မွေးစားမိဘတွေနဲ့ တွေ့ပြီးနောက် ကံကောင်းသွားခဲ့တဲ့ ခွေးလေး

Dex ဆိုတဲ့ လေလွင့်ခွေးလေးဟာ တက္ကဆက်မှာရှိတဲ့ အော်စတင်တိရိစ္ဆာန်စင်တာကို ရောက်လာချိန်မှာတော့ အခြေအနေ သိပ်မကောင်းခဲ့လှပါဘူး။ တစ်နှစ်တောင်မပြည့်ခဲ့သေးတဲ့ ခွေးလေးဟာ အလေးချိန် (၁၀)ပေါင်သာရှိခဲ့ပြီး အမြင်အာရုံလည်း ထိခိုက်လုနီးပါးအခြေအနေ ရှိခဲ့ရာ အရေးပေါ်ဆေးကုသမှု လိုနေခဲ့ပါတယ်။

Signe Corbin

ရက်အနည်းငယ်ကြာပြီးနောက်မှာတော့ ခွေးလေးတွေကို လိုက်ကယ်တဲ့အဖွဲ့ ရောက်လာခဲ့ပြီး Dex ကို ကယ်ပေးခဲ့ပါတယ်။ Dex ဟာ မျက်လုံးခြောက်တဲ့ရောဂါရှိကာ အမြင်အာရုံအခြေအနေ ဆိုးဝါးနေခဲ့ပြီး ခန္ဓာကိုယ်မှာလည်း ဝဲနဲ့အခြားအရေပြားရောဂါတွေ ဖြစ်နေခဲ့ရှာတာကြောင့် အမွေးလေးတွေတောင် မရှိခဲ့ပါဘူး။ Dex ကို အနာသက်သာဆေးတွေ၊ ပင်နီဆလင်တွေ၊ မှိုစွဲပျောက်ဆေးတွေ ထည့်ပေးခဲ့ရပြီး အရေပြားရောဂါသက်သာဖို့ ဆေးရည်နဲ့ ရေလည်းချိုးပေးခဲ့ရပါတယ်။ မျက်လုံးသက်သာဖို့ကိုတော့ (၂)နာရီခြားတစ်ခါ မျက်စင်းခပ်ပေးခဲ့ရပါတယ်။

Signe Corbin

နောက်ပိုင်းမှာတော့ Dex ဟာ စိတ်ဒဏ်ရာပါ သက်သာလာခဲ့ပြီး လူတွေကို ခင်တွယ်တတ်လာပါတယ်။ ကယ်ဆယ်ရေးအဖွဲ့က Dex ရဲ့ အခြေအနေနဲ့ ဓာတ်ပုံလေးတွေကို #dexupdate လို့ တင်ပေးနေခဲ့ရာ Beth Legacki ဆိုတဲ့အမျိုးသမီးက Dex အကြောင်းလေးတွေကို အမြဲဝင်ကြည့်နေခဲ့တဲ့ ပရိသတ်တစ်ဦးဖြစ်ပါတယ်။ သူမကတော့ Dex ရဲ့ မေမေအသစ်ဖြစ်လာခဲ့ပါတယ်။ သူမက Dex အပါအဝင် ကယ်ဆယ်ရေးဂေဟာက ခွေးလေးနှစ်ကောင်ကို မွေးစားခဲ့ပြီး Dex ကိုတွေ့ခဲ့ချိန်မှာလည်း ငိုခဲ့ရပါတယ်။

READ
နေစရာသွားမရှိ ဖြစ်နေတဲ့ အိမ်ရာမဲ့မိသားစုကို တစ်နှစ်တာ အိမ်အလှူပေးခဲ့တဲ့ အမျိုးသား
Beth Legacki

ခွေးလေး Dex ကတော့ လအနည်းငယ်အတွင်းမှာပဲ လမ်းပေါ်မှာ လွင့်နေခဲ့ရတဲ့ ဘဝကနေ နွေးထွေးတဲ့အိမ်ကို ရောက်ရှိသွားခဲ့ပါပြီ။ အရင်က ငြိမ်လွန်းခဲ့တဲ့ Dex လေးဟာ အခုဆိုကစားဖော်တွေလည်း ရှိနေပြီဖြစ်ပြီး အစားလည်းကောင်းစွာ စားပါတယ်။ လူတွေနောက်လည်း အမြဲလိုက်တတ်ပြီး အဝတ်တွေကြားထဲ အိပ်ရတာကြိုက်ပါတယ်လို့ သူ့မေမေက ဆိုပါတယ်။ သတ္တဝါလေးတွေ အဓိကလိုအပ်တာဟာ နွေးထွေးကြင်နာမှုပါပဲ။ ဘယ်လောက်တောင် ပြောင်းလဲသွားလဲကြည့်လိုက်ပါဦး..။

Beth Legacki
Beth Legacki

White (Shwemom)

Ref: The Dodo

SHARE