ဂျပန်နိုင်ငံရဲ့ ထိပ်တန်း ဆူမိုနပန်းသမားကြီး Hakuho တစ်ယောက် ကိုဗစ် ကူးစက်ခံရတယ်လို့ BBC ရဲ့ သတင်း တစ်ပုဒ် မှာ ဖော်ပြထားပါတယ်။မွန်ဂိုလီးယားမှာ မွေးတဲ့ grand champion နပန်း သမား Hakuho က တော့ အနံ့ ပျောက်သွားတာကြောင့် ကိုဗစ် စစ်ကြည့်ရာ ကေ နကူးစက်ခံရမှန်း သိခဲ့တာ လို့ ဆူမို နပန်း အဖွဲ့ JSA က ပြောပါတယ်။တိုကျိုမြို့ နဲ့မြို့ အနီးတစ်ဝိုက် မှာ ကိုဗစ်ကူးစက်နှုန်းတွေ ပြန်မြင့်လာတကြောင့် အရေးပေါ် အခြေအနေ ကြေညာဖို့ စဉ်းစား နေတယ် ဆိုတဲ့ သတင်း တွေ ထွက်ပေါ် ခဲ့ပြီး နောက် Hakuho ကိုဗစ်ကူးစက်ခံရတယ်ဆိုတဲ့ ကိစ္စ ပေါ် ပေါက် လာခဲ့တာပါ။
View this post on Instagram
ဂျပန်မှာတော့ တခြားနိုင်ငံ တစ်ချို့နဲ့ ယှဉ်ရင် ကိုဗစ် ကူးစက်နှုန်းတွေ ကျလာ လို့ ကန့်သတ်ချက် တွေကို ဖြေလျော့ ပေး လိုက်ပါသေးတယ်။ကိုဗစ် ဖြစ်နေပေမယ့်လည်း ဆူမိုနပန်းပြိုင်ပွဲ အပါအ၀င် တခြား သော လှုပ်ရှား မှု တွေကို ဆက်လက်လုပ်ဆောင်ခွင့်ပြု ပေးခဲ့ ပေမယ့်လည်း အားကစားလောက မှာ လည်း ကူးစက်မှု တွေ ပေါ် ထွက်ခဲ့ပါတယ်။မေ လ တုန်းကလည်း အသက် ၂၈ နှစ်အရွယ် ဆူမို နပန်း သမားတစ်ယောက် ကိုဗစ် ကူးစက်ခံခဲ့ ရကာ သေဆုံးခဲ့ပါတယ်။ Hakuho က တော့ ဂျပန် ဆူမို နပန်း လောကရဲ့ ထိပ်တန်း ကစားသမား တစ်ယောက် ဖြစ်ပြီး တိုကျိုမှာ တနင်္ဂနွေ က နေ စပြီး ကျင်းပဖို့ စီစဉ်ထားတဲ့ New Year Grand Sumo တံခွန်စိုက်ပြိုင်ပွဲ အတွက် ပြင်ဆင်မှုတွေ လုပ်နေသူပါ။
View this post on Instagram
လက်ရှိမှာတော့ Hakuho က ကျွမ်းကျင်သူတွေ ဆီ ကေ န အကြံဥာဏ် တွေ ရယူ သွားမှာပါ။တခြား နပန်း သမားတွေ ကိုလည်း ကိုဗစ် စစ်ဆေးမှုတွေ ပြုလုပ် သွားမယ်လို့ JSA က ပြောပါတယ်။ဇန်န၀ါရီ ၅ ရက်နေ့ တုန်းက ဂျပန် ၀န်ကြီးချုပ် Yoshihide Suga ကနေ တိုကျို နဲ့ အနီးပတ်ဝန်းကျင် ဒေသ တွေကို အရေးပေါ် အခြေအနေ ထုတ် ပြန် ဖို့ ကိစ္စ ကို လာမယ့် ကြာသပတေး နေ့ကျရင် ဆုံးဖြတ် မယ်လို့ ကြေညာခဲ့ပါတယ်။ဂျပန်မှာတော့ ကိုဗစ် ကူးစက်သူ 249,000 နီးပါးရှိခဲ့ကာ သေဆုံး 3,500 ကျော် ရှိသွားပါပြီ။
あけましておめでとうございます。 pic.twitter.com/IpVfu9rFfO
— をゑん@幸せな結末☀︎ (@teragram_oen) December 31, 2020
ဗြိတိန်၊အမေရိကန် တိုနဲ့ ယှဉ်ရင် တော့ ဂျပန် ရဲ့ ကိုဗစ် ကူးစက် အသေ အပျောက်နှုန်း က နည်းပါတယ်။ ကိုဗစ် တတိယ လှိုင်း အတွက် ဂျပန် အစိုးရက တော့ စိုးရိမ်ပူပန် နေပါတယ်။ကူးစက်နှုန်း ပြန်များလာတဲ့ အနေ အထားကြောင့် Tokyo Olympics နဲ့ Paralympics ကို လက်ခံကျင်းပလို့ ရနိုင် မရနိုင် က တော့ ခန့်မှန်းမရ တဲ့ အနေ အထားပါ။ဂျပန်က တော့ ပြီးခဲ့တဲ့ နွေဦးတုန်းက လည်း အရေးပေါ် အခြေအနေ ကြေညာခဲ့ဖူးပါတယ်။
View this post on Instagram
#SHWEMOM