သတို့သမီးဝတ်စုံမှာပါ အရမ်းတွေ Ro ပစ်လိုက်တဲ့ Hailey Baldwin

Image:IG/Hailey Baldwin

Hailey Baldwin နဲ့  Justin Bieber တို့က ကတော့ လက်တလောမှာ အရမ်းကို Ro နိုင်လွန်းတဲ့ အရိုဆုံး စုံတွဲ တစ်တွဲ ဖြစ်လာခဲ့ပါတယ်။တိတ်တိတ်လေး လက်ထပ်ထားတဲ့ ဇနီးသည်ကို မကြာသေးခင်ကမှ လူသိရှင်ကြား ဧည့်ပရိသတ်တွေ အများကြီးရဲ့ ရှေ့မှောက် မှာပါ  ဒုတိယအကြိမ် မြောက် လက်ထပ်ယူခဲ့ပါတယ်။မင်္ဂလာပွဲ ကိုလည်း ထူးထူး ခြားခြားလေးကျင်းပခဲ့ပြီး ဇနီးသည်အပေါ်မှာ ထားတဲ့ သူ့ရဲ့ အချစ်စိတ်ကို ဖော်ပြ ခဲ့ပါတယ်။မင်္ဂလာပွဲ ဓါတ်ပုံ တွေကို နည်းနည်းချင်းစီ IG မှာ ဝေမျှ ပေးနေတာကိုလည်း တွေ့ရပါတယ်။ Hailey ကတော့ မင်္ဂလာပွဲ ဓါတ်ပုံ သစ်တွေကို သူမရဲ့ IG မှာ ထပ်ပြီး ဝေမျှပေးလိုက်ပါတယ်။

Image:IG/Hailey Baldwin
Image:IG/Hailey Baldwin
Image:IG/Hailey Baldwin
Image:IG/Hailey Baldwin

Caption ကို အရမ်းကို ရိုမန်တစ်ဆန်ဆန် ရေးပြီး တင်လိုက်တာ မဟုတ်ပါဘူး။သတို့သမီးဝတ်စုံလေးကတော့   ထူးခြားပြီး စိတ်ကူးကောင်းကောင်းလေးနဲ့ ဖန်တီးထားတာပါ။အရမ်းကို ရှည်လျားတဲ့ သတို့သမီးဝတ်စုံ ရဲ့  အောက်ပိုင်း မှာတော့ “”TILL DEATH DO US PART,”  ဆိုတဲ့စာသားလေးပါပါတယ်။ဒီလို ထူးခြားတဲ့ စိတ်ကူးလေးနဲ့ ဖန်တီး ပေးခဲ့တဲ့ အတွက်လည်း ကျေးဇူးတင်တဲ့ အကြောင်းကို Hailey Baldwin က သူမရဲ့ IG မှာ ရေးတင်ထားတာပါ။ပုံတစ်ပုံမှာတော့”last Monday was the most special day of my life:) …” ဆိုပြီး Caption ရေးထားပါတယ်။

READ
ရင်အေးစေတဲ့ ပုံလေးတွေကို ဝေမျှလိုက်တဲ့ ယွန်းယွန်း
Image:IG/Hailey Baldwin
Image:IG/Hailey Baldwin

တခြား Post တစ်ခုမှာတော့ ဒီဇိုင်နာ Virgil Abloh  ကို ကျေးဇူးတင်တယ်လို့ ပြောထားပါတယ်။” ကျမရဲ့ စိတ်ကူး လေး တကယ်အသက်ဝင်လာအောင် ဖန်တီးပေးလို့ ကျေးဇူးတင်ပါတယ်။ကျမရဲ့ စိတ်ကူးထဲက ၀တ်စုံလေးကို ဖန်တီးပေးလို့လည်း ကျေးဇူးတင်ပါတယ်။ရှင်နဲ့ ရှင်ရဲ့  @off____white team က တကယ့်ကို မယုံနိုင်လောက်အောင် ထူးခြားတဲ့ သူတွေပါ။ဒီလိုလှပတဲ့ ဖန်တီးမှုကို ၀တ်ဆင်ရတဲ့ အတွက် အမြဲထာဝရ ကျေးဇူးတင်နေမှာပါ…”  ဆိုပြီး  ရေးထားပါတယ်။

(

)

Source:Hailey Baldwin ‘s IG/aceshowbiz.

SHARE