Hana Kimura ရဲ့ သေတမ်းစာကို သူမရဲ့ နေအိမ်မှာ တွေ့ရှိ

Image:IG/Hana Kimura

ဂျပန် နပန်း အားကစားမယ် Hana Kimura ကို တော့  မေလ (၂၃)ရက်နေ့က သူမရဲ့ နေ အိမ် မှာ သေဆုံး နေ တာကို တွေ့ ခဲ့ရပါတယ်။သေဆုံးချိန်မှာတော့ သူမရဲ့ အသက်က (၂၂)နှစ်ပဲရှိပါ သေးတယ်။အရင် တည်းက သတ် သေ တာ ဖြစ်နိုင်တယ်လို့ သံသယ တွေ နဲ့ ပြောစကားတွေ ထွက်ပေါ် ခဲ့တာပါ။အခုဆိုရင်တော့ သူမ သတ် မသေ ခင်မှာ နောက်ဆုံး ရေးထားခဲ့တဲ့ သေတမ်းစာ တစ်စောင်ကို သူမရဲ့ တိုကျိုက နေ အိမ်မှာ တွေ့ ခဲ့ရပါတယ်။ကွယ် လွန်တဲ့ သတင်းကိုတော့ Hana Kimura ရဲ့ Organization ဖြစ်တဲ့ Stardom Wrestling  ရဲ့  တွစ်တာ စာမျက်နှာ ပေါ်မှာ မေလ  ၂၃ ရက်နေ့က တင်ခဲ့ပါတယ်။ဒီ အကြောင်းကို တော့ Asia One မှာ ဖော်ပြထားပါတယ်။

သူမက တော့ Netflix  ရဲ့ reality show Terrace House ရဲ့ နောက်ဆုံး စီးရီးမှာ ပါဝင် ခဲ့ဖူးပါတယ်။ဒါ့အပြင် Fuji Television ရဲ့ Terrace House ဆိုတဲ့ reality show  မှာ လည်း အဖွဲ့ ၀င် အဖြစ် နဲ့ ပါဝင် ခဲ့ဖူးပါတယ်။ သူမရဲ့ နောက်ဆုံး သေတမ်းစာကိုတော့ တိုကျိုမှာရှိတဲ့ Koto Ward က သူမရဲ့ ကွန်ဒို မှာ တွေ့ခဲ့တာပါ။ ရဲတ ပ် ဖွဲ့ ကလည်း သေဆုံးမှု နဲ့ ပတ်သက်ပြီး ရလာတဲ့ အချက် အလက်တွေ အရ Hana Kimura ဟာ ကိုယ့်ကိုယ်ကို အဆုံး စီရင်တာ လို့ မှတ်ယူထားကြပါတယ်။Hana Kimura ကိုတော့ မေလ (၂၃) ရက်နေ့ မနက် (၃)နာရီ ခွဲ က သူမရဲ့ နေ အိမ်က အိပ်ယာ ပေါ်မှာ သေဆုံးနေတာ တွေ့ခဲ့တာပါ။နှလုံး ဒါမှမဟုတ် အသက်ရှု ကြပ် နေ တာ ဖြစ်ပြီး သေဆုံး ကြောင်း ဆေးရုံ ပို့ပြီးအ တည်ပြု ခဲ့တာပါ။

READ
လျှို့ဝှက်ရိုက်ကူးခံရတဲ့ ဓာတ်ပုံတစ်ပုံကြောင့် အကောင့်ပါဖျက်လိုက်ရတဲ့ မော်ဒယ်
Image:IG/Hana Kimura

နေအိမ်ကို လူနာတင်ယာဉ် ရောက်လာတဲ့ အချိန်မှာတော့ နေ အိမ် တံခါးက Lock ချ ထားပြီး အဆိပ် ဓါတ် ငွေ့ တွေ ထွက် နေတယ်ဆိုတဲ့ သတိ ပေးစာ ကိုလည်း  တံခါးမှာ ရေးထားတာ တွေ့ ခဲ့ပါတယ်။သူမရဲ့ အိပ်ယာ ဘေး မှာတော့ ဓါတုပစ္စည်း ဘူး ကိုလည်း တွေ့ ခဲ့ ပါတယ်။သူမကိုယ်သူမ ဓါတု အဆိပ်ဓါတ် ငွေ့ သင့် အောင် လုပ်ပြီး သတ် သေ ခဲ့ ပုံ ရပါတယ်။ဧည့်ခန်းမှာတော့ သေတမ်းစာ တစ်စောင်ကို တွေ့ခဲ့ပါတယ်။စာထဲမှာတော့ ”  သမီး တောင်းပန်ပါတယ် အ မေ။ သမီးကို မွေး ပေးလို့ ကျေးဇူးတင်ပါတယ်…” ဆိုပြီး ရေးထားပါတယ်။

 

View this post on Instagram

 

🏆STARDOM AWARD 2019🏆 #STARDOM #スターダム #プロレス

A post shared by 木村花(HANA) (@hanadayo0903) on

Terrace House မှာ တော့ အမျိုးသား (၃)ယောက်နဲ့ အမျိုးသမီး (၃) ယောက်တို့ ကို အိမ် တစ်အိမ် ထဲမှာ ယာယီ အတူ တကွ နေထိုင် စေပြီး အဲ့ဒီ အဖြစ် အပျက် တွေကို reality TV show အ နေနဲ့ ရိုက်ပြ ထားတာပါ။ အဲ့ဒီ Show မှာ ပါဝင် လို့ ဆိုပြီး  ဝေဖန်ပြစ်တင် မှု တွေ နဲ့ ရင်ဆိုင်ခဲ့ရပါတယ်။Kimura မဆုံးခင်တုန်းကလည်း သူမ ဟာ Fan တွေ နဲ့ ဝေဖန် သူ တွေ   ရေးတဲ့ Tweet ရာ ပေါင်း များစွာ ပစ်မှတ် ဖြစ် နေတယ် ဆိုပြီး ပြော ခဲ့ဖူး ပါတယ်။ ဒါ့အပြင်  Cyber Bullying  လုပ်ခံရတာမျိုး တွေနဲ့ လည်း ကြုံခဲ့ရပါတယ်။

 

View this post on Instagram

 

A post shared by 木村花(HANA) (@hanadayo0903) on

#SHWEMOM

READ
ဒေါ်လာ ၉၁.၁ သန်းနဲ့လေလေံအောင်သွားကာ စံချိန်တင်နိုင်ခဲ့တဲ့ စတီးယုန်ရုပ်ထုကြီး

 

SHARE