တော်တို့တွင်တွင်ကျယ်ကျယ်သုံးနှုန်းလာကြပါတယ်။ ဒါဆို toxic people ဆိုတဲ့ အဆိပ်အတောက်ဖြစ်စေနိုင်သူတွေဆိုတာ ဘယ်လိုလူမျိုးတွေလဲ၊ သ့င်ပတ်ဝန်းကျင်မှာရော သင့်စိတ်နှလုံးကို အဆိပ်ကျွေးမယ့်သူတွေ ရှိနေပြီလားဆိုတာ Bright Side မှ ကိုးကားဖော်ပြပေးမှာမလို့ တစ်ချက် ကြည့်လိုက်ကြရအောင်။

(၁) သင့်အောင်မြင်မှုကိုမလိုလားခြင်း

တစ်ခါတစ်လေ ကိုယ့်ထက်အစစအရာရာသာလွန်နေသူက မနာလိုတာမျိုးတွေ ကြုံဖူးကြရဲ့လား။ ဒါဟာ မနာလိုတာအစစ်မဟုတ်ပါဘူး။ သူတစ်ပါးကောင်းစားတာကို မမြင်နိုင်၊ မကြားနိုင်တဲ့လူတွေဆိုတာ သက်သက်ကိုရှိပါတယ်။ ဒါမျိုးဟာ မိတ်ဆွေထဲမှာတင်မဟုတ်ဘဲ ဆွေမျိုးထဲမှာတောင် ရှိနေနိုင်တာကြောင့် ဒီလိုလူစားမျိုးဟာ သင့်အနားကို ချဉ်းကပ်နေပြီဆိုရင် အဆက်အသွယ်ဖြတ်ပစ်ပြီး အနားမှာ မနေပါနဲ့တော့။

fizkes/shutterstock

(၂) အဆင်မပြေမှုတွေအမြဲပြောနေတတ်သူ

လူတိုင်းမှာတော့ အဆင်မပြေမှုတွေဆိုတာ ကိုယ်ဆီရှိနေကြစမြဲပါ။ ဒါကို တကယ်စိတ်ထဲက မခံစားရဘဲနဲ့ နေ့စဉ်ရက်ဆက် ညီးငြူတာကို အသားကျပြီး ပတ်ဝန်းကျင်ကလူတွေကိုပါ နားထောင်ချင်မှန်းမသိ၊ မထောင်ချင်မှန်းမသိဘဲ ရင်တွေဖွင့်၊ ငိုပြနဲ့လူတွေဟာ သိပ်တော့ ဘဝကျစရာမကောင်းလှပါဘူး။ စိတ်ကျရောဂါခံစားနေရတယ်ဆိုရင်တော့ တစ်မျိုးတစ်မည်ဖြစ်ပေမယ့် ဘာစိတ်ရောဂါမှလည်းမရှိဘဲ အရာရာကို မကောင်မြင်စိတ်နဲ့မြင်နေသူတွေဆိုရင်တော့ သူတို့ဆီကန ဝေးဝေးကိုထွက်သွားလိုက်ပါ။ ဒါမှမဟုတ်ဘူးဆိုရင်လည်း မကောင်းမြင်စိတ်များနေပြီဆိုပြီး နားလည်အောင်ရှင်းပြနိုင်ပါတယ်။

READ
ပုန်းလျိုးနေတဲ့ တီထွင်နိုင်စွမ်းအားတွေကို လှုံဆော်ပေးဖို့ လုပ်သင့်တဲ့အချက် (၇) ချက်
Prostock-studio/shutterstock

(၃) လွှမ်းမိုးလိုစိတ်ရှိသူ၊ ထိန်းချုပ်ချင်သူ

ဒါဟာ toxic person တွေထဲမှာ အကြီးမားဆုံး အန္တရာယ်ရှိသူပါပဲ။ သင့်ကိုအသုံးချမယ်၊ သူတို့အသုံးချနိုင်အောင်လို့ သူတို့လောင်းရိပ်အောက်ကမလွတ်အောင် ထိန်းချုပ်တာမျိုးတွေ၊ သင့်ကိုအမြဲတမ်းအသုံးမကျဘူးးဆိုပီးပြောမယ်၊ ပြီးရင် ပျော့ပျော့လေးနဲ့ခြိမ်းခြောက်တာမျိုးတွေပါဝင်နေပါတယ်။ ဒါကို manipulation လို့ခေါ်ပါတယ်။

fizkes/shutterstock

(၄) တောင်းပန်တာဘယ်တော့မှ လက်မခံတဲ့သူ၊ ကိုယ်တိုင်လည်း မတောင်းပန်တဲ့သူမျိုး

သူတို့အမှားဖြစ်နေရင်တောင်မှပဲ ဘယ်တော့မှတောင်းပန်မှာမဟုတ်သလိုပဲ သူများကတောင်းပန်ရင်တောင်မှပဲ လုံးဝလက်မခံဘဲ အပြစ်ဆက်ပြောနေတတ်သူပါတဲ့။ သူတို့လုပ်ရပ်ရဲ့နောက်ဆက်တွဲကိစ္စရပ်တွေကို တာဝန်မယူတဲ့အပြင် အကောင်းမြင်စိတ်ရှိသူတွေကိုလည်း အလကားနေရင်း အပြစ်တွေမြင်ပြီး ဒေါသထွက်နေတတ်တဲ့လူစားမျိုးတွေပါ။

Ana Blazic Pavlovic/shutterstock

Penny

 

SHARE