ချစ်သူရဲ့နှုတ်ခမ်းရာလေးကို တစ်သက်တာ အမှတ်တရဖန်တီးလိုက်တဲ့ ဟန်လင်းနဲ့မေဦး

မိတ်ကပ်ဖန်တီးရှင်တစ်ယောက်အဖြစ် ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုတွေကို ရရှိထားတဲ့သူတစ်ယောက်ြဖစ်တဲ့ မေဦးနဲ့ သူရဲ့ ချစ်သူ ဟန်လင်းတို့ကတော့ လိင်တူချစ်သူနှစ်ယောက်အဖြစ် လူသိများပြီး ပရိသတ်တွေရဲ့ အားပေးဝန်းရံမှုတွေကို ရရှိထားတဲ့ ဆယ်လီစုံတွဲလေးလည်းဖြစ်ပါတယ်။ ဟန်လင်းနဲ့ မေဦးတို့ကတော့ အရမ်းကို ရိုမန်တစ်ဆန်တဲ့စုံတွဲလေးဖြစ်လို့ ပရိသတ်တွေတောင် အားကျရတဲ့စုံတွဲလေးဖြစ်ပါတယ်။

သူတို့နှစ်ယောက်ကတော့ ဒီကနေ့မှာလည်း ပရိသတ်တွေ အားကျသွားအောင် ရိုလိုက်ပြန်ပါပြီ။ ဟန်လင်းနဲ့ မေဦးတို့ကတော့ ဘဝတစ်သက်စာအတွက် တစ်ယောက်နဲ့တစ်ယောက်အမှတ်အသားလေးပေးခဲ့တာဖြစ်ပါတယ်။ သူတို့နှစ်ယောက်ကတော့ အနမ်းတွေ ဖလှယ်ပြီး ချစ်သူရဲ့နှုတ်ခမ်းရာလေးကို အမှတ်တရဆေးစက်ရေးဆွဲခဲ့တာဖြစ်ပါတယ်။

ဟန်လင်းကတော့ “အ ခု လည်း ကျွန် တော် တို့ နှစ် ယောက် ရဲ့ ဘ ဝ တစ် လျှောက် လုံး မှာ အ ခု က နေ စ ပြီး အ ဖိုး ကြီး တွေ ဖြစ် သွား ကြ တဲ့ အ ထိ မှန် ကြည့် တိုင်း ရင် ခုန် နေ စေ ဖို့ အ နမ်း လေး တွေ ဖ လှဲ ဖြစ် ခဲ့ ကြ တယ် …” လို့ရေးထားပြီးး ဓါတ်ပုံတွေကို တင်ပေးထားတာဖြစ်ပါတယ်။ ဟန်လင်းနဲ့ မေဦးတို့ကို ချစ်ကြတဲ့ ပရိသတ်တွေအတွက် ဓါတ်ပုံတွေကို တင်ဆက်ပေးလိုက်ပါတယ်။

READ
ကံကြမ္မာနဲ့ပတ်သက်ပြီး ပြောပြလာခဲ့တဲ့ နန်းမြတ်ဖြိုးသင်း

source: han lin

SHARE