Hawkeye Series ထဲမှာ Hawkeye အဖြစ် ပါဝင်ခွင့်ရလို့ ဂုဏ်ယူနေတဲ့ Hailee Steinfeld

[email protected] haileesteinfeld

Hollywood ရုပ်ရှင်လောကရဲ့ နာမည်ကျော် သရုပ်ဆောင်မင်းသမီးချောလေးတစ်ဦးဖြစ်တဲ့ Hailee steinfeld ကိုတော့ ရုပ်ရှင်ချစ်ပရိသတ်တော်တော်များများ သိရှိကြပြီး ဖြစ်မှာပါ။ အသက် ၂၄ နှစ်သာရှိသေးတဲ့ Hailee ဟာ Bumblebee, Romeo and Juliet, Ender’s Game, Charlie’s Angels, 3 days to kill အစရှိတဲ့ နာမည်ကျော် ဇာတ်ကားတွေနဲ့ ထင်ရှားတဲ့ မင်းသမီးတစ်ယောက် ဖြစ်ခဲ့တာပဲ ဖြစ်ပါတယ်။ အခုလည်း Hailee ဟာ Marvel Cinematic Universe နဲ့ အလုပ်အတူတူ လုပ်နေပြီး Hawkeye Series ထဲမှာ ပါဝင်သရုပ်ဆောင်နေပြီပဲ ဖြစ်ပါတယ်။ ဒီလိုမျိုး သူ့အနေနဲ့ Hawkeye Series ထဲမှာ ပါဝင်သရုပ်ဆောင်ခွင့်ရလို့ တော်တော်လေးကို ဂုဏ်ယူနေကြောင်း သိရှိရပါတယ်။

 

 

View this post on Instagram

 

A post shared by hailee steinfeld (@haileesteinfeld)

လက်ရှိ Hailee တစ်ယောက် ပါဝင်ရိုက်ကူးနေတဲ့ Hawkeye စီးရီးဟာလည်း မထွက်ခင်တည်းက လူစိတ်ဝင်စားမှု ခံနေရတဲ့ စီးရီးတစ်ခုပါ။ Hailee သရုပ်ဆောင်ရမယ့် ကာရိုက်တာ နာမည်ကတော့ Kate Bishop ဖြစ်ပါတယ်။ ကောမစ်ထဲမှာတော့ Kate Bishop ဟာ အမျိုးသမီး Hawkeye ဖြစ်တာကြောင့် Disney+ က စီးရီးထဲမှာလည်း Hailee ကို Hawkeye အဖြစ် တွေ့မြင်ရဦးမှာပါ။ ဒါ့အပြင် မကြာသေးခင်အချိန်တုန်းကလည်း Hailee နဲ့ Jeremy တို့နှစ်ယောက်ရဲ့ ရိုက်ကွင်းပုံရိပ်တွေဟာ ဆိုရှယ်မီဒီယာမှာ ပျံ့နှံ့ခဲ့ပြီး Marvel ပရိသတ်တော်တော်များများကလည်း ဒီစီးရီးထွက်ရှိလာမယ့် အချိန်ကို တော်တော်လေး မျှော်လင့်စောင့်စားနေကြပါတယ်။

READ
အသက်(၃၀)လောက်ငယ်တဲ့ ချစ်သူလေးနဲ့ လက်ထပ်တော့မယ့် Johnny Depp

 

“ဒီ Hawkeye Series မှာ ပါဝင်ခွင့်ရတဲ့အတွက် ကျွန်မအနေနဲ့ တော်တော်လေးကို ပျော်ရွှင်မိပါတယ်။ ဒီလိုမျိုး အခွင့်အရေးပေးခဲ့တဲ့ Marvel ရဲ့ တာဝန်ရှိသယတွေကိုလည်း တစ်ကယ်ကျေးဇူးတင်ပါတယ်။ Kate Bishop ကာရိုက်တာနေရာမှာလည်း ကျွန်မအနေနဲ့ အကောင်းဆုံး သရုပ်ဆောင်ထားတာ ဖြစ်တဲ့အတွက် ပရိသတ်တွေ မျှော်လင့်ရကျိုးနပ်တဲ့ ဇာတ်ကားတစ်ကားဖြစ်လာမှာ အမှန်ပါပဲ။ ဒီလိုမျိုး MCU ရဲ့ မိသားစုဝင်တစ်ယောက်ဖြစ်သွားတဲ့အတွက်လည်း တော်တော်လေး ဂုဏ်ယူမိပါတယ်”လို့ Hailee က People သတင်းဌာနကို ပြောကြားခဲ့ပါတယ်။

READ
Suzy နဲ့ Joile ကို နှိုင်းယှဉ် ချီးကျူးလိုက်တဲ့ Lee Seung Gi

 

View this post on Instagram

 

A post shared by hailee steinfeld (@haileesteinfeld)

Pyi Hein Kyaw

SHARE