My Day မှာ ပုံလေးတစ်ပုံတင်ခဲ့မိလို့ အကြီးအကျယ်တောင်းပန်နေရတဲ့ Halsey

Instagram- @iamhalsey

ပရိတ်သတ်တွေကို လန့်သွားစေခဲ့ရင် တောင်းပန်ပါတယ်တဲ့။ Halsey ဟာ Instagram story မှာတင်ခဲ့တဲ့ ဓာတ်ပုံလေးတစ်ပုံကြောင့် ပရိသတ်တွေကို အကြီးအကျယ်တောင်းပန်နေရပါတယ်။

 

View this post on Instagram

 

A post shared by halsey (@iamhalsey)

ပြီးခဲ့တဲ့ တနင်္ဂနွေနေ့တုန်းက Halsey ဟာ Instagram account ရဲ့ story မှာ သူမရဲ့ပုံတစ်ပုံကိုတင်ခဲ့ပါတယ်။ Mirror selfie ရိုက်ထားတာဖြစ်ပြီးတော့ ကိုယ်ကို ဘေးတစ်စောင်းအနေအထားလေးနဲ့ပါ။ ပုံထဲမှာ Halsey တစ်ယောက် တော်တော်လေး ကျန်းမာရေးမကောင်းတဲ့အနေအထားဖြစ်နေတာ အရမ်းသိသာနေပါတယ်။

 

View this post on Instagram

 

A post shared by halsey (@iamhalsey)

ဘာကြောင့်လဲဆိုတော့ ဘေးတိုက်အနေအထားရိုက်ထားတဲ့ Halsey ဟာ နံရိုးအပြိုင်းပြိုင်းနဲ့ တော်တော်လေးကို ပိန်းလှီနေခဲ့တာပါ။ အခုတလော အစာစားချိန်မမှန်ဘဲ တစ်နေ့တာကုန်လို့ကုန်သွားမှန်းမသိ တစ်ခါတစ်လေကျရင် အစားစားရမှာတောင် မေ့နေတဲ့အတွက်ကြောင့် ဒီအကျင့်ဆိုးကိုဖျောက်ဖို့ နည်းလမ်းရှိသူတွေ ပြောပြကြပါဦးဆိုပြီး ဒီပုံလေးနဲ့တကွတင်ခဲ့တာဖြစ်ပါတယ်။

အရင်ကတည်းက Halsey ဟာ စိတ်ရောဂါနဲ့ပတ်သက်တဲ့ရောဂါတွေကို ခံစားနေရရှာတာပါ။ စိတ်ဓာတ်ကျတယ်၊ mood swing ဖြစ်ပြီးတော့ bipolar disorder စတာတွေပေါ့။ အခုလည်း eating disorder ဖြစ်နေပြန်ပါပြီ။

ဘယ်လိုပဲဖြစ်ဖြစ် Halsey ရဲ့ နံရိုးအပြိုင်းပြိုင်းပုံကိုကြည့်ပြီး ဒီလိုပုံတွေကို ကြောက်တဲ့ ပရိသတ်တစ်ချို့က ဘာလို့ အဲဒီလိုပုံတင်မယ်ဆိုတာ ကြိုပြီး သတိမပေးတာလဲဆိုကာ ဝိုင်းပြီး အပြစ်တင်နေခဲ့ကြပါတယ်။ ဒါကြောင့် Halsey ဟာ ချက်ချင်းဆိုသလိုပဲ သူမရဲ့ Twitter မှည တောင်းပန်ကြောင်း တင်ပေးခဲ့ရတာပါ။

penny

SHARE