ဟမ်းစတားနှစ်ကောင်ရဲ့လက်ဝှေ့ပွဲကို အမိအရ ရိုက်ယူနိုင်ခဲ့တဲ့ ဓာတ်ပုံဆရာ

ဒရမ်မာဆန်ဆန်ဓာတ်ပုံတွေကတော့ ဥရောပဟမ်းစတားလေးနှစ်ကောင် ဖုန်တထောင်းထောင်း မြေကြီးပေါ်မှာ အတည်ပေါက်ကြီး တိုက်ခိုက်နေခဲ့ကြတဲ့ ပုံရိပ်တွေဖြစ်ပါတယ်။ အမိုက်စားရိုက်ချက်တွေကို (၅၂)နှစ်အရွယ် ဆော့ဖ်ဝဲပညာရှင် Csaba Godeny က ဟန်ဂေရီရှိ သူ့သူငယ်ချင်းရဲ့ လယ်ခြံထဲကို ရောက်နေခဲ့စဉ် တွေ့ရှိရိုက်ကူးခဲ့တာပါ။

SOLENT NEWS

Csaba ရဲ့ပြောပြချက်အရ တစ်ခြံလုံးမှာ ဟမ်းစတားတွေ အများကြီးဝင်ရောက်နေခဲ့ပြီး နေရာတကာမှာလည်း တွင်းလေးတွေ ဖြစ်ပေါ်နေပါတယ်။ ခြံထဲမှာ လျှောက်ပြေးလိုက်၊ အစာရှာလိုက်လုပ်နေတဲ့ ဟမ်းစတားလေးတွေကို ဓာတ်ပုံရိုက်ဖို့ Csaba က အလင်းကောင်းတဲ့ နေဝင်ချိန်အထိ စောင့်ကာ လိုက်ရိုက်ခဲ့တာဖြစ်ပါတယ်။ သူ့သဘောအကျဆုံး ရိုက်ချက်လေးကတော့ ဟမ်းစတားလေးတွေ တိုက်ခိုက်နေတုန်း လေပေါ်မြောက်သွားကာ ကွန်ဖူးသိုင်းချနေတဲ့စတိုင်ဖြစ်သွားတာပါ။

SOLENT NEWS

ဟမ်းစတားလေးတွေ ဘာကြောင့်ရန်ထဖြစ်လဲတော့ မသိပါဘူး။ သူတို့က အရမ်းကို အကောင်ရေထူထပ်နေပြီး ပူးကပ်စွာ နေထိုင်နေကြရတာကြောင့် စိတ်တိုလာလို့လည်း ဖြစ်နိုင်ပါတယ်။ ဥရောပဟမ်းစတားလေးတွေဟာ အညိုရောင်အမွေးပေါ်မှာ အဖြူစင်းလေးတွေရှိပြီး ဝမ်းဗိုက်လေးတွေက မည်းမည်းလေးတွေနဲ့ အရမ်းကိုချစ်စရာကောင်းတဲ့ သတ္တဝါလေးတွေဖြစ်ပါတယ်။

SOLENT NEWS
Solent News
Solent News

White (Shwemom)

READ
ခြေထောက်ဒဏ်ရာသက်သာသွားပြီး ကျန်းကျန်းမာမာနဲ့ ပွဲတက်လာတဲ့ ထက်ထက်ထွန်း

Ref: The Sun

SHARE