ဆိုးသွမ်းခဲ့တုန်းက အချိန်တွေအကြောင်းကို အမှန်အတိုင်း ပြောပြလာတဲ့ Han So-hee

ig/@xeesoxee.fanpage

မင်းသမီးချောလေး Han So-hee ကတော့ သူမရဲ့ ဟိုးအရင်က ဆေးလိပ်တွေသောက်ပြီး တက်တူးတွေထိုးခဲ့ဖူးတဲ့ အချိန်တွေအကြောင်းကို ရိုးသားစွာနဲ့ ပြောပြခဲ့ပါတယ်။ May 25 ရက်နေ့က အင်တာဗျူးတစ်ခုမှာ ဖြေကြားခဲ့တာဖြစ်ပြီး သူမရဲ့ အရင်က ပုံတစ်ချို့ဖြစ်တဲ့ ဆေးလိပ်တွေသောက်နေတဲ့ပုံတွေနဲ့ ခန္ဓာကိုယ်ပေါ်က တက်တူးတွေအကြောင်းကို မေးမြန်းခံခဲ့ရတာ ဖြစ်ပါတယ်။ ဒီအကြောင်းကိုတော့ sbs news မှာဖော်ပြထားတာပါ…

 

သူမရဲ့ အဖြေကတော့ “အရင်က အဲလိုတွေဖြစ်ခဲ့ဖူးပေမယ့် အခုအချိန်မှာတော့ ကျွန်မဟာ ကျွန်မဖြစ်နေခဲ့ပါပြီ ကျွန်မ ဒါတွေကို မကောင်းဘူးလို့ သိလာခဲ့တဲ့ အခါမှာ ကျွန်မကို ကျွန်မ ပြောင်းလဲခဲ့ပါတယ် ကျွန်မ သရုပ်ဆောင်ပွဲဦးထွက်ပြီးနောက်မှာ ကိုယ့်ကိုယ်ကို ထိန်းသိမ်းခဲ့ပြီး အခုလက်ရှိကျွန်မအဖြစ်ကို ရောက်ရှိလာခဲ့ပါတယ်” ဆိုပြီး ပြောပြခဲ့ပါတယ်။

READ
ကြော်ငြာရိုက်ကွင်းတစ်ခုမှာ တွေ့ရတဲ့ အိန္ဒြာကျော်ဇင် နဲ့ ထွန်းကိုကို

 

သူမက ထပ်ပြီးတော့ “ အဲဒီ့ပုံတွေက လွန်ခဲ့တဲ့ သုံးလေးနှစ်က ရိုက်ထားတဲ့ ပုံတွေပါ အဲဒီ့ပုံတွေ ထွက်လာပြီး နောက်နေ့မှာ ကျွန်မ အေဂျင်စီရဲ့ အထက်လူကြီးက ပြောတယ် ကျွန်မရဲ့ သရုပ်မှန်ကို public တွေရှေ့မှာ ဖုံးထားသင့်တယ်ဆိုပြီးတော့ ဒါပေမယ့် လူတွေက ကျွန်မဘယ်သူပဲ ဖြစ်နေဖြစ်နေ သဘောကျပေးခဲ့ကြပါတယ် ကျွန်မရဲ့ အတိတ်တွေကိုရောပေါ့ အဲဒီ့အတွက် အရမ်းလည်း ပျော်ရွှင်ရပါတယ်” ဆိုပြီး သူမရဲ့ အတိတ်က အကြောင်းတွေကို ပြောပြခဲ့ပါတယ်။

https://www.instagram.com/p/CAmHoKSDakM/

Han So-hee ဟာမကြာသေးခင်က JTBC က ရိုက်ကူးထုတ်လွှင့်တဲ့ ‘The World of the Married’ ဆိုတဲ့ ဇာတ်ကားမှာ ပါဝင်ထားခဲ့ပြီး ဒီဇာတ်ကားက rating 28.4% အထိတောင် ရရှိခဲ့တဲ့ အောင်မြင်ခဲ့တဲ့ ကားတစ်ကားပဲ ဖြစ်ပါတယ်။

READ
IU ရဲ့ဖျော်ဖြေပွဲမှာ တွေ့ရတဲ့ Song-Song စုံတွဲ

Khin

SHARE