One year anniversary မှာ ကြည်နူးစရာဓာတ်ပုံလေးတွေချပြခဲ့တဲ့ Hailey Bieber

@haileybieber/Instagram

Hailey နဲ့ Justin Bieber တို့နှစ်ယောက်ဟာ နယူးယောက်မှာ မနှစ်က ဒီအချိန်တုန်းက တရားဝင်လက်ထပ်ခဲ့ကြပါတယ်။ စက်တင်ဘာလ ၁၃ ရက်နေ့တုန်းကတော့ Hailey အနေနဲ့ Justin ရဲ့ ဇနီးသည်ဖြစ်ခဲ့တာ ၁ နှစ်ပြည့်အထိန်းအမှတ်အတွက် သူတို့စုံတွဲရဲ့ ချစ်စဖွယ်ကြည်နူးပုံရိပ်လေးတွေကို Instagram မှာ မျှဝေခဲ့ပါတယ်။

 

“1 year being your Mrs.,” ပါတဲ့။ Hailey တစ်ယောက် Justin ကို ဘယ်လောက်အထိ ချစ်သလဲဆိုတာ သူတို့သတင်းတွေနဲ့ မရင်းနှီးတဲ့လူတောင် သိနေမှာပါ။ Justin Bieber ကတော့ Hailey ကို တကယ်ချစ်တာမဟုတ်ဘဲ သနားပြီး လက်ထပ်လိုက်တယ်လို့ အများက ပြောနေခဲ့ကြပေမယ့်လို့ ၂၀၁၈ စက်တင်ဘာလ ၁၃ ရက်နေ့တုန်းက သူတို့တရားဝင်လက်ထပ်တဲ့အချိန်မှာ Justin အနေနဲ့ “I can’t wait to marry you, baby.” ဆိုပြီး မျက်ရည်တွေကျကာ ပြောခဲ့တယ်ဆိုတဲ့အကြောင်းကလည်း မျက်မြင်သက်သေတွေကြားထဲမှာ တော်တော်လေး ပျံ့နှံ့နေခဲ့ပါသေးတယ်။

READ
ရိုက်ကွင်းပေါ်မှာ တွေ့ရတဲ့ မြင့်မြတ် နဲ့ အိချောပို
@haileybieber/Instagram
@haileybieber/Instagram

 

@haileybieber/Instagram

Justin ရဲ့ အရင်တုန်းက relationship အရှုပ်အထွေးတွေကြောင့်မလို့ ရုတ်တရက်နှစ်ယောက်သား လက်ထပ်သွားလိုက်တဲ့အခါမှာ ပရိတ်သတ်တွေရဲ့ ဝေဖန်မှုကိုလည်း ညံနေအောင်အတော်လှိမ့်ခံခဲ့ရတဲ့အတွက် သူတို့နှစ်ယောက်ကြားမှာလည်း အဆင်မပြေမှုလေးတွေ ဖြစ်ခဲ့ဟန်တူခဲ့ပါတယ်။ ဒါပေမဲ့လည်း အခုအချိန်မှာတော့ နှစ်ယောက်သားကြားထဲ ကိုက်ညီတဲ့ rhythm တစ်ခုကို ရှာတွေ့ခဲ့ပြီမလို့ အများကြီးအဆင်ပြေချောမွေ့လာခဲ့ပါပြီဆိုပြီး Hailey လေးက ပြောပြထားပါသေးတယ်။

@haileybieber/Instagram
@haileybieber/Instagram

Penny

SHARE