Netflix က ရိုက်မယ့် မှုခင်းရုပ်ရှင်မှာ အတူတွေ့ရမယ့် Han Sohee နဲ့ Ahn Bohyun

IG/lifestylegaekon

ဗီလိန်ဇာတ်ရုပ်တွေမှာ သရုပ်ဆောင်ရင်းနဲ့ ပရိသတ်တွေရဲ့ အချစ်တွေကို ရခဲ့တဲ့ သူတို့နှစ်ယောက်ကို အတူတူတွဲပြီး တွေ့ရတော့မှာပါလို့ kstarlive ကနေ အခုလိုပဲ ဖော်ပြထားခဲ့ပါတယ်။

 

သြဂုတ်လ ၅ ရက်နေ့မှာ ထွက်ရှိတဲ့ သတင်းတွေအရ သရုပ်ဆောင် Ahn Bohyun က သရုပ်ဆောင် Han Sohee နဲ့အတူ Netflix ဇာတ်လမ်းတွဲတစ်ခုဖြစ်တဲ့ Nemesis မှာ ပါဝင်သရုပ်ဆောင်ကြတော့မယ်လို့ သိရပါတယ်။ Ahn Bohyun ကိုတော့ ဒီဇာတ်လမ်းမှာ ဂျူဒိုကစားသမားအဖြစ်ကနေ စုံထောက်တစ်ယောက် ဖြစ်လာတာကို တွေ့ရမှာ ဖြစ်ပါတယ်။ Han Sohee ကတော့ သူမအဖေရဲ့ လက်တုံ့ပြန်တဲ့နေရာမှာ ပါဝင်တဲ့သူ တစ်ယောက် ဖြစ်ပါတယ်။ ဒီအတွက် ရဲထဲကို သူလျှိုအနေနဲ့ ဝင်ပြီး ပြစ်မှုတွေကို ရှာဖို့ ပြုလုပ်တဲ့အခန်းကို သရုပ်ဆောင်မှာ ဖြစ်ပါတယ်။

READ
စပွန်ဆာလိုချင်လားလို့မေးတဲ့သူကို ပညာသားပါပါတုံ့ပြန်လိုက်တဲ့ K-pop အဆိုတော်မလေး

 

ဒီဇာတ်လမ်းတွဲကို စီစဉ်ထုတ်လုပ်မယ့်သူကတော့ မကြာခင်ကပဲ Extracurricular ဇာတ်လမ်းနဲ့ ထိုးဖောက်အောင်မြင်ထားတဲ့ Kim Jinmin ဖြစ်ပါတယ်။ Han Sohee ကတော့ ABYSS မှာလည်း ပရိသတ်ရဲ့ စိတ်ဝင်စားမှုကို ရရှိခဲ့ပြီး The World of the Married မှာတော့ လုံးဝကို အောင်မြင်တဲ့အထိ ဖြစ်ခဲ့သူ ဖြစ်ပါတယ်။ Ahn Bohyun ကတော့ Itaewon Class နဲ့ ပရိသတ်တွေရဲ့ စိတ်ဝင်စားမှုကို ရရှိလာခဲ့သူ ဖြစ်ပါတယ်။

READ
ကွန်ပြူတာစာရိုက်ပုံ ထူးခြားလို့ နာမည်ကြီးနေတဲ့ တရုတ်မင်းသား

 

 

View this post on Instagram

 

선우선배님❤️여다경 @last_q 오늘밤 10시 50분 jtbc #부부의세계

A post shared by 한소희 (@xeesoxee) on

Kham

SHARE