တိုက်တိုက်ဆိုင်ဆိုင် အ၀တ်အစားချင်း သွားတူနေတဲ့ Selena နဲ့ Hailey

Justin Bieber ရဲ့ ဇနီး Hailey Baldwin နဲ့ ချစ်သူဟောင်း Selena Gomez တို့ကတော့ တိုက်တိုက်ဆိုင်ဆိုင် ဖက်ရှင်ချင်းသွားတူနေခဲ့ပါတယ်။ဒါပေမယ့် လုံးဝကွက်တိကြီးတော့ တူတာမဟုတ်သလို နှစ်ယောက်လုံးကလည်း ကိုယ့် စတိုင်နဲ့ ကိုယ်လှနေကြပါတယ်။ဒါပေမယ့် သူတို့နှစ်ယောက်ရဲ့ အကျီင်္သွားတူတာကိုတော့ မီဒီယာတွေရဲ့ အာရုံစိုက် စရာ ဖြစ်ခဲ့ပါတယ်။ အသက် (၂၆)နှစ်အရွယ် အဆိုတော် Selena Gomez နဲ့ အသက် (၂၂)နှစ်အရွယ် မော်ဒယ် မလေး Hailey Baldwin တို့ တိုက်တိုက်ဆိုင်ဆိုင် ဘယ်လိုမျိုးတူခဲ့သလဲဆိုတော့………….

E! News
E! News
E! News

Gomez  က ဒီဖက်ရှင်ကို ပထမဆုံး အရင်ဝတ်ခဲ့တာပါ။ဒီဇင်ဘာ (၂၉)ရက်နေ့က ၀တ်ခဲ့တာပါ။Beverly Hills မြို့က La Scala မှာ သူငယ်ချင်းတွေနဲ့ အတူ နေ့လည်စာစားခဲ့တာပါ။e “Back to You” ရဲ့ အဆိုတော် မလေးက ဆွယ်တာ မီးခိုးရောင်ကို ၀တ်ဆင်ထားပါတယ်။Balenciaga ဖက်ရှင်ကုမ္ပဏီရဲ့ Brand ကို ၀တ်ဆင် ထားခဲ့တာပါ။ လည်ပင်းအထိရောက်တဲ့ ဆွယ်တာလေးပါ။Dark ဂျင်း၊သားရေဖိနပ်ပြား ကို ၀တ်ဆင်ထား၊စီးထားပါတယ်။ဆံပင် ကိုတော့ ပေါ့ပေါ့ပါးပါးပဲ စည်းထားပါတယ်။

READ
အဖေတူသားလေး ဂျော့ဂ်ျရဲ့ ဖခင်ဝီလျံနဲ့ အတူဆုံး အခိုက်အတန့်လေးများ
seventeen
seventeen
seventeen

Baldwin ကတော့ သူမရဲ့ IG နာမည်ရဲ့ နောက်မှာ Bieber ဆိုပြီး ထည့်ထားပါတယ်။တရားဝင်ဇနီးမောင်နှံ ဖြစ် သွား တဲ့ အကြောင်းကို အတိအလင်းအသိပေးထားပါတယ်။ ခင်ပွန်းဖြစ်သူနဲ့ အတူ ဇန်န၀ါရီလ ( ၇) ရက်နေ့က လော့အိန်ဂျလိစ် မှာ ခင်ပွန်းဖြစ်သူနဲ့ အတူဒိတ်လုပ်တုန်းက ၀တ်ခဲ့တဲ့ အ၀တ်ကတော့ Selena လိုပဲ Balenciaga Logo ပါ မီးခိုးရောင် အ၀တ်အစားကို ၀တ်ဆင်ထားတာပါ။

seventeen
seventeen
seventeen

Selenaနဲ့ မတူတဲ့ အချက်ကတော့ သူမ၀တ်ထားတာက Hoodie လို ဆွယ်တာပါ။ပုံစံချင်းအနည်းငယ်တော့ ကွာပါတယ်။ဒါပေမယ့် Balenciaga ရော၊အရောင်၊ဆွယ်တာ ဆိုတာက ပါ တူနေတာပါ။Baldwin ကတော့ ဆွယ်တာ Hoodie ကို၊Pant ၊အဖြူရောင် Sneaker တို့ နဲ့ အတူ တွဲ ဖက် ၀တ်ဆင်ထားတာပါ။

READ
ကမ္ဘာ့အလှဆုံးက​လေးလို့ ဆိုရ​လောက်​တဲ့ ၆နှစ်အရွယ်ကိုရီးယားမ​လေး
pinterest
pinterest

Source stylecaster

SHARE