အရက်နာကျခြင်းကို ကာကွယ်ဖို့ အသုံးဝင်မယ့်နည်းလမ်းများ

လူတိုင်း ပျော်ပွဲ ရွှင်ပွဲနဲ့ ပါတီပွဲတွေကို ကြိုက်ကြပါတယ်။ပါတီပွဲဆိုတော့ သောက်ကြ၊ စားကြ၊ ကကြ၊ ခုန်ကြနဲ့ ပျော်စရာ ကောင်းမှာတော့ အသေအချာပဲ။အဲဒီလို အပျော်လွန်ပြီး  အလွန်အကျွံသောက်မိ စားမိတဲ့အခါ  ပျော်ချင်သလောက် မပျော်နိုင်တော့ဘူးပေါ့။

နောက်တစ်နေ့မနက်မှာ ညက ပျော်ခဲ့ရတာတွေနဲ့ မထိုက်တန်တဲ့ မလန်းဆန်းမှုတွေ၊ ကိုက်ခဲနာကျင် တဲ့ ဝေဒနာတွေ ကိုခံစား ရတော့တာပဲ။အရှင်းဆုံးပြောရင်တော့ အရက်နာကျတော့တာပါပဲ။အခုတခါမှာတော့ ပါတီပွဲမှာ ဘယ်လိုပျော် ရမှန်းမ သိသေးသူ တွေအတွက်၊ အပျော်လွန်ပြီး သောက်မိလို့ အရက်နာကျမှာ စိုးရိမ်နေတဲ့သူတွေအတွက် ဘယ်လို ကာကွယ်လို့ ရတယ်ဆိုတဲ့ နည်းလမ်းလေးတွေပြောပြပေးမှာဖြစ်ပါတယ်။

မသောက်ပါနဲ့

အရက်နာကျတယ်ဆိုတာ အရက်၊ ဘီယာ ပဲဖြစ်ဖြစ်၊ ၀ိုင်၊ ကော့တေး စသဖြင့် မူးယစ်စေတဲ့အရည်တစ်မျိုးမျိုးကိုသောက်မိ ရင် ဖြစ်တာဆိုတော့  အရက်နာမကျချင်ရင် လုံးဝမသောက်တာအကောင်းဆုံးပါပဲ။ဒါဟာ အရှင်းဆုံးပါ။

အရက်ကို ရေရောသောက်ပါ

ပျော်ချင်လို့ ပါတီပွဲသွားတာပါဆို  လုံးဝမသောက်နဲ့ဆိုတာကသဘာကျမယ်မထင်ပါဘူး။အဲဒီတော့ သောက်ဖြစ် မယ်ဆိုတာ သေချာပါတယ်။ဒီလိုဆိုရင် ဘယ်လောက်အရည်အသွေး ကောင်းတဲ့ အရက်အမျိုးအစားပဲဖြစ်ပါစေ သူ့ရဲ့ အာနိသင်က မူးဖို့ပဲဖြစ်လို့ သောက်မယ်ဆိုရင် ရေနဲ့ရောစပ်ပြီးမှ သောက်သင့်ပါတယ်။အရက်နာကျခြင်းက  ရေဓာတ် အလွန်အကျွံဆုံးရှုံးခြင်းကြောင့်ဖြစ်ရတာပါ။မနက်ခင်းနိုးလာလို့ အရက်နာကျတဲ့သူ တွေရေအလွန်ဆာလေ့ရှိကြပါတယ်။ ဒါကြောင့် အရက်ကိုရေနဲ့ရောစပ်သောက်သုံးခြင်းက အရက်ရဲ့ အာနိသင်ကို လျှော့ချပေးသလို သင့်ကို မကြာခဏ ဆီးသွား စေတဲ့အတွက် အရက်ထဲမှာ ပါတဲ့ အာနိသင်ဓာတ် တွေကြောင့်သင့်ခန္ဓ္ဓာကိုယ်ကိုအဆိပ်အတောက်ဖြစ်ခြင်းမှ လည်းကာကွယ်ပေးပါတယ်။

READ
ဗဟုသုတအနေနဲ့သိထားသင့်တဲ့ ကမ္ဘာ့အပြင်းဆုံး အရက်(၁၀)မျိုး

Stock Photo by Sean Locke www.digitalplanetdesign.com

အရည်အသွေးကိုအဓိကထားပါ

အရက်ကို မရှောင်နိုင်ရင် အရည်အသွေးကောင်းတဲ့ အမျိုးအစားကိုပဲသောက်သင့်ပါတယ်။အရည်အသွေးနိမ့်တဲ့ အရက်အမျိုးအစားတွေက သင့်ကျန်းမာရေးအတွက်မကောင်းနိုင်ဘူးဆိုတာ သင်သိပြီးဖြစ်မှာပါ။အရည်အသွေးမြင့် တဲ့အရက်အမျိုးအစားတွေမှာ ဆိုဒါရောစပ်မှု အနည်းဆုံးပဲပါဝင်ပါတယ်။ကယ်လိုရီဓာတ်လျှော့ချထားလို့ ဖြစ်နိုင်ရင် အရည်အသွေးမြင့်တဲ့အမျိုးအစားကိုပဲ ရွေးချယ်စေချင်ပါတယ်။နောက်တစ်ခုက အရက်ကိုအချိုရည်တို့လို တခြားအချိုရည် သို့မဟုတ် အရက်အမျိုးအစားမတူတဲ့တစ်ခုခုနဲ့ရောစပ်သောက်ခြင်းက အရသာတမျိုးခံစားရစေ တယ်ဆိုတဲ့အချက်ပါပဲ။ အဲဒီအတွက် တိကျတဲ့ သိပ္ပံနည်းကျ  လေ့လာထားမှုတော့မရှိသေးပါဘူး။လက်တွေ့စမ်း သပ်သောက်သုံးကြည့်တဲ့ လူတွေရဲ့ အတွေ့အကြုံအရ တော့ အဲဒီလို သောက်သုံးခြင်းက ကျန်းမာရေးပိုင်းမှာ  ဆိုးကျိုးလက္ခဏာတွေတွေ့ရတယ်လို့ ဆိုကြပါတယ်။

အသီးအရွက်ဖျော်ရည်သောက်ပါ

သင့်အနေနဲ့ အရက်ကို သတ်မှတ်ထားတဲ့ပမာဏထက်သောက်သုံးမိပြီဆိုရင် သင့်အသည်းထိခိုက်ပျက်စီးဖို့ ရာခိုင်နှုန်းများ နေပါပြီ။ဒါကြောင့် သင့်အနေနဲ့ အရက်မသောက်သုံးခင်  အသီးအရွက် ဖျော်ရည်တစ်ခုခုကို သောက်သုံး ထားသင့်ပါတယ်။အစိမ်းရောင်ရှိတဲ့ အသီးအရွက်က သင့်ရဲ့ လိုအပ်တဲ့အာဟာရဓာတ်အတွက် ပိုပြီးသင့်လျော်ပါတယ်။

ပရိုတင်းဓာတ်ဖြည့်တင်းပါ

အရက်နာကျတာကို ကာကွယ်ဖို့ ပရိုတင်းဓာတ်နဲ့ အဆီဓာတ်ကလည်း အကောင်းဆုံးပါပဲ။ဒီ အာဟာရဓာတ်တွေဟာ သင့်ရဲ့ သွေးလည်ပတ်နှုန်း နှေးကွေးမှုကို ချေဖျက်ပေးမှာဖြစ်ပြီး အရက်ရဲ့ အာနိသင်ကို ခန္ဓ္ဓ္ဓာကိုယ်က စုပ်ယူတဲ့ အခါ နှေးကွေးမှုကို ဖြစ်စေပါတယ်။ဒါကြောင့် အရက်မသောက်သုံးခင် ပရိုတင်းဓာတ်ပြည့်ဝတဲ့ အစားအစာကို ကြိုတင် စားသုံးသင့်ပါတယ်။

READ
သင့်ကိုတစ်ကယ်ချစ်တဲ့ ကောင်မလေးတစ်ယောက်ရဲ့ အမူအယာများ

Неаlthу-Fооds-Wе-hаvе-sаіd-thаt-еаtіng-hеаlthу-fооds-wіll-dеfіnіtеlу-hеlр-уоu-lоsе-wеіght.-Аnd-sоmеоnе-mау-аsk-whаt-соnstіtutеs-hеаlthу-fооds

အိပ်ချိန်အနည်းငယ်ပဲရှိပါစေ

သင့်အနေနဲ့ အရက်သောက်ပြီး အိပ်မနေသင့်ပါဘူး။လုံးဝ ခံနိုင်ရည်မရှိတော့ဘူးဆိုရင်တော့ အချိန်အနည်းငယ် လောက် အိပ်လိုက်ပါ။အိပ်တဲ့အခါ နှစ်နှစ်ခြိုက်ခြိုက်အိပ်ခြင်းနဲ့ ခဏတာ မှေးစက်ခြင်းဆိုပြီး ရှိပါတယ်။နှစ်နှစ်ခြိုက်ခြိုက် အိပ်စက်  ခြင်းမှာ REM(rapid eye movement)အခြေအနေကို ရောက်ရှိစေပြီး မျက်လုံးရဲ့ လုပ်ဆောင်ချက်တွေကို လျှင်လျှင်မြန်မြန် လည်ပတ်စေလို့  ဖြစ်ပျက်ခဲ့တဲ့အဖြစ်အပျက်တွေ ကို ပြန်လည်  ရွေ့လျားသက်ဝင်စေပါတယ်။ ဒါကြောင့်သင့်အနေနဲ့ ၆နာရီကနေ ၈နာရီကြား အိပ်စက်မိတဲ့အခါ စိတ်မကြည်လင်မှု၊ မကျေနပ်မှုတွေနဲ့ အိပ်ယာနိုး လာနိုင်ပါတယ်။

အသည်းကိုကာကွယ်ပါ

သင့်အနေနဲ့ အရက်ကို အလွန်အကျွံ တစ်ကြိမ်သောက်မိပြီဆိုတာနဲ့ အသည်းကို ထိခိုက်စေပါတယ်။အရက်မသောက်သုံး ခင် အသီးအရွက်ဖျော်ရည် ကိုအလွယ်တကူမရနိုင်ဘူးဆိုရင် နွားနို့  သောက်သုံးနိုင်ပါတယ်။နွားနို့က အသည်းရဲ့ လုပ်ဆောင် ချက်တွေအားကောင်းဖို့ အကူအညီပေးနိုင်ပါတယ်။

ခြူးသစ်နွယ်@ChoChoThan(Shwemom)

SHARE