JB ရဲ့ Ex တွေနဲ့ နှိုင်းယှဉ်ခံရတဲ့အခါ ဘယ်လိုခံစားရလဲဆိုတာ Hailey ရင်ဖွင့်

Image:IG/Hailey & Selena

Hailey Baldwin နဲ့  Justin Bieber တို့ က တော့ (၂၀၁၈)တည်းက လက်ထပ်ခဲ့တာပါ။အခုဆိုရင် တော့ သူတို့ လက်ထပ်တာ နှစ်နှစ်လောက်ရှိခဲ့ပါပြီ။သူမတို့ အိမ်ထောင်ရေးက တည်ငြိမ်စ ပြု နေပေမယ့်လည်း ခင်ပွန်းဖြစ်သူ JB ရဲ့ ချစ်သူဟောင်းတွေ အထူးသဖြင့် Selena နဲ့ သူမကို နှိုင်းယှဉ်ပြီး ဝေဖန်ကဲ့ရဲ့ ပြောဆိုမှု တွေ က တော့ ရပ် မသွားပဲ ဒီ နေ့ အထိ ရှိနေတုန်းပါ။Jb နဲ့ Selena တို့ က တော့ ငယ်ချစ်တွေ ဖြစ်ပြီး အကြာကြီးတွဲခဲ့တာပါ။ပရိသတ်တွေ ကပါ အရမ်း သ ဘောတူ ခဲ့ပြီး Hailey Baldwin  နဲ့ JB လက်ထပ် ချိန် မှာတော့ Selena ကို မရလို့ Hailey Baldwin  ကို အစားထိုးယူလိုက်တာ ဆိုပြီး ပြောဆို ကြတဲ့ အထိရှိနေတုန်းပါ။ဒီလို အ ပြောခံရတဲ့ အခါ သူမရဲ့ ခံစား ချက် တွေကို ရင်ဖွင့်တဲ့ အ ကြောင်းကိုတော့ Elle မှာ ဖော်ပြထားပါတယ်။

မိန်းမ တိုင်းကတော့ ကိုယ့်ချစ်သူ(သို့)ကိုယ့်ခင်ပွန်း ရဲ့ အရင် Ex တွေနဲ့ နှိုင်းယှဉ်ပြောဆိုခံရတဲ့ အခါမှာ အနည်းနဲ့ အများဆိုသလို စိတ် ထိခိုက်ခံစားရပါတယ်။Hailey Baldwin  ကလည်း မိန်းက လေးတစ်ယောက်ပဲ မို့ ဒီလို နှိုင်းယှဉ် ပြောဆိုခံရတဲ့ အခါမှာ သူမရဲ့ စိတ်ထဲမှာ လည်း နာကျင် ခံစားရတာတွေ ရှိပါတယ်။သူမရဲ့ ခံစားချက် တွေကို တော့  “The Biebers on Watch,” မှာ ရင်ဖွင့်ခဲ့ပါတယ်။သူတို့ရဲ့ Relationship ကို တခြားသူတွေက ပြောဆို လာတဲ့ အခါမှာ ဘယ်လိုခံစားရလဲ၊ဒီ Rs ကို ဘယ်လို ကိုင်တွယ်ဖြေရှင်းလဲ ဆိုပြီး မေးခဲ့ပါတယ်။”ဒါကတကယ်တော့ မလွယ် ပါဘူး။ဒါက တကယ်ပဲ တကယ့်ကိုပဲ မလွယ်ဘူးဆိုတာကို Justin လဲ သိပါတယ်..” ဆိုပြီးပြောခဲ့ပါတယ်။နှိုင်းယှဉ် ပြောဆိုတာမျိုးတွေက  သူမကိုသူမ ပြန်ပြီး အမှတ်ရ လာ အောင် ကူညီပေးခဲ့တယ်လို့ လည်း Hailey Baldwin က ပြောခဲ့ပါတယ်။

READ
သင်္ကြန်အတွက် စုံတွဲဓါတ်ပုံလေးတွေ ရိုက်ကူးခဲ့ကြတဲ့ ဘုန်းမင်းနေလနဲ့ သဇင်ထူးမြင့်
Image:IG/JB

 

View this post on Instagram

 

A post shared by Justin Bieber (@justinbieber) on

လူတွေက JB ရဲ့ အချစ်ရေးမှာ ဘာတွေ ဖြစ်ခဲ့တယ်၊သူမနဲ့  JB ရဲ့ Rs မှာလည်း ဘာတွေ ဖြစ်ခဲ့ တယ်ဆိုတာကို လူ တွေ က သူတို့ အကုန်သိထားတယ်လို့ ထင် နေကြာင်း၊ဒါကြောင့် တကယ်မဟုတ်တဲ့ တစ်ချို့ အရာတွေကို လူတွေ က သူတို့ စိတ်ကူးနဲ့ သူတို့ ဖန်တီးပြီး ဒါက အမှန်ပဲ လို့ ထင် နေတာ မျိုးတွေ လည်းရှိ ကြောင်း၊လူတွေ မသိ သေး တဲ့ နောက်ကွယ်က အရာ တွေ လည်း ရှိပါတယ် လို့ Hailey Baldwin က ပြောခဲ့ပါတယ်။Selena နဲ့ပဲ သ ဘောတူတဲ့ ပရိသတ်တွေ ကတော့ သူမနဲ့ JB ရဲ့ Relationship ကို အခုထိ ကန့် ကွက် နေကြတုန်းပါ။JB က လည်း Selena နဲ့ ပြတ်ပြီးနောက် သိပ်မကြာခင်မှာ Hailey Baldwin နဲ့ တွဲပြီးရုတ်တရက်ကြီး လက်ထပ်ခဲ့တာပါ။

READ
ချစ်သူ G Fatt ကို ကျီစယ် ဂုဏ်ပြုပေးလိုက်တဲ့ နန်းဆုရတီစိုး
Image:IG/JB

ပြီးခဲ့တဲ့ ဧပြီ လတုန်းက ဆိုရင် Hailey Baldwin က သူမရဲ့ အကောင့်မှာ ခင်ပွန်းဖြစ်သူနဲ့ အတူ ရိုက်ထားတဲ့ ပုံ ကို တင်ခဲ့ပါတယ်။အဲ့ဒီမှာပဲ Hater တွေ က Comment တွေ မှာ “Selena နဲ့ JB လည်း အဲ့လို လုပ်ဖူးတယ်.၊သူ ကြ ည့်ရတာ သူ့ကိုမှ တကယ်ချစ်တယ်ဆိုတာကို Selena မြင် အောင်ပြချင်နေတဲ့ပုံပဲ၊ တစ်နေ့ကျ နင့်ကိုထားပြီး Selena ဆီ ကိုပဲ သူက သွားမှာ..၊နင့်ကို တကယ်ချစ်တာ မဟုတ်ဘူး…” ဆိုပြီး အမျိုးမျိုး မှတ်ချက် ပေး ပြောဆိုခဲ့ပါတယ်။ Selena နဲ့ သူမရဲ့ ပွဲတက်ပုံတွေ၊မီဒီယာတွေနဲ့ တွေ့ရင် တုံ့ပြန်တဲ့ပုံတွေ၊ဗီဒီယိုဖိုင်တွေ ကိုလည်း နှိုင်းယှဉ်ပြီး ဝေဖန်ခံရ တာမျိုးတွေနဲ့ လည်း အခုထိ ရင်ဆိုင်နေရတုန်းပါ။

 

View this post on Instagram

 

happy birthday best friend. thank you for putting a smile on my face every single day.. I love you

A post shared by Hailey Baldwin Bieber (@haileybieber) on

SHARE