အမျိုးသမီးအနေဖြင့်မွေးဖွားလာခဲ့တဲ့ ခန့်ညားတဲ့အမျိုးသားများ

လူတစ်ယောက်အနေနဲ့ဘယ်လိုပုံစံနဲ့ပဲမွေးဖွားလာခဲ့ပေမယ့် လက်ရှိကိုယ့်ရဲ့ ရုပ်ရည်၊ဘ၀အဆင့်အတန်း၊ ပျော်ရွှင်မှု၊ ကြုံတွေ့နေရတဲ့အခက်အခဲ အခြေအနေမှန်သမျှကို အရှိအတိုင်းလက်ခံနိုင်မယ်ဆိုရင် ဘ၀ကကျေနပ် စရာကောင်း မှာသေချာပါတယ်။အခု Shwemom ရဲ့ပရိသတ်ကြီးကို ရုပ်ရည်သွင်ပြင်အားဖြင့် ခန့်ညားပြီး အောင်မြင်တဲ့ဘ၀ကို ကြိုးစားတည်ဆောက်နေကြတဲ့ သူတွေအကြောင်းကို ဖော်ပြပေးပါမယ်။ အခုလို ခန့်ညားချောမောတဲ့ ယောက်ျားပီသတဲ့ သူတွေဟာ မွေးဖွားလာတုန်းက မိန်းကလေးတစ်ယောက်အနေနဲ့မွေးဖွားခဲ့ကြတယ်ဆိုတာ ယုံနိုင်ပါ့မလား။လေ့ လာနိုင်အောင်ဖော်ပြပေးလိုက်ပါတယ်။

Balian Buschbaum (Yvonne Buschbaum)

Buschbaumweb

၁၉၈၀ခုနှစ်ဖွား ဘာလီလူမျိုး  Yvonne Buschbaum။ ဂျာမန်  တုတ်ထောက်ခုန် အားကစားသမားတစ်ဦးဖြစ် ပါတယ်။၂၀၀၇ခုနှစ်မှာ ထိခိုက်ဒဏ်ရာကြောင့်  ကစားသမားဘ၀ကို အနားယူခဲ့ပါတယ်။သူက လိင်အင်္ဂါနဲ့ပတ် သက်ပြီး ရောဂါကုထုံးတွေကို စတင်လုပ်ဆောင်ခဲ့တယ်။၂၀၀၈ခုနှစ်မှာတရားဝင်  လိင်ပြောင်းခဲ့ပြီး သူ့ရဲ့ အမည်ကို လည်း ပြောင်းလဲခေါ်ဝေါ်စေခဲ့ပါတယ်။အခုတော့ Yvonne Buschbaum ဟာ အမျိုးသားတစ်ဦးဖြစ်နေပါပြီ။

 

READ
မိန်းကလေးတစ်ယောက်ရဲ့သဘာကျနှစ်သက်မှုရအောင်ဘယ်လိုလုပ်ရမလဲ

Ian Harvie

Ian

အမေရိကန်လူမျိုး Ian Harvie ဟာ ဟာသလူရွှင်တော်တစ်ဦးဖြစ်ပါတယ်။မကြာသေးမီကမှ သူ့ရဲ့ နေထိုင်မှုပုံစံတွေကို ဆန့်ကျင်ဘက် လိင်ရဲ့ အပြုအမူမျိုး ပြောင်းလဲနေထိုင်ခဲ့ပါတယ်။ သူကနာမည်ကြီး ဟာသလူရွှင်တော်  Margaret Choအပါအ၀င်အခြား နာမည်ကျော်ကြား အနုပညာရှင်များစွာနဲ့တွဲဖက် သရုပ်ဆောင်ရသူပါ။ဒါ့အပြင်Harvie ကို  နိုင်ငံ တကာ LGBT အသိုင်းအ၀ိုင်းမှာတော့ မသိသူမရှိသလောက်ပါပဲ။

Katastrophe

katastrophe

Katastrophe   လို့လူသိများတဲ့ Rocco Kayiatos  က အမေရိကန်ဟစ်ဟော့ ရက်ပ်ပါနဲ့ ထုတ်လုပ်သူတစ်ဦးပါ။ ဟစ်ဟော့ဂီတ အသိုင်းအ၀ိုင်းမှာတော့ Kayiatos က ပွင့်လင်းတဲ့ ဂေးတစ်ယောက်အဖြစ် နာမည်ကျော်ကြားပါတယ်။

 

Thomas Beatie

a98038_thomas-beatie

Thomas Beatie ဟာကမ္ဘာရဲ့ အာရုံစိုက်မှုကို ခံရတဲ့ ပထမဆုံး ကိုယ်ဝန်ဆောင်အမျိုးသားတစ်ဦးပါ။မွေးဖွားလာစဉ်က အမျိုးသမီးတစ်ဦးအနေနဲ့မွေးဖွားလာခဲ့ပြီး အသက် ၂၀  ၀န်းကျင်အထိ မိန်းကလေးတစ်ယောက် အဖြစ် နေထိုင် ခဲ့ပါတယ်။ အဲဒီနောက်မှာတော့ ယောက်ျားဟော်မုန်းရအောင် ရောဂါကုထုံး စတင်ပြုလုပ်ခဲ့ပေမယ့် မ လိင်အင်္ဂါကို ထိန်းသိမ်းထား ခဲ့ပါ တယ်။ဒါကြောင့် Beatieနဲ့ ဇနီးဖြစ်သူတို့ဟာ  donor sperm ကိုအသုံးပြုပြီး အတူတကွ ကိုယ်ဝန်ဆောင်ခဲ့ကြပါတယ်။ Beatieအနေနဲ့ ကျားဟော်မုန်းမရရှိခင်ကတည်းက ကလေးသုံးယောက်မွေးခဲ့ပြီးဖြစ်ပါတယ်။

READ
ညစ်ညမ်းရုပ်ရှင်အကြည့်များခြင်း၏ စိုးရိမ်ရတဲ့ကျန်းမာရေးဆိုးကျိုး

 

Chaz Bono

ChazBono-For Publicity Use

Chaz Bono   ဟာ နာမည်ကြီး အမေရိကန် သရုပ်ဆောင် Sonny and Cher တို့ရဲ့ သမီးဖြစ်ပါတယ်။ Bono ဟာအသက် ၂၅နှစ်အရွယ်မှာ  သူ့ကိုယ်သူ ဂေးတစ်ယောက်အဖြစ် ပွင့်ပွင့်လင်းလင်းမခံယူခင် လိင်တူချစ်သူ (lesbian) အနေနဲ့ရှိနေခဲ့ပါတယ်။သူဟာလိင်အင်္ဂါခွဲစိတ်ပြောင်းလဲခြင်းအတွက် ဆေးကုသမှု နှစ်နှစ်ခံယူခဲ့ပြီးအခုချိန်မှာတော့ယောက်ျား တစ်ယောက်အဖြစ်ရပ်တည်နေပါပြီ။

ခြူးသစ်နွယ်@ChoChoThan(Shwemom)

source:oddee.com

SHARE