JB ရဲ့နောက်ကနေ မျက်နှာမသာမယာနဲ့ လိုက်လာတဲ့ Hailey Baldwin

Hailey Baldwin နဲ့ သူမရဲ့ ခင်ပွန်း Justin Bieber တို့ဟာ အမေရိကန် နယူးယော့့စီးတီးမှာ အတူတွဲ ထွက်ပေါ် လာခဲ့ပါတယ်။ခင်ပွန်းရဲ့ လက်ကိုနောက်ကနေ ဆွဲပြီးလိုက်နေပေမယ့်လည်း Hailey Baldwin ရဲ့ မျက်နှာကတော့ တော်တော်လေးကို မသာမယာဖြစ်နေတာကိုတွေ့ရပါတယ်။သူတို့နှစ်ယောက်ဟာ အဆောက်အအုံတစ်ခုထဲ ကနေ ထွက်လာခဲ့တာပါ။လာမယ့်သီတင်းပတ် မတ်(၁)ရက်နေ့မှာ အသက်(၂၅)နှစ်ပြည့်မှာပါ။ပြီးခဲ့တဲ့ (၂၄)နှစ်ကတော့ JB အတွက် အပြောင်းအလဲတွေ အများကြီးဖြစ်ခဲ့တဲ့နှစ်တစ်နှစ်ပါ။ပြန်ပေါင်း ထုပ်တာ သိပ်မကြာသေးတဲ့ ချစ်သူဟောင်း Baldwin နဲ့ တိတ်တိတ်လေးလက်ထပ်ခဲ့ပါတယ်။သူလက်ထပ်တဲ့သတင်းကတော့ JB ပရိသတ်တွေအတွက် တကယ့် ကို အံ့အားသင့်စရာဖြစ်ခဲ့ပါတယ်။

BackGrid
SplashNews
SplashNews

Hailey ကတော့ ဆိုဒ်လွန်သားမွေးဝတ်စုံကို ၀တ်ဆင်လာခဲ့ပြီး အကျီင်္နဲ့ အရွယ်အစားကတော့ သူမ အတွက် တော်ေ တ်ာလေးကို ကြီးလွန်းနေပါတယ်။JB ကတော့ အပေါ်ကနေ အဖြူနဲ့ လိမ္မော်ရောင်စပ်ထားတဲ့ sweatshirt ကို ၀တ်ဆင်ထားပါတယ်။Adidas တံဆိပ်ပါ။သူတို့စုံတွဲဟာ အစောပိုင်းတုန်းက Manhattan မှာရှိတဲ့ အဆောက် အအုံ ကို ဦးတည်ပြီးသွားခဲ့ပါတယ်။JB က ဇနီးဖြစ်သူရဲ့ ပခုံးကို လှမ်းဖက်ကိုင်ထားတာကိုလည်းတွေ့ ရပါတယ်။ Justin  ဟာ ဒီတစ်ပတ်မှာ Hailey နဲ့ NYC မျာ အတူရှိနေခဲ့ပါတယ်။ သူတို့နဲ့ အတူ သူငယ်ချင်း Carl Lentz လည်း ရှိနေ ခဲ့တယ် လို့သိရပါတယ်။

READ
Season 2 အတွက် ပြောင်းလဲမှုတွေလုပ်ထားတယ်ဆိုတဲ့ 13 Reasons Why
SplashNews
SplashNews
SplashNews

Lentz နဲ့ အတူ boxing workout ကို အတူလုပ်နေခဲ့တာတွေ၊နောက်ပိုင်းမှာတော့ Spa ကို သွားတဲ့ ပုံတွေ လည်း ထွက်လာခဲ့ပါတယ်။Lentz အသက် (၄၀) ကတော့ Justin အတွက် အားပေးဖော်အဖြစ်ရှိနေတာပါ။Justin  ဟာ  စိတ်ကျရောဂါ Depression ကို ကုသဖို့ နည်းလမ်းတွေ ကြိုးစားရှာဖွေခဲ့ဖူးပါတယ်။သူ့ရဲ့ စိတ်ကျန်းမာရေး အတွက် လည်း ဘာသာရေးနဲ့ သူ့စိတ်ကိုကုစားနေခဲ့ပါတယ်။လက်ရှိထွက်ပေါ်လာတဲ့ သူတို့စုံတွဲပုံတွေနဲ့ပတ်သက်ပြီး ဒါဟာ Hai ley Baldwin တစ်ယောက် JB အပေါ် စိတ်ကောက်နေတာ၊ချွဲနေတာလို့လည်း ပြောနေကြတာတွေ ရှိသလို တစ်ချို့ ကလည်း သူတို့အိမ်ထောင်ရေးပြဿနာရှိနေတာလားဆိုပြီး ပြောနေကြတာတွေလည်းရှိပါတယ်။

vogue
vogue
vogue

Source  Dailymail

SHARE