သမီးဖြစ်သူ သတ်သေရတာ Producer တွေ ကြောင့်လို့ Hana Kimura ရဲ့ အမေပြော

Image:IG/Hana Kimura

ဂျပန် နပန်း အားကစားမယ် Hana Kimura ကို တော့  မေလ (၂၃)ရက်နေ့က သူမရဲ့ နေ အိမ် မှာ သေဆုံး နေ တာကို တွေ့ ခဲ့ရပါတယ်။သေဆုံးချိန်မှာတော့ သူမရဲ့ အသက်က (၂၂)နှစ်ပဲရှိပါ သေးတယ်။သူမက တော့ Netflix  ရဲ့ နာမည်ကြီး အစီအစဉ်ဖြစ်တဲ့ Fuji Television ရဲ့ Terrace House ဆိုတဲ့ reality show  မှာ လည်း အဖွဲ့ ၀င် အဖြစ် နဲ့ ပါဝင် ခဲ့ဖူးပါတယ်။သေဆုံးမှု နဲ့ ပတ်သက်ပြီး Hana Kimura ရဲ့ မေ မေ က တော့ သမီးဖြစ်သူ သေရတာဟာ ထုတ်လုပ်သူ Producer တွေရဲ့ လက် ချက်ေ ကြာင့်လို့ ပြောခဲ့ပါတယ်။ဒီအ ကြောင်းကိုတော့ SCMP မှာ ဖော်ပြထားပါတယ်။

 

View this post on Instagram

 

♥️

A post shared by 木村花(HANA) (@hanadayo0903) on

Kyoko Kimura အသက် (၄၃)နှစ်က တော့ အားလုံး အမှန် တရားကို သိ စေချင်တယ်ဆို ထုတ်ပြောခဲ့ကာ သူမ အ နေနဲ့ Fuji Television Network ကိုလည်း တရားစွဲ ကောင်း စွဲ ပြီး လျော် ကြေး တောင်းကောင်းတောင်းမယ်လို့ ပြော ခဲ့ပါတယ်။Fuji Television ရဲ့ Terr ace House ဆိုတဲ့ reality show က တော့  အမျိုးသား (၃)ယောက်နဲ့ အမျိုးသမီး (၃) ယောက်တို့ ကို အိမ် တစ်အိမ် ထဲမှာ ယာယီ အတူ တကွ နေထိုင် စေပြီး အဲ့ဒီ အဖြစ် အပျက် တွေကို reality TV show အ နေနဲ့ ရိုက်ပြ ထားတာပါ။ Hana Kimura က တော့ အဲ့ဒီ Show မှာ ပါဝင် လို့ ဆိုပြီး  ဝေဖ န်ပြစ်တင် မှု တွေ နဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ဇာတ်ညွှန်းနဲ့ ရိုက်တာ မျိုး မဟုတ်ပဲ တမိုးအောက်မှာ နေတဲ့ အမျိုးသား သုံး ယောက် နဲ့ အမျိုးသမီးသုံး ယောက် ရဲ့  အ ခြေအနေကို ရိုက်ပြတာပါ။မတ် (၃၁)ကပြတဲ့ အပိုင်းမှာဆိုရင် အမျိုး သားတွေ ထဲက တစ်ယောက်က Hana Kimura ရဲ့ အ၀တ်အစား ပစ္စည်းတစ်ခုကို ပျက်စီးအောင် လုပ်ခဲ့ ပြီး အ ပြစ် ပေးတဲ့ အ နေနဲ့ သူမက အဲ့ဒီ ယောက်ျားရဲ့ ခေါင်းကို ခေါက်ခဲ့ပါတယ်။

 

View this post on Instagram

 

STARDOM AWARD 2019 #STARDOM #スターダム #プロレス

A post shared by 木村花(HANA) (@hanadayo0903) on

Kimura သတ်မ သေ ခင် (၈)ရက်လောက်တုန်းက producers တွေ က အမျိုးသား တစ်ယောက်ကို ရိုက်ဖို့  တော င်းဆို ခဲ့ပါတယ်။Hana အတွက် ဒါက ဘာမှ ပြဿနာ မရှိပေမယ့် Hana ရဲ့ စိတ်ကို အသုံးချ ပြီး ထုတ်လုပ်သူ တွေ  က ကြည်ရှုနှုန်း တက်အောင် လုပ်ခဲ့တာ လို့ ပြောခဲ့ ပါတယ်။ကုမ္ပဏီက တာဝန်ရှိသူ Toru Ota က တော့  အ တူ နေ အမျိုးသား အဖော်ကို ရိုက်ဖို့ တိုက်တွန်း ခဲ့တယ်ဆိုတာ မဟုတ် ဘူးလို့ ငြင်းဆိုခဲ့ ပါတယ်။Kyoko Kimura က တော့ ထုတ်လုပ်သူတွေ နဲ့ ချုပ်တဲ့ သ ဘောတူ စာချုပ် ကို ကျွန်စာချုပ် ဆိုပြီး ခိုင်းနှိုင်းခဲ့ပါတယ်။တကယ့် Reality Show ဆိုပေမယ့် အ ကြောင်းအရာ တွေ က တကယ်မဟုတ်ပဲ လုပ်ကြံ ရိုက်တာ လို့ လည်း ပြော ခဲ့ပါတယ်။ထုတ်လုပ်သူ တွေ ဘက်က လည်း ပါဝင်သူတွေ အတွက် စိတ်ကူးယဉ် ဇာတ်ကောင် မျိုးကို သတ်မှတ် ဖန်တီး တယ် ဆိုတာကို တော့ ၀န်ခံခဲ့ပါတယ်။Kimura  က တော့ Terr ace House မှာ ပါဝင်ခဲ့တဲ့ အတွက် ဝေဖန်မှု များ စွာ နဲ့ ရင်ဆိုင် ခဲ့ရ့ါတယ်။သူမ  မဆုံးခင်တုန်းကလည်း သူမ ဟာ Fan တွေ နဲ့ ဝေဖန် သူ တွေ   ရေးတဲ့ Tweet ရာ ပေါင်း များစွာ ပစ်မှတ် ဖြစ် နေတယ် ဆိုပြီး ပြော ခဲ့ဖူး ပါတယ်။

 

View this post on Instagram

 

PEPPE

A post shared by 木村花(HANA) (@hanadayo0903) on

#SHWEMOM

SHARE