The World of the Married ရိုက်ကူးခဲ့ပြီးမှ လက်ထပ်ချင်စိတ်ပျောက်သွားတဲ့ Han So Hee

IG/worldofthemarriedcouple

ဖောက်ပြန်တဲ့ အချက်တစ်ချက်တည်းကြောင့် လက်ထပ်ချင်စိတ်ပျောက်သွားတာ မဟုတ်ဘူးလို့ မင်းသမီး Han So Hee က ပြောခဲ့ကြောင်းကို koreaboo ကနေ အခုလိုပဲ တင်ဆက်ထားခဲ့ပါတယ်။

မင်းသမီး Han So Hee ကတော့ The World of the Married မှာ ဗီလိန်ဇာတ်ရုပ်နဲ့ သူမရဲ့ အောင်မြင်မှုကို အမြင့်ဆုံးကို ဆွဲတင်နိုင်ခဲ့တဲ့သူ ဖြစ်ပါတယ်။ ဇာတ်လမ်းထဲမှာ ပါဝင်ထားခဲ့တဲ့ ဇာတ်ရုပ်နဲ့ သူမနဲ့ကတော့ လက်တွေ့မှာ ဆန့်ကျင်ဘက်ပါပဲ။ သူမရဲ့ အင်တာဗျူးတစ်ခုမှာ သူမကတော့ The World of the Married ရုပ်ရှင်အကြောင်းတွေနဲ့ သူမ ခံစားချက်တွေကို ထုတ်ဖော်ပြောကြားသွားခဲ့ပါတယ်။

ဒီဇာတ်လမ်းမှာ အိမ်ထောင်ရေး ဖောက်ပြန်တဲ့ အမျိုးသမီးတစ်ယောက်အနေနဲ့ သရုပ်ဆောင်ရတာ သူမအတွက် အရမ်းကို ခက်ခဲပြီး ကြိုးစားခဲ့ရကြောင်းကို ထုတ်ဖော်ပြောခဲ့ပါတယ်။ ဒီလိုမျိုး အိမ်ထောင်ရှိ အမျိုးသား တစ်ယောက်နဲ့ ချစ်မိနေတဲ့ ခပ်လှလှ မိန်းကလေးပုံစံကို သရုပ်ဆောင်ခဲ့ရပြီးတဲ့နောက်မှာတော့ သူမမှာ အိမ်ထောင်ပြုချင်တဲ့စိတ် ပျောက်ပြီး လက်မထပ်ချင်တော့ဘူးလို့ ဖွင့်ဟဝန်ခံခဲ့ပါတယ်။

READ
ပရိသတ်တွေ အကြည့်မလွှဲနိုင်လောက်အောင် လှနေတဲ့ နော်ဖောအယ်ထား

ဒါပေမယ့် ဖောက်ပြန်တယ်ဆိုတဲ့ အချက်တစ်ချက်တည်းကြောင့် ဒီလိုစိတ် ဖြစ်သွားခဲ့တာမျိုး မဟုတ်ဘူးလို့ သူမက ဆိုပါတယ်။ ဇာတ်ဆောင် Go Ye Rim နဲ့ Son Jae Hyuk တို့ရဲ့ အိမ်ထောင်ရေးမှာရှိတဲ့ မယုံကြည်မှုတွေ၊ သံသယတွေနဲ့ အိမ်ထောင်ပြုခြင်းအပေါ်မှာ မတင်းတိမ်နိုင်တဲ့ အချက်တွေက သူမကို မွန်းကြပ်စေပြီး မိသားစုတစ်ခု တဖြည်းဖြည်း ပြိုကွဲသွားတာကို မြင်သိလိုက်ရတဲ့အချိန်မှာ တကယ်လို့ ငါ လက်ထပ်ရင်ရောဆိုတဲ့ စိတ်နဲ့ ခြောက်ခြားမိတယ် လို့ သူမက ဆိုခဲ့ပါတယ်။

https://www.instagram.com/p/CAQaNqPDi-o/

သူမက ဇာတ်လမ်းနဲ့ ပတ်သတ်ပြီး သူမရဲ့ သူငယ်ချင်းတွေရဲ့ တုန့်ပြန်မှုတွေကိုလည်း ပြောပြခဲ့ပါတယ်။ ဒီဇာတ်လမ်းကို ကြည့်ပြီးတဲ့အခါ သူငယ်ချင်းတစ်ယောက်က ဒိတ်ဖို့တောင် မလုပ်ချင်တော့ကြောင်းနဲ့ ကလေးတစ်ယောက်ရှိတဲ့ သူငယ်ချင်းကတော့ စိတ်ပိုင်းဆိုင်ရာ အတွေးတွေ အရမ်းခက်ခဲနေခဲ့တယ်လို့ ပွင့်ပွင့်လင်းလင်း ပြောပြသွားခဲ့ပါတယ်။

READ
ကလေးတွေအတွက် ၀မ်သန်းတစ်ရာ လှူလိုက်တဲ့ So Ji Sub

ကြည့်ပြီးတဲ့သူတွေရော ဘယ်လိုတွေ ခံစားခဲ့ရလဲ ပြောခဲ့ကြပါဦးနော်။

Kham

SHARE