တစ်ကိုယ်လုံးထူထဲတဲ့ အမွှေးအမျှင်တွေရှိပြီး အချေရုပ်နဲ့ တွေ့ရတဲ့ ဂျူနိုကြီး

instagram/junotheangrycat

ကြောင်ဒေါသကြီး ဂျူနိုလို့ အင်စတာဂရမ်ပေါ်မှာ လူသိများကြတဲ့ ကြောင်ကြီးဟာ အသက်(၆) နှစ်ရှိပါပြီ။ ဟိမ၀န္တာကြောင်မျိုးစိတ်တစ်မျိုးဖြစ်တဲ့ ဂျူနိုရဲ့ ထူးခြားချက်က သူ့မှာ အမွှေးအမျှင်တွေ ထူထပ်စွာရှိနေတာပဲ ဖြစ်ပါတယ်။ တချို့လူတွေတောင် ဆံပင်ကောင်းချင်တာ မကောင်းပဲ ဆံပင်တွေပါးလွန်းရတဲ့အထဲ ကြောင်ကြီးဂျူနိုကတော့ မနာလိုချင်စရာကောင်းလောက်အောင် တစ်ကိုယ်လုံး အမွှေးအမျှင်တွေနဲ့ ဖုံးနေတာပါ။ ခုတွေ့ရမှာကတော့ ဂျူနိုရဲ့ ကေဒီဇိုင်းအသစ်တွေနဲ့ ရိုက်ထားတဲ့ ဓာတ်ပုံလေးတွေ ဖြစ်ပါတယ်။ အွန်လိုင်းပေါ်က လူတွေကတော့ မှုန်ကုတ်ကုတ်မျက်နှာကြီးနဲ့ အလန်းစားကေစတိုင်တွေကြား ပို့စ်ပေးနေတဲ့ ဂျူနိုကို စ,လို့မ၀အောင် ရှိနေကြတယ်လို့ သိရပါတယ်။

View this post on Instagram

Licking my beard is an absolute project

A post shared by Juno The Angry Cat (@junotheangrycat) on

View this post on Instagram

Trying out a new hair style. Thoughts?

A post shared by Juno The Angry Cat (@junotheangrycat) on

လင်းလင်း (ShweMom)

SHARE