လက်ရှိဖြစ်နေတဲ့ ကိစ္စနဲ့ပတ်သက်ပြီး သူမရဲ့ ခံစားချက်ကို ရင်ဖွင့်လာတဲ့ ဟန်တီ

ဟန်တီကတော့ Miss Myanmar World 2018 ရဲ့ Winner တစ်ယောက်ဖြစ်ပြီး လက်တလောမှာလည်း  အနုပညာလှုပ်ရှားမှုတွေ လုပ်ကိုင်နေသူပါ။ ဟန်တီ နဲ့ပတ်သက်ပြီး လူမှုကွန်ရက်ပေါ်မှာ လူပြောများနေတဲ့ အရာတစ်ခု ရှိပါတယ်။အဲ့ဒါကတော့ သူမက အေးနေ၀င်းကို သူမကိုယ်တိုင်ရေးဆွဲထားတဲ့ ပုံတူပန်းချီ လက်ဆောင်ပေးတဲ့ကိစ္စပါ။ အေးနေ၀င်းက အလှမယ်မော်ဒယ် ရွှေအိမ်စည်ရဲ့ ချစ်သူဟောင်းဖြစ်ပြီး ပြတ်စဲသွားတာ လပိုင်း လောက် ပဲ ရှိပါ သေးတယ်။

အေးနေ၀င်းက ဟန်တီဆီကနေ ပုံတူပန်းချီလက်ဆောင်ရတဲ့ အကြောင်းကို သူ့ရဲ့ fb မှာ တင်ခဲ့ရာကနေ ပြဿနာက အစပြုခဲ့တာပါ။ “ညီမလေး ဟန်သီက သူကိုယ်တိုင် ရေးဆွဲပေးထားတဲ့ ပုံတူ ပန်းချီကားလေးကို သူ ဥရောပခရီးမသွားခင် ညနေမှာ လက်ဆောင်ပေးအပ်ခဲ့တာ တကယ်ကို အထူးကျေးဇူးတင်မိပါတယ်။ စေတနာနှင့် အချိန်ယူ ကြောင့် ကျဝါယမ စိုက်ထုတ်ပြီးပေးတဲ့ အမှတ်တရ လက်ဆောင်လေးမို့ အမြဲ တန်ဖိုးထားမိနေမှာပါ။” လို့ ရေးထားပြီး တင်ပေးထားတာဖြစ်ပါတယ်။ အဲ့ဒီမှာပဲ ဒီကိစ္စနဲ့ပတ်သက်ပြီး လူမှုကွန်ရက်စာမျက်နှာပေါ်မှာ အတော်လေးကို လူပြောများခဲ့ပါတယ်။ ဟန်တီကတော့ လက်တလော ဖြစ်နေတဲ့ ကိစ္စနဲ့ပတ်သက်ပြီး သူမရဲ့ ခံစားချက်တွေကို လူမှုကွန်ရက်စာမျက်နှာ ပေါ်မှာ ထပ်ပြီး ရင်ဖွင့်လာခဲ့ပါတယ်။

READ
အသက်(၂၀)လောက်ငယ်တဲ့ ချစ်သူလေးနဲ့ အနမ်းတွေ ခြွေချခဲ့တဲ့ Leonardo

“အခုလတ်တလောကဖြစ်ပျက်တာနဲ့ပတ်သက်ပြီး ဟန်တီအတွက် လောကနိယာမအတိုင်း ကောင်းတာနဲ့ စိတ်မကောင်းစရာ ဒွန်တွဲနေပါတယ်။ ကောင်းတာကတော့ ဟန်တီကို လူပိုသိလာတယ်ပေါ့လေ။ စိတ်မကောင်းစရာက ဟန်တီ့အနေနှင့် ခင်မင်မိသည့်အတွက် နှစ်ဦးနှစ်ဖက် အကျိုးမဲ့ဖြစ်ရုံသာမက ပတ်ဝန်းကျင်ရှိသူများကိုလည်း အထင်အမြင်လွဲမှား ပြစ်တင် ပြောဆိုခြင်းခံရသည့်အတွက်ဖြစ်ပါသည်။
လူသားအားလုံး အကောင်းမြင်ဝါဒများနှင့်ပြည့်ဝကြပြီး စိတ်နှလုံးရွှင်လန်းကြပါစေလို့ ဟန်တီက ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။………………” ဆိုပြီး သူမရဲ့ fb အကောင့်ကနေ ဖြေရှင်းခဲ့ပါတယ်။

 ဒီလို မပြောခင်မှာလည်း ပြဿနာဖြစ်ဖြစ်ချင်းမှာ သူမရဲ့ page ကနေ ပရိသတ်အထင်လွဲမှာစိုးလို့ အခုလို ဖြေရှင်း ခဲ့ ပါသေးတယ်။

 

“လူတိုင်းကို ရိုးသားပွင့်လင်းစွာ ခင်မင်တတ်သော ဟန်တီနှင့်မေမေတို့ကြောင့် ယခုအခါတွင် ပရိသတ်များ ကြားအထင်အမြင်လွဲမှားနေသော အကြောင်းတခုကို ဖြေရှင်းပါရစေ။
ဟန်တီ ပန်းချီဆွဲတတ်သည်ကို သိရှိသည့် ပို့စ်တင်သည့် ကာယကံပိုင်ရှင် ဟန်တီ့ပရိသတ်တဦးမှ မွေးနေ့လက်ဆောင်အဖြစ် ပုံတူပန်းချီဆွဲပေးရန် တောင်းဆိုခဲ့သဖြင့် လွန်ခဲ့သောနှစ်နှစ်က အချိန်အားလပ်သဖြင့် ဆွဲပေးထားသောပုံလေးကို အခါအခွင့်ကြုံ၍ ယခု ခရီးသွားခါနီးမှ ပေးဖြစ်ခဲ့ခြင်းဖြစ်ပါသည်။
ဟန်တီနှင့်သာမန်ခင်မင်သည့် မိတ်ဆွေတဦးသာဖြစ်ပြီး မည်သို့မျှပတ်သက်ခြင်းမရှိပဲ ပရိသတ်များထင်ယောင်ထင်မှားဖြစ်ခြင်းခံရသည့်အတွက် စိတ်ပင်ပန်းနွမ်းနယ်ရပါသောကြောင့် ဟန်တီနှင့် မည်သို့မျှဆက်နွယ်ခြင်းမရှိပဲ ဖေ့ဘုတ်ပေါ်တွင်ပင် ခင်မင်ရင်းနှီးခြင်းမရှိတော့ပါကြောင်း အသိပေးအကြောင်းကြားအပ်ပါသည်……………..” ဆိုပြီး တင်ခဲ့ပါတယ်။

 

READ
အမေထက်ပိုကောင်းတဲ့ အိုက်တင်နဲ့ သရုပ်ဆောင်ပြလိုက်တဲ့ စံထိပ်ထားဦး

Soure ဟန်တီ၊အေးနေ၀င်း

 

SHARE