တောင်ကိုရီးယား ဇာတ်လမ်းတွဲတွေ ၊TV Show တွေ ကို ကြည့်တဲ့ သူတွေ ဆိုရင် တော့ ဟန်မြစ်ကြီး နဲ့ ကောင်းကောင်း ကြီး ရင်းနှီး ကြမှာပါ။မကြာ သေးမီ ရက်များတုန်းက တောင်ကိုရီးယားမှာ တော့ အအေးလှိုင်းရိုက်ခတ်မှုတွေနဲ့ ဆိုးဆိုးရွားရွား ရင်ဆိုင် ခဲ့ရတာကြောင့် ဟန်မြစ်ကြီး အေးခဲသွားခဲ့ပါတယ်။မြစ်ကြီး ခဲသွားတဲ့ အကြောင်းကိုတော့ ပြီးခဲ့တဲ့ စနေ နေ့ က ကြေညာ ခဲ့ပြီး နှစ် အတွင်း ဒီလို မျိုးအေးခဲ တာ ဒါပထမဆုံး ပါ။ကိုရီးယား မိုးလေ၀သအုပ်ချုပ်စီမံမှုဆိုင်ရာ အဖွဲ့ (KMA) ကနေ မြို့ရဲ့ အပူချိန် အပူချိန် အနုတ်(-16.6 C) အထိ ကျ ဆင်းခဲ့ပြီး နောက် ဇန်န၀ါရီ ၉ ရက်နေ့ မနက် ပိုင်း တုန်း ဟန်မြစ် ရေခဲ သွားခဲ့တာကို တွေ့ရှိခဲ့တယ်လို့ ကြေညာခဲ့ပါတယ်။ဒီအ ကြောင်းကိုတော့ koreatimes မှာ ဖော်ပြထားတာပါ။
View this post on Instagram
မနှစ်တုန်းက ဆောင်းရာသီတုန်းက ဒီနှစ်လောက် မအေးတာကြောင့် မြစ်ထဲမှာ ရေခဲ တာ မျိုး မရှိခဲ့ပဲ အခုလို အေးခဲတာမျိုးက နှစ်နှစ် အတွင်း ပထမဆုံးပါလို့ KMA က ဆိုပါတယ်။ဟန်မြစ်ကြီး အေးခဲမှုက တော့ (၁၉၀၆) ခုနှစ်က စတင်ဖြစ်ပေါ် ခဲ့တာ ဖြစ်ပြီး Hangang တံတား အနီးပတ်ဝန်းကျင် အောက်ခြေ နား တွေမှာ ရေခဲ တွေ ဖြစ်ပေါ် တာပါ။ဆိုးလ် နဲ့ တခြား နေရာ တွေ မှာ တော့ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့ တည်းက အအေးလှိုင်း အန္တရာယ် သတိ ပေးခဲ့ပြီး နေ့စဉ် အနိမ့်ဆုံး အပူချိန် က အနုတ် 20 C လောက် အထိ ကျ ဆင်းခဲ့တာပါ။
View this post on Instagram
မနက်ဆိုရင် အအေးလှိုင်းက အနုတ် 15 C အောက် အထိ နှစ်ရက် ဆက်တိုက် ကျ ဆင်းတာ ဒါမှမဟုတ် အပူချိန် တွေ ရုတ်တရက် ထိုးကျ သွားတာမျိုး ဖြစ်မယ်ဆိုရင် တော့ ထိခိုက်ပျက်စီးမှုကြီး တွေ ဖြစ်လာနိုင်တယ်လို့ သတိပေးချက် ထုတ်ပြန် ခဲ့ပါတယ်။စနေနေ့ မနက် တုန်းက ဆိုရင် Gangwon ပြည်နယ်က Cheorwon မှာ အနုတ် 26.2 C နဲ့ Chuncheon မှာ 22 C ၊Yeoncheo မှာ အနုတ် 24.4 C ၊ Paju မှာ အနုတ် 21.5 C ၊ Suwon မှာ အနုတ် 18.6 C အထိ ကျဆင်းခဲ့ပါတယ်။ Daejeon မြို့မှာတော့ အနုတ် 17 C နဲ့ Gwangju မြို့ မှာတော့ အနုတ် 15.2 C အထိ ကျင်ဆင်းခဲ့ပါတယ်။
View this post on Instagram
ဘူဆန်မှာဆိုရင် လည်း နေ့စဉ် အနိမ့်ဆုံး အပူချိန် က အနုတ် 10 C အထိ ရှိနေပြီး Naktong မြစ် မှာလည်း ရေခဲ တာတွေ ဖြစ်ပေါ် ခဲ့ပါတယ်။အရှေ့ တောင် ဆိပ်ကမ်း မြို့ ဘူဆန် တစ်လျှောက် စီးဆင်းနေတဲ့ Naktong မြစ် မှာ သုံးနှစ် အတွင်း ပထ မ ဆုံး အကြိမ် ရေခဲ တာပါ။ဗုဒ္ဓ ဟူးနေ့ အစောပိုင်းတုန်းက ဘူဆန်ရဲ့ နေ့ စဉ် အနိမ့်ဆုံး အပူချိန် က ၁၀ နှစ် အတွင်း ပထမဆုံး အကြိမ် အနုတ် 12 C အထိ ကျ ဆင်းသွားခဲ့ပါတယ်။မိုးလေ၀သ အေဂျင်စီ က တော့ ဂျယ်ဂျူ ကျွန်းမှာ ရှိတဲ့ တောင်တန်းတွေ နဲ့ တခြား သော နေရာ တွေ မှာ ဆိုးဆိုးရွားရွား နှင်းကျ ဆင်းမှု အန္တရာယ် သတိပေးချက် ထုတ်ပြန် ထားပါတယ်။ အ အေးလှိုင်း ဖြတ် သန်းမှု တွေ က တော့ နိုင်ငံ တစ်ဝန်းမှာ လာမယ့် အင်္ဂါ ဒါမှမဟုတ် ဗုဒ္ဓဟူးနေ့ အထိ ဆက်လက် ဖြစ်ပေါ် နေလိမ့်မယ်လို့ ခန့်မှန်း ထားပါတယ်။
View this post on Instagram
ကိုဗစ် ကပ်ရောဂါ ဖြစ်ပွားမှုတွေ ကလည်း ရှိနေတဲ့ အပြင် ပြင်းထန်တဲ့ အအေးလှိုင်းဖြတ်သန်းမှုနဲ့ပါ ကြုံ နေရတာ မို့ ပြည်သူတွေရဲ့ ကျန်းမာရေး ထိခိုက်မှုတွေ ဖြစ်စေ တယ်လို့ အာဏာပိုင်တွေ က ပြောခဲ့ပါတယ်။သဘာဝ ဘေး နဲ့ လုံခြုံမှု ဆိုင်ရာ အဖွဲ့ အစည်း ရဲ့ ထုတ်ပြန် ချက် အရ အအေးလှိုင်းဒဏ်ကြောင့် အအေးလွန်ပြီး အသားပုပ်တာ၊ကိုယ်အပူချိန် အလွန် အမင်း ကျဆင်း တဲ့ ရောဂါ.. အစရှိတဲ့ ရောဂါတွေ ကြောင့် လူ ၁၅ ယောက် နာ မကျန်း ဖြစ်ခဲ့ ကာ လူ ၃၇ ယောက်ကို တော့ ကယ်တင် ထားရတယ်လို့ ဆိုပါတယ်။
View this post on Instagram
ဒါ့အပြင် ဆိုးလ်နဲ့ အင်ချွန်းမှာရှိတဲ့ အိမ်ထောင်စု 78,000 ခန့် ပြီးခဲ့တဲ့ သောကြာ နေ့ ညက လျှပ်စစ်မီးပြတ် တောက်မှုတွေ ဖြစ် ပေါ် ခဲ့ပါတယ်။ဆိုးလ် မြို့ Gimpo လေဆိပ် နဲ့ နိုင်ငံတစ်ဝန်းက တခြား လေဆိပ် ငါးခု မှာတော့ စနေ နေ့က လေယာဉ် ခရီးစဉ် ၂၃ ခု ဖျက်သိမ်း ခဲ့ရကာ၊ရေကြောင်း ၀န်ဆောင်မှု လမ်းကြောင်း ၃၆ ခုလောက် ရပ်ဆိုင်းခဲ့ရပါတယ်။
View this post on Instagram
#SHWEMOM