
ကမ္ဘာကျော် ရက်ပ်အဆိုတော် တစ်ဦးဖြစ်တဲ့ Eminem ကိုတော့ Hiphop ဂီတကို ရူးသွပ်တဲ့လူမှန်သမျှ ကောင်းကောင်းကြီး သိရှိကြမှာ ဖြစ်ပါတယ်။ Eminem ဟာ ကမ္ဘာ့ Hiphop လောကရဲ့ Legend တစ်ယောက်ဖြစ်သလို လက်ရှိ အသက် ၄၈ နှစ်အထိ ရက်ပ်တွေကို မနားမနေ ရွတ်ဆိုနိုင်တုန်းပါပဲ။ Eminem ရဲ့ ပရိသတ်မှန်ရင်တော့ Eminem ရဲ့ သမီးဖြစ်သူ Hailie Jade Mathers ကိုလည်း သိကြမှာပါ။ Hailie ကို Eminem နဲ့ သူ့ရဲ့ ဇနီးဟောင်းဖြစ်သူ Kimberly Scott တို့က မွေးဖွားခဲ့တာဖြစ်ပါတယ်။ Eminem နဲ့ Kimberly တို့ဟာ Hailie ကို မွေးပြီး သိပ်မကြာခင်မှာ နှစ်ဦးသဘောတူ ကွာရှင်းခဲ့ကြတာ ဖြစ်ပါတယ်။
View this post on Instagram
အခုဆိုရင်တော့ Hailie လေးဟာ အသက် ၂၅ နှစ်ပြည့်သွားခဲ့ပြီး သူမရဲ့ မွေးနေ့ပွဲကို နေအိမ်မှာပဲ ပြုလုပ်ကျင်းပခဲ့ကြောင်း သိရပါတယ်။ Eminem ဟာ သူမရဲ့ သမီးဖြစ်သူကို သိပ်ပွဲထုတ်လေ့ မရှိတာကိုတော့ တော်တော်များများ သိကြမှာပါ။ Hailie လေးကို Eminem ရဲ့ Mocking Bird အမည်ရ MTV ထဲမှာသာ တစ်ခါလောက်ပဲ တွေ့ဖူးကြပါတယ်။ အဲဒီအချိန်တုန်းကတော့ Hailie လေးဟာ ကလေးသာသာလေးပဲ ရှိပါသေးတယ်။ အခုဆိုရင်တော့ Hailie လေးဟာ တော်တော်လေးကို အလှသွေးကြွယ်နေပြီး အရမ်းကို ချစ်စရာကောင်းတဲ့ မိန်းကလေးတစ်ယောက် ဖြစ်နေပြီပဲ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂၅ ရက်နေ့ကတော့ Hailie ရဲ့ အသက် ၂၅ နှစ်ပြည့် မွေးနေ့ဖြစ်ပြီး သူမရဲ့ မွေးနေ့ကို သူမရဲ့ နေအိမ်မှာပဲ နေထိုင်ဖြတ်သန်းခဲ့ကြောင်း သိရပါတယ်။
View this post on Instagram
ပုံထဲမှာ တွေ့မြင်ရတဲ့အတိုင်း Hailie ဟာ အနက်ရောင် ကိုယ်ကြပ် ဝတ်စုံရှည်နဲ့ တော်တော်လေးကို လှပနေပါတယ်။ သူမရဲ့ အနောက်မှာလည်း သူမ အသက် ၂၅ နှစ်ပြည့်မွေးနေ့ဖြစ်ကြောင်း သိစေချင်လို့ ၂၅ အက္ခရာပုံစံ လေမှုတ်အရုပ်ကြီးကို ထားရှိထားပါတယ်။ 25 on the 25th လို့ Caption မှာရေးခဲ့ပြီး ဒီနှစ် ဒီဇင်ဘာလ ၂၅ ရက်မှာ သူမဟာ အသက် ၂၅ နှစ်ပြည့်ပြီဖြစ်ကြောင်း အသိပေးခဲ့ပါတယ်။ Hailie ရဲ့ ပို့စ်အောက်မှာတော့ Eminem ရဲ့ ပရိသတ်တွေနဲ့ Hailie ရဲ့ ပရိသတ်တွေက Hailie ကို မွေးနေ့ဆုတောင်းစကားတွေ ပြောခဲ့ကြပါတယ်။
View this post on Instagram
Pyi Hein Kyaw