Gucci အိတ်တွေနဲ့ ဆွဲဆောင်မှုရှိလွန်းတဲ့ ဓာတ်ပုံအသစ်တွေ ရိုက်ကူးခဲ့တဲ့ Han Sohee

IG/eastasianladiesstyle

ဗီလိန်ဇာတ်ရုပ်တွေမှာ ပိုင်နိုင်လှတဲ့ သရုပ်ဆောင်မှုတွေနဲ့အတူ အောင်မြင်မှုတွေကို ဖမ်းယူနိုင်တဲ့ မင်းသမီးချောလေး Han Sohee ကတော့ Harper’s Bazaar Korea မဂ္ဂဇင်းအတွက် ပုံတွေ ရိုက်ကူးခဲ့ပါတယ်။ kstarlive ကနေ ဖော်ပြထားပြီး ဇူလိုင်မှာ ထွက်ရှိမယ့် မဂ္ဂဇင်းအတွက် ရိုက်ကူးတာပဲ ဖြစ်ပါတယ်။

ဒီရိုက်ကူးရေးမှာ သူမကတော့ နာမည်ကြီး တံဆိပ်ဖြစ်တဲ့ Gucci နဲ့ တွဲပြီး ကြော်ငြာဓာတ်ပုံတွေ ရိုက်ကူးခဲ့ပါတယ်။ လှပလွန်းသော အိတ်တွေနဲ့ လိုက်ဖက်လွန်းတဲ့ သူမကတော့ အံ့သြလောက်အောင် လှနေတော့တာပါပဲ။ ဒါကြောင့် ပရိသတ်တွေကတောင် သူမကို လူသား Gucci ရယ်လို့ တင်စားနေကြပါတယ်။

ဒီဓာတ်ပုံရိုက်ကူးရေးအတွက် သူမကတော့ မတူညီတဲ့ အဝတ်အစားပုံစံအမျိုးမျိုးနဲ့ စတိုင်အမျိုးမျိုးကို ရိုက်ကူးထားရပါတယ်။ သူမကိုယ်တိုင်လည်း ဒီရိုက်ကူးရေး ပုံရိပ်ကို သူမရဲ့ လူမှု ကွန်ယက်စာမျက်နှာပေါ်ကို ပြန်လည်မျှဝေထားပါတယ်။ သူမရဲ့ အင်တာဗျူးကိုတော့ ဇူလိုင်လထုတ် Harper’s Bazaar Korea မဂ္ဂဇင်းမှာ ဖော်ပြသွားမှာ ဖြစ်ပါတယ်။

View this post on Instagram

@harpersbazaarkorea @gucci 7월호🦋

A post shared by 한소희 (@xeesoxee) on

Kham

SHARE