သူမရဲ့အနုပညာနာမည်ကို ကိုယ်တိုင်ထွင်ခဲ့တာဖြစ်ကြောင်း ရှင်းပြခဲ့တဲ့ Halsey

instagram/iamhalsey

Halsey ဟာ သူမရဲ့မူရင်းနာမည်ကို ပြောင်းလဲချင်ခဲ့တာဖြစ်ပြီး သူမကိုယ်သူမ အနုပညာနာမည်အသစ်တစ်ခုပေးခဲ့တာဖြစ်တယ်လို့ People သတင်းစာမျက်နှာအရ သိရပါတယ်။ Cosmopolitan နဲ့ အင်တာဗျူးတစ်ခုမှာတော့ အသက်၂၆နှစ်ရှိပြီဖြစ်တဲ့ အဆိုတော်  Halsey က အခုလိုဖြေကြားခဲ့ပါတယ်။

Halsey ရဲ့မူလနာမည်က Ashley Nicolette Frangipane ဖြစ်ပါတယ်။ Halsey က သူမဘယ်လိုအောင်မြင်လာတယ်ဆိုတာရယ်နဲ့ အနုပညာနာမည်ပြောင်းလဲဖို့ ဘာကြောင့်ဆုံးဖြတ်ခဲ့ရတယ်ဆိုတာ အခုလို ပြောပြခဲ့ပါတယ်။

 

View this post on Instagram

 

A post shared by halsey (@iamhalsey)

“လူတွေက ကျွန်မအကြောင်းပြောတဲ့အခါ အစုတ်အပြတ်ဘဝကနေ ချမ်းသာလာတယ်ဆိုပြီးပြောကြတယ်။ ဒါပေမဲ့ ဒါမမှန်ဘူး။ ကျွန်မရဲ့အောင်မြင်မှုဟာ နှေးကွေးပြီး နာကျင်ရတဲ့လမ်းကြောင်းတစ်ခုဖြစ်ခဲ့ပါတယ်။ ကျွန်မပြန်စဉ်းစားလိုက်တိုင်း ဆယ်ကျော်သက်မိန်းကလေးအရွယ်မှာ ကျွန်မရဲ့ပထမဆုံးအယ်လ်ဘမ် Badlands ထွက်ခဲ့တာကို သိပ်ဂုဏ်ယူမိတယ်။ ကျွန်မက ဂီတလောကကလူတွေနဲ့ တစ်ယောက်မှမသိခဲ့ဘူး။ ကျွန်မကို နယူးဂျာစီမှာမွေးတာ။ ကျွန်မမှာ ပိုက်ဆံလည်း မရှိခဲ့တဲ့အတွက် ကောလိပ်လည်း မသွားခဲ့ရဘူး။”

 

View this post on Instagram

 

A post shared by halsey (@iamhalsey)

ထို့နောက်မှာတော့ Halsey က သူမရဲ့အိပ်မက်တွေဟာ အလှမ်းမှီဖို့ဝေးလွန်းတဲ့အတွက် သူမဖြစ်နေရုံနဲ့တင် မလုံလောက်ဘူးဆိုတာ ကြိုသိလာခဲ့ပါတယ်။ “ကျွန်မနဲ့လုံးဝမတူတဲ့ လူတစ်ယောက်ဖြစ်လာရမယ်။ အဲ့ဒီအချိန်တုန်းက Ashley နာမည်နဲ့ဆိုရင် အောင်မြင်ကျော်ကြားဖို့ မဖြစ်နိုင်ဘူးလို့တွေးခဲ့တယ်။ Ashley က ဒီလောက်မထူးခြားဘူး။ ဒါကြောင့် Halsey ဆိုတဲ့နာမည်ကိုရွေးခဲ့တယ်။ Halsey ကတော့ ထူးခြားလောက်တယ်။ ဘုရင်ဖြစ်နိုင်တယ် ဆိုပြီးတော့ပေါ့။”

 

View this post on Instagram

 

A post shared by halsey (@iamhalsey)

“နာမည်ပြောင်းလိုက်တဲ့အခါကျတော့ လူသစ်တစ်ယောက်အဖြစ် ဖန်တီးဖို့အခွင့်အရေးရသွားတယ်။ ကျွန်မကိုယ်ကျွန်မပေါ်မှာရှိနေတဲ့ မျှော်လင့်ချက်တွေရော၊ တခြားသူတွေက ကျွန်မအပေါ်မှာထားတဲ့ ကန့်သတ်ချက်တွေရော အဲ့ဒါတွေနဲ့သတ်မှတ်လို့မရတော့ဘူးလေ။ ကျွန်မ လူတစ်ယောက်ကို ဖန်တီးခဲ့ပါတယ်။ သူ အားလုံးလုပ်နိုင်လိမ့်မယ်။ Ashley ကတော့ ဘုရင်ဖြစ်နိုင်စရာအကြောင်းမရှိဘူး။ ကျွန်မအတွက် အမြင့်ဆုံးအကောင်းဆုံးစွမ်းဆောင်နိုင်မယ့် နာမည်တစ်ခုကိုဖန်တီးဖြစ်ခဲ့ပါတယ်။” လို့ လည်း Halsey ကပြောပြခဲ့ပါတယ်။

 

View this post on Instagram

 

A post shared by halsey (@iamhalsey)

ShweMom

SHARE