ဆံပင်တွေကို သိသိသာသာ အရှည်မြန်လာစေနိုင်မယ့် သဘာဝရှားစောင်းလက်ပပ်

ဆံပင်ကောင်းခြင်းကလည်း အလှတရားတစ်မျိုးပါပဲ။ ရှားစောင်းလက်ပပ်က ဆံပင်တွေကို သိသိသာသာ အရှည်မြန်လာစေနိုင်တဲ့ မှော်အစွမ်းပဲဖြစ်ပါတယ်။ ရှားစောင်းလက်ပပ်ကို မျက်နှာအသားအရေအတွက်ပါ သုံးပေးနိုင်လို့ သုံးနေကြသူတွေကတော့ ရှားစောင်းလက်ပပ်ရဲ့အစွမ်းကို သိပြီးဖြစ်မှာပါ။

(၁) ရှားစောင်းလက်ပပ်နဲ့ သံပယိုရည်


သံပရိုရည်က ဗီတာမင် ဘီ ၊ စီ ၊ phosphorous ၊ magnesium ၊ calcium နဲ့ folic acid တို့ပါဝင်တယ်။ ဒီဓာတ်တွေက ဆံပင်တွေကို ကျန်းမာသန်စွမ်းစေနိုင်ပြီး အရှည်မြန်လာစေနိုင်ပါတယ်။ ပါဝင်ပစ္စည်းများ – ရှားစောင်းလက်ပပ်(စားပွဲတင်ဇွန်း ၂ ဇွန်း) ၊ သံပရိုရည် (စားပွဲတင်ဇွန်း ၁ ဇွန်း)။
– ရှားစောင်းလက်ပပ် နဲ့ သံပရိုရည်တို့ကို ရောပေးပါ။
– ရလာတဲ့အရောကို ဦးရေပြားနဲ့ ဆံပင်ဖျားထိကို လိမ်းပေးပြီး နှိပ်နယ်ပေးပါ။
– မိနစ် (၂၀)လောက် နှပ်ပေးပြီး ခေါင်းလျှော်ရည် အပျော့နဲ့ လျှော်ပေးပါ။
– ပြီးရင် Conditioner နဲ့အဆုံးသတ်ပေးပါ။
– တစ်ပတ်ကို (၁)ကြိမ်လုပ်ပေးပါ။

READ
အိုဂျီနဲ့ပြသသင့်တဲ့ ဓမ္မတာလာစဉ်ခံစားရသည့်ပြဿနာများ

(၂) ရှားစောင်းလက်ပပ်နဲ့ ပန်းသီးရှာလကာရည်


ပန်းသီးရှာလကာရည်မှာ antibacterial နဲ့ antifungal ဓာတ်တွေပါဝင်တယ်။ ဒါကြောင့် ပန်းသီးရှာလကာရည်က ဗောက်ထတာတွေ ၊ ယားတာတွေအတွက် ကူညီပေးနိုင်ပါတယ်။ ပါဝင်ပစ္စည်းများ – ရှားစောင်းလက်ပပ် (1/3 ခွက်) ၊ ပန်းသီးရှာလကာရည် (စားပွဲတင်ဇွန်း ၁ ဇွန်း) ၊ ပျားရည် (စားပွဲတင်ဇွန်း ၁ ဇွန်း)။
– ပါဝင်ပစ္စည်းများအားလုံးကို ကောင်းကောင်းရောမွှေပေးပါ။
– ဦးရေပြားနဲ့ ဆံပင်အဖျားထိ လိမ်းပေးပြီး နှိပ်နယ်ပေးပါ။
– မိနစ် (၃၀)လောက်နှပ်ထားပေးပြီး ရေဆေးချပေးပါ။
– ခေါင်းလျှော်ရည် အပျော့နဲ့လျှော်ပေးပြီး Conditioner နဲ့အဆုံးသတ်ပေးပါ။

(၃) ရှားစောင်းလက်ပပ် နဲ့ ကြက်ဥ

ကြက်ဥက ဆံပင်ပေါ် အညစ်အကြေးတွေ ၊ အဆီတွေကို ဖယ်ရှာပေးနိုင်စွမ်းရှိပါတယ်။ ဒါ့အပြင် ဆံပင်အရှည်မြန်စေပြီး ကျွတ်တာတွေ သက်သာစေတဲ့ ပရိုတင်းတို့ပါပါတယ်။ ပါဝင်ပစ္စည်းများ – သဘာဝရှားစောင်းလက်ပပ် (1/4 ခွက်) ၊ ကြက်ဥ (၁လုံး) ။
– ကြက်ဥ ကို ကောင်းကောင်းခလောက်ပေးပါ။
– ခလောက်ပြီးတဲ့ ကြက်ဥထဲကို ရှားစောင်းလက်ပပ်ထည့်ပေးပြီး အမြှုပ်ဖြစ်အောင် မွှေပေးပါ။
– ဦးရေပြားကနေ ဆံပင်အဖျားထိကို လိမ်းပေးပြီး shower cap ဆောင်းပေးပါ။
– မိနစ် (၃၀)ကြာရင်တော့ ရေအေးနဲ့ ဆေးပေးပြီး Conditioner နဲ့အဆုံးသတ်ပေးပါ။
– တစ်ပတ်ကို (၁)ကြိမ်လုပ်ပေးပါ။

READ
(၂၀၁၇)မှာ အလှဆုံးအမျိုးသမီးတွေ ပိုင်ဆိုင်ထားတယ်လို့သတ်မှတ်ခံရတဲ့ ထိပ်သီးနိုင်ငံများ

Hannwe Soe

SHARE